ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Friday, April 28, 2017

အသက္ ၃၅ႏွစ္ထိ အိမ္ေထာင္မျပဳေသးရင္ အဲ့ဒီလူဟာ အိမ္ေထာင္ျပဳဖို႕ဆႏၵမရွိေတာ့တာသာျဖစ္


တကယ္လုိ႔ အသက္ ၃၅ထိ အိမ္ေထာင္မျပဳဘူး single အေနနဲ႔ပဲ ရိွေနေသးတယ္ဆုိရင္ ဘာေတြျဖစ္လဲ သိပါသလား။ အၾကမ္းဖ်င္းအားျဖင့္ေတာ့ သင္ဟာ တစ္ကိုယ္တည္းဘဝကို သေဘာက်ျပီး အိမ္ေထာင္ျပဳခ်င္စိတ္ လုံး၀မရိွတာမ်ိဳး ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ စစ္တမ္းတစ္ခုမွာ ျမိဳ႕ျပေန အသက္ ၃၅-၄၀ အုပ္စုထဲက အိမ္ေထာင္မရိွသူ အမ်ဳိးသားနဲ႔ အမ်ဳိးသမီးမ်ားစြာဟာ ဘယ္သူနဲ႔မွ အိမ္ေထာင္ျပဳခ်င္တဲ့ စိတ္ဆႏၵမရိွေတာ့ဘူးလုိ႔ ဝန္ခံၾကပါတယ္။
ျပီးေတာ့ အရာရာစတင္ေျပာင္းလဲလာပါတယ္။ ယခုေခတ္အမ်ဳိးသမီးေတြ အိမ္ေထာင္ျပဳေရးကို ဒုတိယဦးစားေပး သတ္မွတ္ခ်က္အျဖစ္ သေဘာထားၾကပါတယ္။ သူတုိ႔ရဲ႕ပထမဦးစားေပးအခ်က္က ပညာေရးနဲ႔ အလုပ္အကုိင္ျဖစ္ပါတယ္။ တခ်ဳိ႕က ျပီးျပည့္စုံမႈ ခံစားဖုိ႔ ျဖစ္ကာ အဲ့ဒီအတြက္ေယာက်္ားတစ္ဦး မလုိပါဘူးလုိ႔ ေျပာၾကပါတယ္။
လူတစ္ေယာက္ဟာ အသက္ ၃၅ထိ အိမ္ေထာင္မျပဳေသးရင္ ဘာေတြျဖစ္မလဲ ေလ့လာၾကည့္ရေအာင္။
၁။ ဘယ္အခ်စ္ေရးမွာမဆုိ ကန္႔သတ္ခ်က္ေတြ ရိွၾကပါတယ္။ အဲဒီအရာေတြက လူကို ခ်ဳပ္ေႏွာင္ထားပါတယ္။ အသက္ ၃၅ထိ ဘာကန္႔သတ္ခ်ဳပ္မႈမွမရိွဘဲ ေနရတာ အသားက်လာတဲ့အခါ ရုတ္တရက္ အိမ္ေထာင္ျပဳဖုိ႔၊ ခ်ဳပ္ခ်င္မႈေတြနဲ႔ ေနဖုိ႔ တကယ္အသင့္ျဖစ္ပါမလား။ သံသယျဖစ္စရာ မဟုတ္လား။
၂။ အိမ္ေထာင္ဘဝက အစပုိင္းမွာ ေပ်ာ္ရႊင္မႈေပးသည့္တုိင္ စိတ္ဖိစီးမႈ၊ ဝန္ထုပ္ဝန္ပုိး၊ စုန္ခ်ည္ ဆန္ခ်ည္ ျဖစ္ေစပါလိမ့္မယ္။
Single ျဖစ္ေတာ့ ဘာျဖစ္သလဲ။ စိတ္ဖိစီးမႈ၊ ဝန္ထုပ္ဝန္ပိုးမရိွဘူးေပါ့။ ၃၅ႏွစ္ၾကာ ေပ်ာ္ေပ်ာ္ေနျပီးေနာက္ အဲဒီျငိမ္းခ်မ္းမႈကို ဘယ္သူက အိမ္ေထာင္ျပဳျပီး စြန္႔လႊတ္ၾကမွာလဲ။
၃။ Single ျဖစ္ရင္ ဘဝက ေျပာင္းလြယ္ျပင္လြယ္ ရိွပါတယ္။ ခရီးထြက္ခ်င္လည္း ထြက္ႏုိင္တယ္။ ပါတီပြဲတက္ခ်င္လား ရတယ္။ အလုပ္ထြက္ျပီး အိမ္မွာပဲ ေနခ်င္ရင္လည္း ျဖစ္တယ္။ Single ျဖစ္ရင္ မိမိဆုံးျဖတ္ခ်က္ေတြက ဘယ္သူ႔ကို မထိခိုက္ပါဘူး။
၄။ တကယ္လုိ႔ single ဘဝ အခ်ိန္ၾကာျမင့္သြားရင္ အိမ္ေထာင္ျပဳျပီးေနာက္ လက္တြဲေဖာ္ေၾကာင့္ ခ်ဳပ္ခ်ယ္ခံရမႈ စိတ္ဝင္တစားရိွမွာ မဟုတ္ပါဘူး။
၅။ အသက္ ၃၅ထိ ေပ်ာ္ေပ်ာ္ေနထုိင္စားေသာက္မႈနဲ႔ အသားက်သြားပါက တျခားပုံမွန္ဘဝေနထုိင္မႈပုံစံကို ႏွစ္သက္မွာ မဟုတ္ေတာ့ပါဘူး။ အထူးသျဖင့္ တစ္ခ်ိန္လုံးရန္ျဖစ္ေနတဲ့ စုံတြဲေတြ၊ အိမ္ေထာင္ေရးျပသနာေတြ အျမဲေျဖရွင္းေနရတဲ့ စုံတြဲေတြ သုိ႔မဟုတ္ အခ်င္းခ်င္းေဖာက္ျပန္တဲ့စုံတြဲေတြ ေတြ႔တဲ့အခါ ဒီအခ်က္က သိပ္မွန္ပါတယ္။
၆။ Single ျဖစ္ရတာ အေကာင္းဆုံးအခ်က္က ဘယ္သူ႔မဆုိ အခ်ိန္မေရြး ေတြ႔ဆုံႏုိင္ျခင္းပဲ။ ဒါက ျမိဳ႕ျပေန အမ်ဳိးသားနဲ႔ အမ်ဳိးသမီးေတြအမ်ားစု single လုပ္ၾကတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ 
Ref: Boldsky 

Unicode


တကယ်လို့ အသက် ၃၅ထိ အိမ်ထောင်မပြုဘူး single အနေနဲ့ပဲ ရှိနေသေးတယ်ဆိုရင် ဘာတွေဖြစ်လဲ သိပါသလား။ အကြမ်းဖျင်းအားဖြင့်တော့ သင်ဟာ တစ်ကိုယ်တည်းဘဝကို သဘောကျပြီး အိမ်ထောင်ပြုချင်စိတ် လုံးဝမရှိတာမျိုး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ စစ်တမ်းတစ်ခုမှာ မြို့ပြနေ အသက် ၃၅-၄၀ အုပ်စုထဲက အိမ်ထောင်မရှိသူ အမျိုးသားနဲ့ အမျိုးသမီးများစွာဟာ ဘယ်သူနဲ့မှ အိမ်ထောင်ပြုချင်တဲ့ စိတ်ဆန္ဒမရှိတော့ဘူးလို့ ဝန်ခံကြပါတယ်။

ပြီးတော့ အရာရာစတင်ပြောင်းလဲလာပါတယ်။ ယခုခေတ်အမျိုးသမီးတွေ အိမ်ထောင်ပြုရေးကို ဒုတိယဦးစားပေး သတ်မှတ်ချက်အဖြစ် သဘောထားကြပါတယ်။ သူတို့ရဲ့ပထမဦးစားပေးအချက်က ပညာရေးနဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ တချို့က ပြီးပြည့်စုံမှု ခံစားဖို့ ဖြစ်ကာ အဲ့ဒီအတွက်ယောကျ်ားတစ်ဦး မလိုပါဘူးလို့ ပြောကြပါတယ်။

လူတစ်ယောက်ဟာ အသက် ၃၅ထိ အိမ်ထောင်မပြုသေးရင် ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။

၁။ ဘယ်အချစ်ရေးမှာမဆို ကန့်သတ်ချက်တွေ ရှိကြပါတယ်။ အဲဒီအရာတွေက လူကို ချုပ်နှောင်ထားပါတယ်။ အသက် ၃၅ထိ ဘာကန့်သတ်ချုပ်မှုမှမရှိဘဲ နေရတာ အသားကျလာတဲ့အခါ ရုတ်တရက် အိမ်ထောင်ပြုဖို့၊ ချုပ်ချင်မှုတွေနဲ့ နေဖို့ တကယ်အသင့်ဖြစ်ပါမလား။ သံသယဖြစ်စရာ မဟုတ်လား။

၂။ အိမ်ထောင်ဘဝက အစပိုင်းမှာ ပျော်ရွှင်မှုပေးသည့်တိုင် စိတ်ဖိစီးမှု၊ ဝန်ထုပ်ဝန်ပိုး၊ စုန်ချည် ဆန်ချည် ဖြစ်စေပါလိမ့်မယ်။

Single ဖြစ်တော့ ဘာဖြစ်သလဲ။ စိတ်ဖိစီးမှု၊ ဝန်ထုပ်ဝန်ပိုးမရှိဘူးပေါ့။ ၃၅နှစ်ကြာ ပျော်ပျော်နေပြီးနောက် အဲဒီငြိမ်းချမ်းမှုကို ဘယ်သူက အိမ်ထောင်ပြုပြီး စွန့်လွှတ်ကြမှာလဲ။

၃။ Single ဖြစ်ရင် ဘဝက ပြောင်းလွယ်ပြင်လွယ် ရှိပါတယ်။ ခရီးထွက်ချင်လည်း ထွက်နိုင်တယ်။ ပါတီပွဲတက်ချင်လား ရတယ်။ အလုပ်ထွက်ပြီး အိမ်မှာပဲ နေချင်ရင်လည်း ဖြစ်တယ်။ Single ဖြစ်ရင် မိမိဆုံးဖြတ်ချက်တွေက ဘယ်သူ့ကို မထိခိုက်ပါဘူး။

၄။ တကယ်လို့ single ဘဝ အချိန်ကြာမြင့်သွားရင် အိမ်ထောင်ပြုပြီးနောက် လက်တွဲဖော်ကြောင့် ချုပ်ချယ်ခံရမှု စိတ်ဝင်တစားရှိမှာ မဟုတ်ပါဘူး။

၅။ အသက် ၃၅ထိ ပျော်ပျော်နေထိုင်စားသောက်မှုနဲ့ အသားကျသွားပါက တခြားပုံမှန်ဘဝနေထိုင်မှုပုံစံကို နှစ်သက်မှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် တစ်ချိန်လုံးရန်ဖြစ်နေတဲ့ စုံတွဲတွေ၊ အိမ်ထောင်ရေးပြသနာတွေ အမြဲဖြေရှင်းနေရတဲ့ စုံတွဲတွေ သို့မဟုတ် အချင်းချင်းဖောက်ပြန်တဲ့စုံတွဲတွေ တွေ့တဲ့အခါ ဒီအချက်က သိပ်မှန်ပါတယ်။

၆။ Single ဖြစ်ရတာ အကောင်းဆုံးအချက်က ဘယ်သူ့မဆို အချိန်မရွေး တွေ့ဆုံနိုင်ခြင်းပဲ။ ဒါက မြို့ပြနေ အမျိုးသားနဲ့ အမျိုးသမီးတွေအများစု single လုပ်ကြတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

Ref: Boldsky 

No comments:

Post a Comment