ဒါဟာ သည်ဆေးရုံက ဆရာဝန်တွေအတွက် လူ့ဦးခေါင်းထဲက အရွယ်အစားကြီးမားတဲ့ အင်းဆက်ကို ပထမဆုံး ဖယ်ရှားတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်း ပြည်နယ်က ဆရာဝန်တွေဟာ လူ နာတစ်ဦးရဲ့ ဦးခေါင်းခွံထဲကနေ ပိုးဟပ်အရှင်တစ်ကောင်ကို ခက်ခက် ခဲခဲ ခွဲစိတ်ဖယ်ထုတ်ပေးခဲ့ရပါ တယ်။
အသက် ၄၂နှစ်အရွယ် အမျိုး သမီးဟာ သူ့ရဲ့နှာခေါင်းနဲ့ မျက်လုံး တွေ အနားတစ်ဝိုက်မှာထူးဆန်း တဲ့ ခံစားမှုတစ်ခုရနေတဲ့အတွက် ဗုဒ္ဓဟူးနေ့က ဆေးရုံတက်ခဲ့ပါ တယ်။
သူသည်လိုမျိုး မခံစားရခင်မှာ အင်းဆက်ပိုးမွှားတစ်ကောင် သူ့ နှာခေါင်းပေါက်ထဲဝင်သွားခဲ့ဖူး တယ်လို့ ပြန်ပြောပြပါတယ်။ နှာခေါင်းဟာ ဦးခေါင်းနဲ့ လမ်းကြောင်း ဆက်နေပါတယ်။
ပိုးဟပ်နှာခေါင်းထဲက ထွက်သွားအောင် နှာခေါင်းကို မှုတ်ထုတ် ခဲ့ပေမဲ့ ပိုးဟပ်က ထွက်မလာဘဲ နှာခေါင်းအထက် ပိုင်းကို တိုးဝင်သွားခဲ့ပါတယ်။
နှာခေါင်းကို မှန်ပြောင်းနဲ့ ကြည့်တဲ့အခါမှာတော့ ပိုးဟပ်ကို တွေ့ရပြီး သူ့ဦးခေါင်းခွံနဲ့ မျက်လုံးတွေကြားမှာ ၁၂နာရီကြာ ရှိနေခဲ့ပါတယ်။
‘နှစ်ပေါင်း ၃၀ အတွင်း ပထမ ဆုံးမြင်ဖူးတဲ့ အဖြစ်အပျက်ပဲ”လို့ ဆတန်လေ ဆေးကောလိပ်ဆေးရုံက ဒေါက်တာရှန်ကာက ပြောပါတယ်။
ဆရာဝန်တွေနဲ့ မပြခင်မှာ သူဟာ ပူလောင်တဲ့ခံစားမှုနဲ့ မခံမရပ် နိုင်အောင် နာကျင်မှုတွေ ရှိခဲ့တယ် လို့လည်း အမျိုးသမီးက ရှင်းပြပါတယ်။
‘ပိုးဟပ်က အသက်ရှင်နေ သေးတယ်၊ ပိုးဟပ်ကို ဆွဲထုတ်ဖို့ စုပ်ခွက်တွေရော၊ ညှပ်တွေကိုပါ အသုံးပြုခဲ့ရတယ်”လို့ ရှန်ကာက ပြောပြပါတယ်။
၄၅မိနစ်ကြာပြီးနောက်မှာ ဦးခေါင်းခွံထဲကနေ ပိုးဟပ်ကို အရှင်အတိုင်း ဆွဲထုတ်နိုင်ခဲ့ပါတယ်။
မအေးသီမွန်

No comments:
Post a Comment