ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, March 08, 2017

အင်ဒိုတိရစ္ဆာန်ရုံမှ အရိုးပေါ်အရေတင် ဝက်ဝံတွေမြင်ကွင်းကြောင့် ဒေါသထွက်နေကြ

ဝက်ဝံတွေကို ထားရှိတဲ့ခြံဝင်းမှာ ညစ်ပတ်နေပြီး လာရောက်ကြည့်ရှုသူတွေကိုလည်း ကြိုက်ရာ ကျွေးနိုင်နေကြောင်း Scorpion စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိရိစ္ဆာန်ရုံတစ်ခုကို ပိတ်ပင်ရန်အတွက် ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်) က တောင်းဆိုခဲ့ကြပါတယ်။ ဘန်ဒေါင်း (Bandung) မြို့ရှိ တိရစ္ဆာန်ရုံအတွင်း အရိုးပေါ်အရေတင် ပိန်ချုံးနေတဲ့ ဝက်ဝံပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါ တိရစ္ဆာန်ရုံကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

တိရစ္ဆာန်ရုံမှ ဝက်ဝံတစ်ကောင်က လာရောက်ကြည့်ရှုသူတွေကို လက်ပြပြီး အစာတောင်းနေတဲ့ပုံမှာ အဆိုပါဝက်ဝံဟာ အလွန်ပိန်ချုံးနေမှုကြောင့် နံရိုးများအပြိုင်းသား မြင်တွေ့ခဲ့ကြရပါတယ်။ ဗီဒီယိုတစ်ခုမှာ ဝက်ဝံတစ်ကောင်က ခြံဝင်းအတွင်း မစင်စွန့်ခဲ့ပြီးနောက် ၎င်းရဲ့မစင်ကို ကိုယ်တိုင်ပြန်စားနေတာလည်း တွေ့ခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရှိ တိရစ္ဆာန်ရုံ အများအပြားဟာ ပြုစုစောင့်ရှောက်မှု နည်းပါးညံ့ဖျင်းပြီး တိရစ္ဆာန်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ 

ဘန်ဒေါင်းတိရစ္ဆာန်ရုံမျာ ယမန်နှစ်အတွင်းကလည်း ဆူမတြားဆင်တစ်ကောင် သေဆုံးခဲ့မှုကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ယခုထွက်ပေါ်လာတဲ့ ဝက်ဝံတွေရဲ့မြင်ကွင်း ဗီဒီယိုကို Scorpion Wildlife Trade Monitoring Group တောင်ရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု စောင့်ကြည့်အဖွဲ့က ယမန်နှစ်အတွင်း ရိုက်ကူးခဲ့တာဖြစ်ပြီး ၎င်းအဖွဲ့က ဘန်ဒေါင်းတိရစ္ဆာန်ရုံကို ပိတ်ပစ်ရန် တောင်းဆိုထားပါတယ်။ 

"ဝက်ဝံတွေဟာ အလွန့် အလွန်ကို ဆာလောင်နေလို့ သူတို့မစင်ကို သူတို့ပြန်စားနေကြတာ" လို့ အဆိုပါ စောင့်ကြည့်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဂန်နောင်းဂီယာက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဝက်ဝံတွေကို ထားရှိတဲ့ခြံဝင်းမှာ ညစ်ပတ်နေပြီး လာရောက်ကြည့်ရှုသူတွေကိုလည်း ဝက်ဝံတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ အစားအစာတွေ အပါအဝင် ကြိုက်ရာ ကျွေးနိုင်နေကြောင်း Scorpion စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။

Scorpion အဖွဲ့က ဘန်ဒေါင်းတိရစ္ဆာန်ရုံကို ၂၀၁၆ ခုနှစ်အတွင်း သွားရောက်စုံစမ်းလေ့လာခဲ့ပြီးနောက် သတိပေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့က ယခုလအတွင်း နောက်ထပ် ထပ်မံသွားရောက်ခဲ့ရာမှာလည်း ဝက်ဝံခြံတွေဟာ ညစ်ပတ်နေဆဲဖြစ်ပြီး ဝက်ဝံတွေဟာ ဆာလောင်ငတ်မွတ်နေတဲ့ အခြေအနေဖြစ်ကြောင်း ပြောပါတယ်။

Scorpion အဖွဲ့က ဘန်ဒေါင်းတိရစ္ဆာန်ရုံ ပိတ်ပစ်ရန် အွန်လိုင်းမှာ လက်မှတ် ၃,၀၀၀ ကျော် စုစည်းကောက်ခံခဲ့ပြီး ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ တိရစ္ဆာန်ရုံရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆူဒါယိုကတော့ ဝက်ဝံတွေကို ကောင်းမွန်စွာ မထားရှိကြောင်းနဲ့ အာဟာရပြည့်ဝစွာ မကျွေးကြောင်း ပြောဆိုမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

"သူတို့ကို တစ်နေ့နှစ်ကြိမ် အစာကျွေးပါတယ်၊ တိရစ္ဆာန်ရုံ စီမံခန့်ခွဲတဲ့အဖွဲ့က တာဝန်ကျေပါတယ်" လို့ ၎င်းက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ရှိ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး တိရစ္ဆာန်ရုံမှာလည်း လတ်တလောနှစ်များအတွင်း ရာနဲ့ချီတဲ့ တိရစ္ဆာန်တွေ ငတ်ပြတ်သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှား တိရစ္ဆာန်ရုံမှာ ထားရှိပြသတဲ့ ဝက်ဝက်မျိုးနွယ်မှာ အရှေ့တောင်အာရှ အပူပိုင်းသစ်တောနဲ့ ရွှံ့ညွန်တောတွေမှာ နေထိုင်ကျက်စားလေ့ရှိကြတဲ့ 'sun bear' ခေါ် ဝက်ဝံများ ဖြစ်ပါတယ်။ ဘန်ဒေါင်းမြို့ (Bandung) ဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၂.၅ သန်းကျော် ရှိပါတယ်။
Source & Photo: AFP
Credit: Duwun


No comments:

Post a Comment