ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ ဗီယက်နမ် ညီအစ်ကိုနှစ်ယောက်ရဲ့ စွမ်းဆောင်ရည်က အံ့မခန်းဖွယ်ရာ ဖြစ်ပါတယ်။ Giang Quoc Nghiep နဲ့ Giang Quoc Co အမည်ရှိကြတဲ့ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်က အခြားတစ်ယောက်ကို ဦးခေါင်းပေါ်မှာ တင်ထားပြီး လှေကားထစ်တွေကို တက်ရောက်ပြခဲ့တာ ဖြစ်ပါတယ်။
တစ်ယောက်ရဲ့ဦးခေါင်းပေါ်မှာ အခြားတစ်ယောက်ကလည်း ဦးခေါင်းတင်ပြီး ဇောက်ထိုးအနေအထားဖြင့် လှေကားထစ်ပေါင်း ၉၀ ကို ၅၂ စက္ကန့်အတွင်း တက်ရောက်ပြခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာကို ဗီဒီယိုမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ဂင်းနစ်စံချိန်တင် စွမ်းဆောင်ရည်ပြသမှုကို စပိန်နိုင်ငံ ဂီရိုနာမြို့ရှိ စိန့်မေရီ ခရစ်ယာန်ဘုရားကျောင်း လှေကားထစ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဗီယက်နမ် ညီအစ်ကိုနှစ်ဦးရဲ့ အံ့မခန်းဖွယ်ရာ ဂင်းနစ်စံချိန်တင် စွမ်းဆောင်မှုမှတ်တမ်းကို ဂင်းနစ်အဖွဲ့ (Guinness World Records) က ဇန်နဝါရီ ၁၀ ရက်မှာ YouTube ဗီဒီယိုလွှင့်တင်ခဲ့ပါတယ်။ Giang Quoc Nghiep နဲ့ Giang Quoc Co ညီအစ်ကိုနှစ်ယောက်ဟာ ကျွမ်းဘားပြကွက်တွေနဲ့အတူ နာမည်ကြီးသူတွေဖြစ်ပြီး ဆုတံဆိပ်တွေလည်း ပိုင်ဆိုင်ထားကြကြောင်း သိရပါတယ်။
Source & Photo: Guinness World Records
No comments:
Post a Comment