ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, May 21, 2017

20 ယောက်မြောက်ကလေးမှာ နောက်ဆုံးမွေးဖွားခြင်းဟု ဗြိတိန်အကြီးဆုံး မိသားစုဆို


လက်ရှိအချိန်မှာ သားသမီး 19 ဦးအထိ ပိုင်ဆိုင်ထားတဲ့ Noel နဲ့ Sue တို့ မိသားစုဟာ အင်္ဂလန်နိုင်ငံ ရက်ဒ်ဖို့ဒ် မိသားစု လို့ ကျော်ကြားပါတယ်။ သူတို့မိသားစုဟာ နောက်ဆုံးအနေနဲ့ 20 ယောက်မြောက်ကလေးကို မွေးဖွားဖို့ ပြင်ဆင်နေကြပြီး၊ စက်တင်ဘာလမှာ သားယောက်ျားလေးအဖြစ် မွေးဖွားမှာဖြစ်ပါတယ်။


ရက်ဒ်ဖို့မိသားစုကလည်း 20 ယောက်မြောက်ကလေးဟာ နောက်ဆုံးကလေးဖြစ်ကြောင်း၊ သူတို့မှာ သားတွေသမီးတွေ များလွန်းလို့ နာမည်တောင် မှည့်ဖို့ရှားပါးသွားပြီဖြစ်ကြောင်း ဟာသလုပ်ခဲ့ပါသေးတယ်။ သူတို့ဟာ မိသားစုစားသောက်ဖို့ တစ်နေ့တာအတွက် ပေါင်မုန့် 7 လုံးနဲ့ ပေါင် 250 အထိ ကုန်ကျနေပါတယ်။


မိသားစုမျက်နှာစုံညီ ထမင်းစားလေ့ရှိပြီး၊ အလွန်ရှည်လျှားတဲ့ ညစာစားပွဲကြီးဟာ အမြဲလိုလို စည်ကားနေလေ့ရှိပါတယ်။ မိခင်ဖြစ်သူ Sue Radford ဟာ အခုအချိန်မှာ 42 နှစ်သာ ရှိသေးလို့ သားသမီးယူလိုက နောက်ထပ် နှစ်ယောက် လောက်အထိ ယူလို့ရသေးမယ့် အယောက် 20 အထိသာယူဖို့ ခင်ပွန်းနဲ့ တိုင်ပင်ခဲ့ပါတယ်။


မိခင် Sue နဲ့ သားအကြီးဆုံး Chris ဟာ အသက် 14 နှစ်သာ ကွာခြားပြီး၊ သူမဟာ အသက် 14 နှစ်ဝင်စမှာ ကိုယ်ဝန် ဆောင်ခဲ့ရတာပါ။ ဒီအခါမှာတော့ နောက်ဆုံးကိုယ်ဝန်ကို လွယ်ထားရပြီး၊ တကယ်လည်း နောက်ဆုံးဖြစ်ကြောင်း Sue က အတည်ပြုခဲ့ပါတယ်။

Sue က ” ဒါက တကယ်ကို နောက်ဆုံးပါ … အမေက ကိုယ်စထားတာနဲ့ အဆုံးသတ်ဆိုပြီး ပြောဖူးတယ် … ကျမတို့ ပထမဆုံး မွေးတဲ့ကလေးက ယောက်ျားလေးဖြစ်သလို၊ နောက်ဆုံးမွေးတဲ့ ကလေးကလည်း ယောက်ျားလေးပါဘဲ ဒီနည်းနဲ့ ကျွန်မ မွေးဖွားမှုကို ရပ်နားမှာပါ”လို့ အတည်ပြုခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ Noel 46 နှစ်နဲ့ Sue တို့ဟာ ငယ်စဉ်ကတည်းက အင်္ဂလန်နိုင်ငံ Kendal, Cumbria မှာ အတူတူ ကြီးပြင်းခဲ့ကြ သူများ ဖြစ်ပြီး၊ နှစ်ဦးစလုံးမှာ မွေးချင်းတစ်ယောက်ဆီသာ ရှိခဲ့ကြသလို၊ မျိုးရိုးအားဖြင့်လည်း သားသမီးများ တဲ့မျိုးရိုးမှ ဆင်းသက်လာသူများ မဟုတ်ကြပါဘူး။
လက်ရှိအချိန်မှာတော့ ရက်ဒ်ဖို့မိသားစုမှာ သားယောက်ျားလေး 10 ယောက်၊ သမီးမိန်းကလေး 9 ယောက် ဖြစ်ပြီး၊ နောက်ဆုံးမွေးမယ့်ကလေးကလည်း ယောက်ျားလေးဖြစ်လို့ လာမယ့် စက်တင်ဘာမှာ သားယောက်ျားလေး 11 ယောက် ဖြစ်တော့မှာပါ။ မိသားစုတစ်စုလုံး Morecambe မြို့က ခုတင်ဆယ်လုံး၊ ရေချိုးအခန်းကျယ်ကြီး တစ်ခန်း ပါဝင်တဲ့ အိမ်ကြီးမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။
နေ့စဉ် လျှော်ဖွပ်ရတဲ့ အ၀တ် – အိတ်ကြီးဖြင့် (၇) ထုတ်၊
တစ်ပတ်တာ စားသောက်ကုန်စားရိတ် – ပေါင် 250၊
မနက်စာ – နှံစာမှုန့်အာဟာရထုပ် 21 ဘူး၊ နို့ 14 ဂါလံ၊
တစ်ပတ်လျှင် – အိမ်သာသုံးစက္ကူ 28 လုံး-တို့ ဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)






No comments:

Post a Comment