လူသားေတြ ဆားအရင္းအျမစ္ရိွရာ အနီးတစ္ဝုိက္ သို႔မဟုတ္ ဆားေရာင္းဝယ္ေဖာက္ကားႏုိင္တဲ့ေနရာမွာ အျမဲတမ္းအေျခခ်ေနထုိင္ၾကေၾကာင္း သမုိင္းက သက္ေသအေထာက္အထားျပပါတယ္။ အသက္ရွင္သန္ရပ္တည္ႏုိင္ဖို႔အတြက္ မရိွမျဖစ္ အေရးၾကီးဆုံးတစ္ခုအျဖစ္ လက္ခံထားတဲ့ ဆားဟာ ေန႔စဥ္အိမ္မႈေဝယ်ာဝစၥမ်ားအတြက္ အံ့အားသင့္စရာေတြ ေဆာင္ရြက္ေပးႏုိင္ပါတယ္။
၁။ အေရျပားဆဲလ္ေသေတြ ဖယ္ရွားဖို႔
ေရခ်ဳိးျပီးေနာက္ ေျခေထာက္၊ တံေတာင္ဆစ္ သုိ႔မဟုတ္ ဒူးဆစ္လုိ ေျခာက္ေသြ႔တဲ့ေနရာက အေရျပားဆဲလ္ေသေတြကို ဆားနဲ႔ ခြာထုတ္ပါ။
၂။ ေရနံဆီမီးျငိမ္းသတ္ဖုိ႔
ေရနံဆီသုံးျပီး ထြန္းတဲ့မီးေတြ ျငိမ္းသတ္ဖုိ႔အတြက္ အေပၚကေန ဆားေလာင္းခ်ပါ။
၃။ မ်က္လုံးဖူးေရာင္ျခင္း
ဆားက ေယာင္သလိုျဖစ္ေနတဲ့ မ်က္လုံးေတြကို အေေယာင္ေလ်ာ့သက္သာေစပါတယ္။ ဆား လက္ဖက္ရည္ဇြန္း ၁/၂ဇြန္းနဲ႔ ေရာထားတဲ့ ေရေႏြးေႏြးေလး (၁)ခြက္ထဲ အဝတ္စေလး နစ္၍ လုပ္ေပးရပါမယ္။
၄။ ၾကက္ဥ ပုတ္၊ မပုတ္စမ္းသပ္ျခင္း
ဆားက ၾကက္ဥ ပုတ္၊ မပုတ္စမ္းသပ္ဖုိ႔ အျမန္ဆုံးနည္းလမ္းျဖစ္ပါတယ္။ ေရခြက္ထဲ ၾကက္ဥတစ္လုုံးထည့္ျပီး ဆားလက္ဖက္ရည္ဇြန္း (၂)ဇြန္း ေပါင္းထည့္ေပးရပါမယ္။ လတ္ဆတ္တဲ့ၾကက္ဥက တိမ္ဝင္သြားျပီ ပုတ္တဲ့ၾကက္ဥက ေရထဲမွာ ေပါေလာေပၚေနပါလိမ့္မယ္။
၅။ ေငြထည္ပစၥည္းအေၾကးအညိွတက္မႈ ဖယ္ရွားျခင္း
ေငြထည္ပစၥည္းေတြကို ဆားနဲ႔ထိန္းသိမ္းပါ။ သင္လုပ္ရမွာက ဆားနဲ႔အဝတ္စုတ္ေလးတစ္ခုနဲ႔ ျပန္လည္ေတာက္ပေအာင္ တိုက္ခြ်တ္ေပးရုံသာ ျဖစ္ပါတယ္။
၆။ မီးပူ(iron) စြန္းထင္းမႈ ဖယ္ရွားျခင္း
အဝတ္အစားအရည္ေပ်ာ္မႈေၾကာင့္ ျဖစ္ေပၚတဲ့ မီးဖိုေအာက္ေျချပား စြန္းထင္းမႈက အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။ စာရြက္အညိဳ တစ္ရြက္ေပၚ ဆားျဖဴးျပီး မီးဖုိထုိးေပးရပါမယ္။ မီးဖုိေအးသြားရင္ အဝတ္ေလးနဲ႔ သုတ္ေပးပါ။
၇။ သစ္သီးေတြထိန္းသိမ္းျခင္း
အာလူး၊ ပန္းသီးတုိ႔ကို အခ်က္လိုက္လွီးျပီးေနာက္ အညိဳေရာင္ေျပာင္းမသြားေအာင္ ထိန္းထားဖုိ႔ လူသိမ်ားဆုံးနည္းလမ္းေတြထဲက တစ္ခုက ဆားခတ္ထားတဲ့ ေရေအးထဲ ထားျခင္းပဲ ျဖစ္ပါတယ္။
၈။ ေရခဲေသတၱာ အပုပ္နံ႔ကင္းေစဖုိ႔
ေရခဲေသတၱာ သန္႔ရွင္းေရးလုပ္မယ္ဆုိပါက ဆားနဲ႔ ေဆာ္ဒါအေရာအေႏွာျဖင့္ မိမိေရခဲေသတၱာအတြင္းပုိင္းကို ပြတ္တုိက္ေပးပါ။ အစြန္းအထင္း၊ ဆီနံ႔နဲ႔ အနံ႔အသက္ဆုိးေတြ ဖယ္ရွားေပးပါလိမ့္မယ္။
၉။ လူလုပ္ပန္းေတြ သန္႔ရွင္းေပးဖုိ႔
လူလုပ္ပန္း အတုေတြကို ဆားထည့္ထားတဲ့ အိတ္တစ္လုံးထဲ ထည့္ျပီး အိတ္ကို လႈပ္ခါေပးရပါမယ္။
၁၀။ ပ်ားတုပ္မႈေဝဒနာ သက္သာေစရန္
ဒါက ပ်ားတုပ္ေဝဒနာ သက္သာေပ်ာက္ကင္းေစတဲ့ ယခင္နည္းေဟာင္းတစ္ခုျဖစ္ပါတယ္။ ပ်ားတုပ္ခံရတဲ့ေနရာကို ေရစြတ္ျပီး ဆားနဲ႔အုပ္ေပးရပါမယ္။
Ref: TOI
Unicode
လူသားတွေ ဆားအရင်းအမြစ်ရှိရာ အနီးတစ်ဝိုက် သို့မဟုတ် ဆားရောင်းဝယ်ဖောက်ကားနိုင်တဲ့နေရာမှာ အမြဲတမ်းအခြေချနေထိုင်ကြကြောင်း သမိုင်းက သက်သေအထောက်အထားပြပါတယ်။ အသက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် မရှိမဖြစ် အရေးကြီးဆုံးတစ်ခုအဖြစ် လက်ခံထားတဲ့ ဆားဟာ နေ့စဉ်အိမ်မှုဝေယျာဝစ္စများအတွက် အံ့အားသင့်စရာတွေ ဆောင်ရွက်ပေးနိုင်ပါတယ်။
၁။ အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့
ရေချိုးပြီးနောက် ခြေထောက်၊ တံတောင်ဆစ် သို့မဟုတ် ဒူးဆစ်လို ခြောက်သွေ့တဲ့နေရာက အရေပြားဆဲလ်သေတွေကို ဆားနဲ့ ခွာထုတ်ပါ။
၂။ ရေနံဆီမီးငြိမ်းသတ်ဖို့
ရေနံဆီသုံးပြီး ထွန်းတဲ့မီးတွေ ငြိမ်းသတ်ဖို့အတွက် အပေါ်ကနေ ဆားလောင်းချပါ။
၃။ မျက်လုံးဖူးရောင်ခြင်း
ဆားက ယောင်သလိုဖြစ်နေတဲ့ မျက်လုံးတွေကို အေယောင်လျော့သက်သာစေပါတယ်။ ဆား လက်ဖက်ရည်ဇွန်း ၁/၂ဇွန်းနဲ့ ရောထားတဲ့ ရေနွေးနွေးလေး (၁)ခွက်ထဲ အဝတ်စလေး နစ်၍ လုပ်ပေးရပါမယ်။
၄။ ကြက်ဥ ပုတ်၊ မပုတ်စမ်းသပ်ခြင်း
ဆားက ကြက်ဥ ပုတ်၊ မပုတ်စမ်းသပ်ဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ရေခွက်ထဲ ကြက်ဥတစ်လုံးထည့်ပြီး ဆားလက်ဖက်ရည်ဇွန်း (၂)ဇွန်း ပေါင်းထည့်ပေးရပါမယ်။ လတ်ဆတ်တဲ့ကြက်ဥက တိမ်ဝင်သွားပြီ ပုတ်တဲ့ကြက်ဥက ရေထဲမှာ ပေါလောပေါ်နေပါလိမ့်မယ်။
၅။ ငွေထည်ပစ္စည်းအကြေးအညှိတက်မှု ဖယ်ရှားခြင်း
ငွေထည်ပစ္စည်းတွေကို ဆားနဲ့ထိန်းသိမ်းပါ။ သင်လုပ်ရမှာက ဆားနဲ့အဝတ်စုတ်လေးတစ်ခုနဲ့ ပြန်လည်တောက်ပအောင် တိုက်ချွတ်ပေးရုံသာ ဖြစ်ပါတယ်။
၆။ မီးပူ(iron) စွန်းထင်းမှု ဖယ်ရှားခြင်း
အဝတ်အစားအရည်ပျော်မှုကြောင့် ဖြစ်ပေါ်တဲ့ မီးဖိုအောက်ခြေပြား စွန်းထင်းမှုက အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စာရွက်အညို တစ်ရွက်ပေါ် ဆားဖြူးပြီး မီးဖိုထိုးပေးရပါမယ်။ မီးဖိုအေးသွားရင် အဝတ်လေးနဲ့ သုတ်ပေးပါ။
၇။ သစ်သီးတွေထိန်းသိမ်းခြင်း
အာလူး၊ ပန်းသီးတို့ကို အချက်လိုက်လှီးပြီးနောက် အညိုရောင်ပြောင်းမသွားအောင် ထိန်းထားဖို့ လူသိများဆုံးနည်းလမ်းတွေထဲက တစ်ခုက ဆားခတ်ထားတဲ့ ရေအေးထဲ ထားခြင်းပဲ ဖြစ်ပါတယ်။
၈။ ရေခဲသေတ္တာ အပုပ်နံ့ကင်းစေဖို့
ရေခဲသေတ္တာ သန့်ရှင်းရေးလုပ်မယ်ဆိုပါက ဆားနဲ့ ဆော်ဒါအရောအနှောဖြင့် မိမိရေခဲသေတ္တာအတွင်းပိုင်းကို ပွတ်တိုက်ပေးပါ။ အစွန်းအထင်း၊ ဆီနံ့နဲ့ အနံ့အသက်ဆိုးတွေ ဖယ်ရှားပေးပါလိမ့်မယ်။
၉။ လူလုပ်ပန်းတွေ သန့်ရှင်းပေးဖို့
လူလုပ်ပန်း အတုတွေကို ဆားထည့်ထားတဲ့ အိတ်တစ်လုံးထဲ ထည့်ပြီး အိတ်ကို လှုပ်ခါပေးရပါမယ်။
၁၀။ ပျားတုပ်မှုဝေဒနာ သက်သာစေရန်
ဒါက ပျားတုပ်ဝေဒနာ သက်သာပျောက်ကင်းစေတဲ့ ယခင်နည်းဟောင်းတစ်ခုဖြစ်ပါတယ်။ ပျားတုပ်ခံရတဲ့နေရာကို ရေစွတ်ပြီး ဆားနဲ့အုပ်ပေးရပါမယ်။
Ref: TOI
Saturday, April 22, 2017
ဆားအစြမ္းသတိၱ ၁၀မ်ိဳး
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)

No comments:
Post a Comment