Ref:elitedaily
Unicode
မွေးကင်းစ ကလေးငယ်တွေဟာ မိဘတွေနဲ့ ဆက်သွယ်တဲ့အခါမှာ အော်ဟစ်ခြင်း နဲ့ ငိုယိုခြင်းကလွဲပြီး တခြား ရွေးချယ်စရာမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း Oxford တက္ကသိုလ်က သုတေသီတွေရဲ့ ကျေးဇူးကြောင့် မွေးကင်းစ ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသား သူတွေလိုပဲ နာကျင်မှုကို ခံစားနိုင်တယ် ဆိုတာကို သိခဲ့ရပါတယ်။ သုတေသီတွေဟာ အသက် ၆ ရက်သာရှိသေးတဲ့ မွေးကင်းစ ကလေးငယ် ၁၀ ယောက်နဲ့ အသက် ၂၃ နှစ်ကနေ အသက် ၃၆ နှစ်ကြားရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၀ ယောက်ကို အသုံးပြုပြီးတဲ့နောက် အိပ်ပျော်နေတဲ့ မွေးကင်းစကလေးငယ်တွေကို တုတ်ချောင်းတစ်ချောင်းနဲ့ တို့ထိပြီး MRI Scan ပြုလုပ်ကြည့်ခဲ့ပါတယ်။ ကလေးငယ်တွေရဲ့ ခြေဖျားတွေကို ထိလိုက်တဲ့အခါမှာတော့ အိပ်ပျော်နေတဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်အတွင်းက နေရာ ၂၀ မှာ ၁၈ ခုလောက်က လှုပ်ရှားနေတာကို Scanner မှာ တွေ့ရပါတယ်။ ဒါဟာ အရွယ်ရောက်ပြီး သူတွေရဲ့ အခြေအနေနဲ့ တူညီနေပါတယ်။ လူအများစုရဲ့ ယုံကြည်ထားမှုအရတော့ မွေးကင်းစ ကလေးငယ်တွေဟာ ဦးနှောက်ဖွံဖြိုးမ ှုမရှိတဲ့အတွက် နာကျင်မှုကို တစ်ကယ် မခံစားရသလို တုံ့ပြန်နိုင်မှု မရှိပဲ တန်ပြန်သက်ရောက်မှုသာ ဖြစ်ပေါ်တတ်တယ် ဆိုတဲ့ ထင်မြင် ယူဆချက်တွေကို Oxford တက္ကသိုလ်က Dr.Rebeccah Slater က ဦးဆောင်ပြီး ငြင်းဆိုပြ နိုင်ခဲ့ပါတယ်။ Ref:elitedaily

No comments:
Post a Comment