ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, April 24, 2017

ပါးရိုက်တာမဟုတ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ပြောကြား



ကျမပေါ့နော် 


ထို့အပြင်NLDပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်း ကလည်း" တနင်္သာရီတိုင်း လွှတ်တော်အမတ်ဖြစ်သူ ဦးရဲမြင့်ဆွေကပြည်သူတယောက်အား ပါးရိုက်တယ် ဆိုတဲ့သတင်းဟာမဟုတ်မှန်ကြောင်း တုန့်ပြန်ပြောဆိုထားပါသည် ။

---------------------------------------------------------------
Win Mg ( ခင်မောင်ဝင်း )

#Copy_Credit
#it_fake :P


ပါးရိုက်တာ မဟုတ်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်
ဒေါ်လဲ့လဲ့မော်ပြော
============================================
ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်ပြောတာက

ကျမပေါ့နော် 
ဒီသတင်းကြားကြားချင်း ဖုန်းဆက်ပြီးမေးပါတယ်
ဘယ်လိုဖြစ်တာလဲပေါ့ သူပြောတာ အင် သူဆိုတာက
 ဒေသခံ ပြည်သူတယောက်ကို ပါးရိုက်တယ် ဆိုပြီး
စွပ်စွဲခံထားရတဲ့ လွှတ်တော်အမတ် ဦးရဲမြင့်ဆွေပေါ့နော်
သူက အမှန်တကယ် ပါးရိုက်တာ မဟုတ်ပါဘူး လို့ ပြောတယ်ပေါ့နော်ဖြစ်ကြတာက အလကကျောင်းခွဲ တည်ဆောက်နေတဲ့ နေရာမှာအဲဒီမှာ ရွာခံဆိုသူ တယောက်ကပေါ့နော် (နာမည်တော့မသိဘူး)
သူက သူနဲ့ဘာမှမဆိုင်ပဲ ကျောင်းဆောက်လုပ်နေတဲ့
ကုမ္ပဏီက တာဝန်ရှိသူအကြီးအကဲကို ဆူညံဆူညံနဲ့ အော်ဟစ်ဆဲဆိုနေတယ်ပေါ့နော် ??
အဲဒါကို အမတ်ဦးရဲမြင့်ဆွေက သူ့အနားကိုသွားပြီး
" ညီလေး တော်ပြီ ဒီကိစ္စညီလေးနဲ့မဆိုင်ဘူး အပြင်ထွက် ဆိုပြီး"အဲဒီရွာခံဆိုသူရဲ့ ပက်ခုံးကိုဖက်ကာ အပြင်ထွက်ခိုင်းမလို့လုပ်တာကို အဲဒီရွာခံက လက်မခံပဲ ဘယ်လက်နဲ့ ကာလိုက်တာပေါ့နော် ? ရိုက်တာမဟုတ်ပါဘူး ။
ဗွီဒီယိုက နောက်ကနေဖုန်းနဲ့လှမ်းရိုက်ထားတာဆိုတော့
အများအမြင်မှာ ပါးကိုလှမ်းရိုက်သလို ထင်ယောင်ထင်မှားမြင်နေကြတာပေါ့နော် ??

အမှန်က ပါးရိုက်တာ မဟုတ်ပါဘူး  
ကျမသေချာ စုံစမ်း မေးမြန်းထားပြီးပါပြီ လို့ 
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် မှ
ပြောကြားကြောင်း သတင်းရရှိပါသည် ။

ထို့အပြင်NLDပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်း ကလည်း" တနင်္သာရီတိုင်း လွှတ်တော်အမတ်ဖြစ်သူ ဦးရဲမြင့်ဆွေကပြည်သူတယောက်အား ပါးရိုက်တယ် ဆိုတဲ့သတင်းဟာမဟုတ်မှန်ကြောင်း တုန့်ပြန်ပြောဆိုထားပါသည် ။

---------------------------------------------------------------
Win Mg ( ခင်မောင်ဝင်း )

#Copy_Credit
#it_fake :P

No comments:

Post a Comment