ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 31, 2017

ခွေးတစ်ကောင်ကယ်ချင်ရင်ပေါင်(170)ပေး၊ မပေးနိုင်ရင်ရှေ့တင်သတ်ပြတဲ့သားသတ်ရုံ



တရုတ်နိုင်ငံရှိ တိရစ္ဆာန်ချစ်သူများဟာ သားသတ်ရုံဆီမှာ ရောက်ရှိနေတဲ့ ခွေးတွေကို ကယ်ဆယ်ဖို့ သွားရောက်တဲ့အခါမှာ သားသတ်ရုံပိုင်ရှင်က ဖမ်းဆီးထားတဲ့ ခွေးတွေကို ကယ်ဆယ်လိုရင် တစ်ကောင် ပေါင် 170 တန်ဖိုးရှိ တရုတ်ယွမ်ငွေ 1500 ခန့် ချက်ချင်းပေးဖို့ မောက်မောက်မာမာတောင်းဆိုခဲ့ပါတယ်။

မပေးနိုင်တဲ့အခါ တိရစ္ဆာန်ချစ်သူများ ရှေ့မှာပင် ခွေးတွေကို ရက်ရက်စက်စက် သတ်ပစ်တယ်လို့ မျက်မြင်သက်သေ အဖြစ် ပါဝင်ခဲ့တဲ့ တိရစ္ဆာန်အခွင့်ရေး လှုပ်ရှားနေသူတစ်ဦးက ဆိုပါတယ်။ အဆိုပါ ခွေးသားဈေးကွက်အနီးမှာ Huskies, Labrador နဲ့ Golden Retriever အမျိုးအစား ခွေးတွေ ချည်ထားတာကို တွေ့ရပြီး အသတ်ခံရဖို့ စောင့်ဆိုင်းနေကြ ရပါတယ်။

ဒီအဖြစ်အပျက်ဟာ Heilongjiang စီရင်စု Harbin မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အခင်းဖြစ်စဉ်ရဲ့ ဗွီဒီယိုတစ်စိတ် တဒေ သဟာလည်း တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီး၊ အတော်လေး ဂယက်ထခဲ့ပါတယ်။ မျက်မြင်သက်သေဖြစ်တဲ့ အမျိုးသမီး က ” ကျမတို့ ရောက်သွားတော့ Retriever ခွေးလေးကို ရှေ့မှာတင် သတ်ပစ်တယ် … “လို့ ဖွင့်ဟခဲ့ပြီး၊ ဓားများ၊ ခွေးသွေးများ၊ ကြိုးနဲ့ချည်ထားဆဲ ခွေးများကို ညွှန်ပြခဲ့ပါတယ်။

သူမနဲ့အတူ အဖွဲ့က သားသတ်ရုံပိုင်ရှင်ကို ခွေးတွေကို ပြန်ရောင်းဖို့ တောင်းဆိုတော့ မဖြစ်နိုင်တဲ့ဈေးကို ပြောခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ လုံလောက်တဲ့ငွေလည်း မရှိလို့ သားသတ်ရုံပိုင်ရှင်က ခွေးတွေကို ရှေ့မှာပင် ရက်ရက်စက်စက် သတ်ဖြတ်ပြ ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံတစ်ခုတည်းမှာပင် တစ်နှစ်မှာ ခွေကောင်ရေး သန်း 20 အထိ သေဆုံးနေပြီး၊ ခွေးကုန်သည်တွေဟာ ခွေးလေ
ခွေးလွင့်နဲ့ အိမ်မွေးခွေး၊ ကြောင်ပါမချန် ခိုးယူရောင်းချမှုတွေ ရှိနေကြောင်း သိရပါတယ်။ ယခု သတင်းပါ အဖြစ်အပျက်နဲ့
ပတ်သက်ပြီး တရုတ်အာဏာပိုင်အဖွဲ့က မည်သို့မည်ပုံ အရေးယူမည်ဆိုတာကိုလည်း ထုတ်ပြန်ကြေငြာထားခြင်း၊ သတင်း ထဲမှာ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။

ဗီဒီယိုကြည့်ရန်

No comments:

Post a Comment