ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, March 23, 2017

ပထမဦးဆုံးကလေးဆိုတော့ မိန်းကလေးကို ပိုလိုချင်တယ် မိုးယုစံ


မိုးယုစံဟာ ခင်ပွန်းဖြစ်သူ စွမ်းသူမိုးနဲ့ မင်္ဂလာဆောင်ပြီး နောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကို နားထားခဲ့ပြီး အခုအချိန်မှာတော့ ရင်သွေးလေးကို လွယ်ထားနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ဝန်က ၃ လကျော်ထဲကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

” ကိုယ်ဝန် ၃ လကျော်ဆိုပေမယ့် ပထမဦးဆုံးကိုယ်ဝန်ဖြစ်တဲ့အတွက် ဘယ်လိုတွေဂရုတစိုက်နဲ့ နေထိုင်ရမယ်ဆိုတာမျိုးတွေ သိပ်မသိသေးဘူး။ သိပ်အများကြီး နားမလည်ပေမယ့် အနေအထိုင်အစားအသောက်ကအစ အတော်လေးကို ဂရုစိုက်နေထိုင်ရပါတယ်။ မိုးယုအမေနဲ့ ယောက္ခမတို့ကလည်း ဘယ်လိုအရာတွေကို မစားရဘူး မသောက်ရဘူး စသည်ဖြင့်ပေါ့ အကြံတွေပေးတာပေါ့။ ကိုယ်ကလည်း အရင်လိုပဲထင်ပြီး စားမိသောက်မိတာ တွေရှိတယ်။ ဒါပေမဲ့ အခုအတော်လေးကို အသိထားပြီးတော့ သီးနှံတွေစားဖြစ်လာတယ်” လို့ မိုးယုစံက ပြောပြပေးပါတယ်။

ကိုယ်ဝန်စတင်လွယ်လာရကတည်းက အရင်တုန်းကနဲ့မတူတော့ပဲ ဘုရား၊တရားပိုင်းကို ပိုမိုအာရုံစိုက်ပြီး ပြုလုပ်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ကိုယ်ဝန်အတွက် စစ်ဆေးမှုတွေကို ပြုလုပ်ဖြစ်ပေမယ့်လည်း ဘယ်ဆေးရုံမှာ မွေးဖြစ်မလဲ၊ ဘယ်ဆရာဝန်နဲ့ မွေးဖြစ်မလဲဆိုတာကိုတော့ အခုအချိန်မှာ အတိအကျ မသိနိုင်သေးပါဘူးလို့ ဆိုပါတယ်။

” ကိုယ်ဝန်က သားလေးလား၊ သမီးလေးလားဆိုတာကိုတော့ မသိရသေးဘူး။ စစ်လို့ရမှာက ၂ဝ ပတ်ပြည့်မှပါ။ အခုကတော့ မိုးယုက ၁၆ ပတ်ပဲ ရှိသေးတယ်။ အဲဒီတော့ နောက်လာမယ့် တစ်လကျော်ပြီးရင်တော့ သားသား လေးလား၊ မီးမီးလေးလား ဆိုတာကို စစ်လို့ရပြီပေါ့။ ကိုယ်တွေကတော့ ဘာ လေးပဲရရပေါ့။ ဒါပေမဲ့ ပထမဦးဆုံး ကလေး ဆိုတော့ မိန်းကလေးကို ပိုလိုချင် တယ်။(ရယ်လျက်) အမှန်အတိုင်းပြောရရင် မိန်းကလေးနဲ့ ယောကျာ်းလေးဆိုရင် မိန်းကလေးက ပိုပြီးတော့ မိခင်အတွက် အားကိုးရမယ်လို့ ထင်တယ်။ သမီးလေးဆိုတော့အလှအပလေးတွေလည်းဆင်ပေးလို့ရတယ်လေ(ရယ် လျက်)” လို့ ပြောပြပေးပါတယ်။

Credit : Popular


No comments:

Post a Comment