ယနေ့ခေတ်ဟာ ဒီဂျစ်တယ် နည်းပညာခေတ်ပါ။ စမတ်ဖုန်းတွေ၊ Tablet တွေ၊ ကွန်ပျူတာတွေဟာ ယခင်ခေတ်ကထက် ပိုများလာပါပြီ။ အဲ့လို နည်းပညာ ပစ္စည်းတွေ များပြားလာတာနဲ့အမျှ ဒီပစ္စည်းတွေရဲ့ စကရင်ကို ကြည့်ရှုတဲ့ အချိန်ဟာလည်း အလွန်များပြား လာပါတယ်။ စကရင်တွေကို ဒီလို အကြာကြီး ကြည့်နေတာဟာ မျက်စိကို ဘယ်လိုထိခိုက်စေသလဲ? မထိခိုက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ? ဒီမေးခွန်းတွေကို Digital Trends website မှာ ဖြေကြားပေးထားတာဟာ ရှင်းလင်းတဲ့အတွက် စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက် ပါတယ်။
“Digital device တွေကို အကြာကြီး အသုံးပြုခြင်းဟာ မျက်စိကို ကွယ်စေတဲ့အထိ အမှန်တကယ် ထိခိုက်စေရဲ့ လား ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး” လို့ allaboutvision.com ရဲ့ အကြီးတန်း အယ်ဒီတာဖြစ်တဲ့ Gary Heiting က ပြောပါတယ်။ “ဒါပေမဲ့ မျက်စိညောင်းတာတွေ၊ မျက်ရိုးကိုက်တာတွေ ဖြစ်စေတယ်ဆိုတာကတော့ အထောက်အထား ရှိပါတယ်” လို့ သူကဆက်ပြောပါတယ်။
မျက်စိကွယ်စေနိုင်တာ ရှိမရှိ အခုထိ မသေချာသေးပေမယ့် Computer vision syndrome လို့ ခေါ်တဲ့ digital device တွေကြောင့် မျက်စိညောင်းတဲ့ရောဂါ လက္ခဏာစုကတော့ အမှန်တကယ် ဖြစ်ပွားကြောင်းကို သုတေသီတွေက အတည်ပြုထားပြီး ဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူဟာ ကွန်ပျူတာ ဒါမှမဟုတ် စဖတ်ဖုန်းကို သုံးပြီးရင် မျက်လုံးခြောက်သွေ့ပြီး ယားယံတာတွေ၊ အမြင်ဝေဝါးလာတာတွေ၊ မျက်လုံးညောင်းတာတွေ ဒါမှမဟုတ် ဦးခေါင်း၊ လည်ပင်းနဲ့ ကျောဘက်မှာ နာကျင်လာတာတွေ စတဲ့ရောဂါ လက္ခဏာလေးတွေကို ခံစားဖူးတယ်ဆိုရင်တော့ စာဖတ်သူမှာလည်း Computer vision syndrome ရှိနေပြီး ဖြစ်ပါတယ်။
Vision Council ကနေ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအရ အမေရိကန် နိုင်ငံသားတွေရဲ့ ၆၁ ရာခိုင်နှုန်းဟာ electronic device တွေကို အချိန်ကြာမြင့်စွာ သုံးပြီးတဲ့အခါမှာ မျက်လုံး ညောင်းတာတွေကို ခံစားရတယ်လို့ တွေ့ရှိရပါတယ်။ ဒါဟာ လူ ၃ ယောက်မှာ ၂ ယောက်က ခံစားရတာ ဖြစ်ပါတယ်။ ရေရှည်မှာ မျက်ကွယ်စေတဲ့အထိ ထိခိုက်နိုင်မှုရှိမရှိ သေချာမသိရ သေးပေမယ့် ရေတိုမှာတေ့ မျက်လုံးညေင်းတာ (Eye strain) တွေ ခံစားရမယ် ဆိုတာကတော့ သေချာပါတယ်။
Credit – Internet Journal

No comments:
Post a Comment