အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း မန်ချက်စတာမြို့နယ်မှာ အသက် ၄၃ နှစ်ရှိသူ အန်ဒရူးရီဒီ ဆိုသူဟာ ရည်းစားဖြစ်သူ ဗစ်တိုးရီးယား ချယ်ရီရဲ့ အလောင်းကို တစ်နှစ်ကျော်ကြာ သိမ်းဆည်းဖွက်ထားခဲ့ပါတယ်။ ဗစ်တိုးရီးယား ချယ်ရီ ဟာ နေအိမ်မှ ပျောက်ဆုံးနေတာ တစ်နှစ်ကျော်ကြာမြင့်နေပြီး ဗစ်တိုးရီးယား ပျောက်ဆုံးစဉ်က ရဲတွေဟာ ရူဒီကို သူရဲ့ ရည်းစား ဖြစ်သူ ဘယ်ရောက်သွားလဲဆိုတာကို လာရောက်မေးမြန်းခဲ့ပေမဲ့ ရူဒီဟာ အမှန်ကို မဖြေကြားခဲ့ပါဘူး။ဗစ်တိုးရီးယား ဟာ သူရဲ့ အိမ်မှာ ၂၀၁၅ ခုနှစ်အောက်တိုဘာလ ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး သူမရဲ့ မိသားစုဟာ မန်ချက်စတာ ရဲတပ်ဖွဲ့ ထံမှာ လူပျောက်တိုင်စာဖွင့်ခဲ့ပေမဲ့ ယခုမှသာ သမီးဖြစ်သူရဲ့ ကြေကွဲဖွယ်သတင်းကို သိခဲ့ရတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့တွေဟာ ရူဒီရဲ့ အိမ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေမှာ စီးနင်းခဲ့တာ ဖြစ်ပြီး သေဆုံးရခြင်းအကြောင်းအရင်းကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ တရားရုံးက ဆိုပါတယ်။တရားခံ ရူဒီရဲ့ ရှေ့နေဖြစ်သူကတော့ ဒီမှုဟာ ဖြစ်နေကျပုံစံမဟုတ်ဘဲ ထူးဆန်းတဲ့အမှု တစ်ခု ဖြစ်သလို့ ခက်ခဲတဲ့ အမှု တစ်ခုလည်း ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ရဲတွေဟာ အလောင်းကို စစ်ဆေးနေပြီး အဆိပ်သင့်ခြင်း လက္ခဏာကိုလည်း ဆက်လက်လေ့လာရှာဖွေနေပါတယ်။တရားသူကြီးဖြစ်သူကတော့ ” ဘီရိုထဲမှာ ဒီအလောင်းကို အချိန်အကြာကြီး ဖွက်ထားခဲ့တာကြောင့် ရောဂါဗေဒ စူးစမ်းလေ့လာသူတွေ အတွက် ပိုမိုခက်ခဲ နေတယ် ” လို့ပြောဆိုခဲ့ပါတယ်။
တရားခံဖြစ်သူ ရီဒီကို စိတ်ကျန်းမာရေးအခြေအနေ စစ်ဆေးထားပြီး တရားရုံးက အမိန့် ချမှတ်ချက်ကို စောင့်ဆိုင်းနေတယ် လို့ သိရပါတယ်။တရားခံကတော့ ဘာမှမပြောဘဲ အပြစ်ရှိတယ်လို့ပြောခဲ့ပြီး ပြစ်ဒဏ်ချမှတ်ပါရန်သာ ပြောဆိုခဲ့ပါတယ်။ရူဒီဟာ တရားဥပဒေကို ဆန့်ကျင်ခဲ့ကြောင်းပြောဆိုခဲ့ပြီး ဗစ်တိုးရီးယား ချယ်ရီ ရဲ့ အလောင်းကို အောက်တိုဘာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ဇန်န၀ါရီအထိ ဖွက်ထားခဲ့တာဖြစ်ပြီး သေဆုံးခြင်း အကြောင်းအရင်းကို ပြောဆိုရန် ငြင်းဆန်ခဲ့တယ် လို့ သိရပါတယ်။တရားခံဟာ ရဲတွေနဲ့ ဗစ်တိုးရီးယားမိသားစုကို သတင်းအမှားတွေ ပေးခဲ့ပြီး အပြစ်ရှိကြောင်းဝန်ခံခဲ့ပါသေးတယ်။
ရီဒီကို စိတ်ကျန်းမာရေး ဆေးရုံမှာ ထိန်းသိမ်းထားဖို့အမိန့်ချမှတ်ဖွယ်ရှိနေပြီး လောလောဆယ်တရားစီရင်ချက် မချမှတ်သေးခင် အချုပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။အိမ်နီးချင်းတွေကတော့ ဒီလောက်ကြာတဲ့ အချိန်အထိ ဗစ်တိုးရီးယားရဲ့ အလောင်းကို ၀ှက်ထားခဲ့တယ်ဆိုတာကို မယုံနိုင်လောက်အောင် ဖြစ်နေကြပါတယ်။ရီဒီရဲ့ သူငယ်ချင်းဖြစ်သူကတော့ ” ရီဒီဟာ ဗစ်တိုးရီးယား က သူ့ကို ထားခဲ့ပြီး နောက်တစ်ယောက်နဲ့ ထပ်တွဲသွားတယ် လို့ပဲပြောပါတယ်။ ကျွန်တော်လည်း နောက်ထပ်ဘာမှ ဆက်မမေး မိတော့ဘူး။ကျွန်တော် ဗစ်တိုးရီးယားအလောင်းဝှက်ထားတဲ့ ဗီရိုနားက အိပ်ယာနားမှ ခဏခဏ ၀င်အိပ်ဖူးပါတယ်။အခုလိုသိရတော့ ကျွန်တော် ထိတ်လန့်သွားပြီး ဗစ်တိုးရီးယားအတွက် ၀မ်းနည်းပါတယ် ” လို့ဆိုခဲ့ပါတယ်။
ရီဒီရဲ့ အိမ်နီးချင်းဖြစ်သူ ကာဝင်ကတော့ ” ဗစ်တိုးရီးယား လေးက သဘောတော်တော်ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ ရီဒီအိမ်ကနေ အနံ့ တစ်မျိုးကို ရနေတာ တော်တော်ကြာပြီ။ ရီဒီ ကို အနံ့ အကြောင်းသွားမေးတော့လည်း အရင်က လူတွေ ကြောင့် ဒီအနံ့ စွဲကျန်နေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။နောက်ပိုင်းမှာတော့ ရီဒီဟာ Air freshener တွေ သုံးနေတော့ ကျွန်တော်တို့ လည်း အနံ့ သိပ်မရတော့ ပါဘူး ” လို့ဆိုခဲ့ပါတယ်။
Lumos (Shwemom)
Ref : The Sun

No comments:
Post a Comment