ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, March 05, 2017

လိင်အကြမ်းဖက်မှု ခံရသည့်မိန်းကလေး ဆွဲကြိုချသေဆုံးမှုကို ဖေ့စ်ဘွတ်တွင် Live ထုတ်လွှင့်ခဲ့

ကိုယ်ကိုကိုယ်သတ်သေတာကို ဖေ့စ်ဘွတ်မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ 

၁၂ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဟာ ဆွေမျိုးမိသားစုဝင်တစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ ကိုယ်ကိုကိုယ်သတ်သေမှုကိုလည်း သူမက ဖေ့စ်ဘွတ်မှာ တိုက်ရိုက်လွှင့်သွားခဲ့တယ်လို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ အဆိုပါမိန်းကလေးငယ်ရဲ့ နောက်ဆုံးဖြစ်ရပ်ဆိုးကို လူမှုကွန်ယက်အသုံးပြုသူတွေဟာ ဖေ့စ်ဘွတ်ကတဆင့် မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ ကိတ်လင်းလို့ အမည်ရတဲ့ အဆိုပါကျောင်းသူဟာ အိမ်ရှေ့မှာပဲ ဆွဲကြိုးချကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာဖြစ်ပြီး လူနာတင်ကား အမြန်ရောက်လာကာ ဆေးရုံပို့ဆောင်ခဲ့ပေမယ့် အသက်မမီတော့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ live ဗီဒီယိုကို လူမှုကွန်ယက်မှာ အကြိမ်ရေများစွာ ပြန်လည်ဝေမျှမှုတွေလုပ်နေကြပြီး အဲဒီအတွက်လည်း အာဏာပိုင်တွေဘက်က ဘာမှမတက်နိုင်သေးဘူးလို့ ပြောပါတယ်။ 

ကိတ်လင်းဟာ သူမရဲ့လူမှုကွန်ယက်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း ဖော်ပြခဲ့တဲ့အတွက် ဒီဖြစ်ရပ်ကို သဲလွန်စရခဲ့ကြာဖြစ်ပါတယ်။ ကိတ်လင်းနေထိုင်ရာ ဒေသက ပေါ့လ်ကောင်တီရဲစခန်းကို ကမ္ဘာတစ်လွှားက ဖုန်းတွေဆက်တိုက်ဆက်ကြပြီး ဒီဗီဒီယိုဖိုင်ဝေမျှနေတာတွေကို တားဆီးဖို့ တောင်းဆိုထားကြတယ်လို့သိရပါတယ်။ အခုတော့ ရဲတပ်ဖွဲ့က သူမသေဆုံးမှုကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။ 

ဖေ့စ်ဘွတ်အသုံးပြုသူတွေ အားလုံးကို Live ဗီဒီယိုထုတ်လွှင့်ခွင့် ပေးထားပြီးနောက်ပိုင်း အခုလိုဖြစ်ရပ်ဆိုးတွေကို မကြာခဏ live အဖြစ် ထုတ်လွှင့်လာကြတာတွေ့ရပါတယ်။

Source : Mirror 
Creidt: Duwun


No comments:

Post a Comment