ဆိုးရွားသော ရာသီ ဥတုကြောင့် နီပေါနိုင်ငံတွင် လေယာဉ် တစ်စီး ယနေ့ ပျက်ကျရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ လူ ၂၃ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း Reuters တွင် သတင်း ဖော်ပြသည်။
ပျက်ကျသော လေယာဉ်ငယ်မှာ ပုဂ္ဂလိက လေကြောင်းလိုင်း Tara ပိုင် တွင်အော်တာ (Twin Otter) အမျိုးအစား ဖြစ်ပြီး နိုင်ငံမြို့တော် Kathmandu မှ ၁၂၅ ကီလိုမီတွင် နှင်းများထူထပ်စွာ ကျရာမှ ရာသီဥတု ဆိုးရွားပြီး ပျက်ကျ သွားကြောင်း သတင်းတွင် ဖော်ပြသည်။
အဆိုပါ လေယာဉ်သည် Pokhara မြို့မှ Jomsom သို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။
ယခု လေယာဉ်ပျက်စီးမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် နီပေါ လေယာဉ်ပျက်ကျမှုတွင် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Credit : Arakan State

No comments:
Post a Comment