မိန္းကေလးေတြက ေယာက်ၤားေတြေလာက္ မျမတ္လို႔ပဲ ေျဖလိုက္ေတာ့ အေနာက္တုိင္းသားေတြက အဲဒါကို လက္မခံပါဘူးဘုရား။ သူတုိ႔ က ေယာက္်ား မိန္းမ ဆုိတာအတူတူပဲ မိန္းကေလးေတြကေတာင္ ဒီနိဳင္ ငံမွာ အခြင့္ေရးပိုျပီးေပးထားေတာ့ သူတုိ႔က မိန္းမက သာ ေတာင္သာသလိုေျပာပါသည္ဆုိေတာ့ တပည့္ေတာ္ သိလိုသည္မွာ ေယာ က္်ားေတြ ကမိန္းမေတြထက္ ဘုန္း ကံၾကီးတယ္ ျမင့္ျမတ္တယ္ဆုိတာကို ဘယ္လို တုိင္းတာ ရမလဲဘုရား။
ေယာက်္ားေတြက ဘာလုိ႔မိန္းမေတြထက္ဘုန္းကံၾကီးတယ္ ျမင့္ျမတ္တယ္ လို႔ ယူဆပါသလဲ အေၾကာင္းျပခ်က္ထုတ္ျပေတာ္မူပါ ဘုရား။ ျမန္မာနိဳင္ငံက ဘုရားေတြမွာ မိန္းကေလးေတြ မ၀င္ရဆုိတဲ့ေနရာမွာ မ၀င္ရ မတက္ရ ဆိုတဲ့ေနရာမွာ ၀င္ရင္ တက္ရင္ တကယ္ပဲ မိုးၾကိဳးပစ္ပါသလားဘုရား။ အဲဒါဘာ့ေၾကာင့္ပါလဲ မိန္းကေလးေတြကို ဘာလို႔ ယုတ္ညံ့တယ္လို႔ ယူဆၾကပါသလဲဘုရား။ ဥပမာမ်ားနွင့္တကြ ေက်နပ္ေလာက္ပါေသာအေျဖ ကို ေျဖေပးေတာ္မူပါဘုရား။ဆရာေတာ္ရဲ့ သီလ သမာဓိ ပညာ ကို ရိုေသစြာ ရွိခိုးပါသည္ဘုရား။
#ထုိေမးခြန္း၏အာေဘာ္
အထက္ပါ ေမးခြန္းက စာေရးသူထံ အီးေမးလ္ကေန ေရာက္လာတဲ့ ေမးခြန္းတစ္ခုျဖစ္ပါတယ္။ ဒီလုိေမးခြန္းေတြကလဲ မၾကာမၾကာ ၾကံဳရဖူးပါတယ္။
နံပါတ္ (၁) အေနနဲ႔ အမ်ိဳးသမီးမ်ား မတက္ရ မ၀င္ မျဖတ္ရ ဆုိတဲ့ ဘုရားေတြ ဘုရားရင္ျပင္ေတြ သိမ္ေတြမွ ဆုိင္းဘုတ္ေတြ ေတြ႕ေနရေသာေၾကာင့္ ဗုဒၶဘာသာ လူအမ်ားစုမွာ ေယာင္၀ါး၀ါးေတြ ျဖစ္သြားရတယ္။ ဗုဒၶစာေပကို လုံး၀ဆုပ္ကုိင္ထားသူမ်ားသာ ဒီအယူဆေတြ ကုိ လက္မခံေပမဲ့ ေယာင္၀ါး၀ါးေတြက ေတာ့ လက္ခံေနၾကတယ္။
နံပါတ္ (၂) ကေတာ့ အမ်ိဳးသမီးမ်ားသည္ ေယာက္်ားမ်ား ထက္ ဘုန္းကံနိမ့္ တယ္ဆိုတဲ့ အယူအဆပဲ ျဖစ္ပါသည္။ ဒီ ၂ ခုကိုပဲ ေဆြးေႏြးၾကည့္ၾက ရေအာင္။
စာေရးသူအျမင္မ်ား
နံပါတ္ (၁) ဘုရား ေက်ာင္း သိမ္စတဲ့ ေနရာေတြမွာ အမ်ိဳးသမီးမ်ား မတက္ ရ မ၀င္ရဆုိတာနဲ႕ပတ္သက္ျပီး စာေရးသူ၏ အျမင္ကိုပဲ ေျပာျပရမွာျဖစ္ ပါသည္။ ေထရ၀ါဒဗုဒၶဘာသာလုိ႔ ယုံၾကည္ထားတဲ့ ျမန္မာႏုိင္ငံမွာ ဒီလုိအယူအဆေတြ ရွိေနပါတယ္။
ဘုရားေဟာ မဟုတ္၍ ေထရ၀ါဒလမ္းစဥ္မဟုတ္ေသာ အယူအဆေတြျဖစ္ ပါတယ္။ သုိ႔ေသာ္လည္း ဘာလုိ႔ ျမန္မာႏုိင္ငံမွာ ဒီအယူအဆေတြ ရွိေနပါသ လဲလုိ႔ ေမးရင္ tradition ရုိးရာအစဥ္အလာ လက္ခံမႈလုိ႔ပဲ ေျပာရမွာ ျဖစ္ ပါတယ္။ အစဥ္အဆက္လက္ခံလာၾကသည့္ အယူအဆျဖစ္သည္။ တခ်ိဳ႕ေနရာေတြမွာ ဘုရား သို႔မဟုတ္ ေက်ာင္း သိမ္မ်ား၏ အဦးဆုံး ဒါယကာမ်ား ကပဲ သူတုိ႔၏ ဘုရား ေက်ာင္း သိမ္မ်ားအေပၚ အမ်ိဳးသမီးမ်ား မတက္ရဟု သတ္မွတ္ခဲ့သလား၊ ဒါမွ မဟုတ္ ေဂါပကမ်ား၏ ဘုရား ကုိ သို႔မဟုတ္ ဘုရားရွင္ ၏ ေက်ာင္းေတာ္မ်ားကို ၾကည္ညိဳလြန္း၍ ဒီစည္း ကမ္း သက္မွတ္ခဲ့ေလေရာ့လား၊ ဗုဒၶဘာသာလူမ်ိဳးမ်ားက ေက်ာငး္ထဲတြင္ အျမတ္ဆုံး သိမ္တုိ႔ကို အလြန္ အေလး ထားၾကသည္၊ ဘုရားရွင္၏သားေတာ္ မ်ား ေမြးဖြား ေပးရာ ေက်ာင္းျဖစ္ေနေသာေၾကာင့္ ျဖစ္ဟန္တူပါသည္။
ျမန္မာျပည္ တခ်ိဳ႕ နာမည္ၾကီး ဘုရားရင္ျပင္တုိ႔၌ အမ်ိဳးသမီးမ်ား မတက္ရ မ၀င္ရဟု ေျပာေနၾကေပမဲ့ ဘုရားလက္ထက္ေတာ္က သက္ေတာ္ထင္ရွား ဘုရားရွင္ ၏ ဂႏၶကုဋီေက်ာင္းေဆာင္ထဲအတြင္း ၀ိသာခါ ေခမာ စတဲ့ အမ်ိဳး သမီးမ်ား ၀င္ထြက္ သြားလာေနသည္ တုိ႔ကို ေထာက္ဆလွ်င္ ထိုရုိးရာအ စဥ္အလာလက္ခံမႈ သည္ စဥ္းစားစရာျဖစ္လာသည္။ သက္ေတာ္ထင္ရွားဘု ရားရွင္၏ ေက်ာင္းအတြင္းေတာင္ အမ်ိဳးသမီးမ်ား ၀င္ထြက္ သြားလာခြင့္ျပဳ ရေသးတာပဲ ဘုရားရွင္ အား ရည္စူးၿပီးကုိးကြယ္ထားတဲ့ ထုိေစတီ ပုထုိး ေက်ာင္းမ်ား ကုိ က ဘာလုိ႔ အမ်ိဳးသမီးမ်ား၀င္ခြင့္ မျပဳရမွာလဲ။ ၀င္ရင္ တက္ရင္ မိုးၾကိဳးျပစ္သည္တဲ့၊ တကယ္ ၀င္ တကယ္ တက္ၾကည့္ေတာ့ မိုးၾကိဳးမျပစ္ရင္ ဘယ့္ႏွယ္လုပ္မလဲ၊ တခ်ိဳ႕ေနရာေတြမွာ နာမည္ၾကီးေအာင္ လူအထင္ၾကီး ေအာင္ ထြင္ၾကတဲ့သူေတြရဲ့ ေျပာစကားေတြေၾကာင့္ ဗုဒၶဘာသာမွာ ရႈပ္ေထြးကုန္တယ္။
အမ်ိဳးသမီးႏွ င့္ သိမ္
တခ်ိဳ႕နယ္ေတြမွာ သိမ္ထဲကို အမ်ိဳးသမီး မ်ား မ၀င္ရဟု ဆုိၾကတယ္၊ လူေတြကလဲ အမ်ိဳးသမီး မ်ားကို သိမ္ထဲ မ၀င္ရဟု ထင္ေနၾကသည္၊ ၀င္ရင္ ဘာျဖစ္မယ္ ညာျဖစ္မယ္ေပါ့၊ စာေရးသူ ရဟန္းခံစဥ္က အမရပူရျမိဳ႕ မဟာဂႏၶာရုံေက်ာင္းတုိက္အတြင္းက သိမ္ၾကီးထဲမွာ ရဟန္းျပဳခံပါတယ္၊ ယခုလက္ရွိ နာယကခ်ဳပ္ဆရာေတာ္ ဘဒၵႏၱကု႑လာဘိ၀ံသကို ဥပဇၥ်ာယ္ျပဳျပီး ရဟန္း ျပဳခဲ့တာပါ၊ ထုိရဟန္းခံစဥ္က သိမ္ထဲထြင္ ဒကာေရာ ဒကာမေရာ ကေလးေရာ မ်ားစြာရွိေနပါတယ္၊ စာေရးသူကို ေခတ္ပညာမ်ား သင္ေပးရာသီတဂူကမၻာ့ ဗုဒၶတကၠသိုလ္ ေဇာတိကာမဟာသိမ္ေတာ္ၾကီး အတြင္း မွာလဲ အမ်ိဳးသမီးမ်ား ၀င္ခြင့္ျပဳသည္။ ၂၀၀၈ ခုႏွစ္က ထုိသိမ္ေတာ္ ၾကီးအတြင္းမွာပဲ ႏိုင္ငံတကာ ေထရ၀ါဒ တကၠသိုလ္မ်ား အစည္းအေ၀းၾကီးကို က်င္းပခဲ့သည္။ ႏုိင္ငံေပါင္း ၃၀ ေက်ာ္က အမ်ိဳးသား အမ်ိဳးသမီးမ်ားစြာ တက္ေရာက္ခဲ့ၾကသည္။
#Credit_သီတဂူစတား
Unicode
အမျိုးသမီး များသည် ယောက်ျား များထက် ဘုန်းကံနိမ့် သလော
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကား မှာနေပါသည် ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေး အကြောင်းပြောရင်မြန်မာပြည် မှ တန်ခိုးကြီးဘုရား တွေ မှာ မိန်းကလေး တွေမဝင်ရ ဥပမာ- ကျိုက်ထီးရိုး တို့လို ဆံတော် ရှင် စေတီတော်တော် များများမှာ မိန်းကလေး တွေမဝင်ရဘူးဆိုပြီး ပြောကြပါ သည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့ မဝင်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေ လိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောကျၤားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကို လက်မခံပါဘူးဘုရား။ သူတို့ က ယောက်ျား မိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင် ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာ တောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော် သိလိုသည်မှာ ယော က်ျားတွေ ကမိန်းမတွေထက် ဘုန်း ကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လို တိုင်းတာ ရမလဲဘုရား။
ယောကျ်ားတွေက ဘာလို့မိန်းမတွေထက်ဘုန်းကံကြီးတယ် မြင့်မြတ်တယ် လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါ ဘုရား။ မြန်မာနိုင်ငံက ဘုရားတွေမှာ မိန်းကလေးတွေ မဝင်ရဆိုတဲ့နေရာမှာ မဝင်ရ မတက်ရ ဆိုတဲ့နေရာမှာ ဝင်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။ အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား။ ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေ ကို ဖြေပေးတော်မူပါဘုရား။ဆရာတော်ရဲ့ သီလ သမာဓိ ပညာ ကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။
#ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။
နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မဝင် မဖြတ်ရ ဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေ ကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေက တော့ လက်ခံနေကြတယ်။
နံပါတ် (၂) ကတော့ အမျိုးသမီးများသည် ယောက်ျားများ ထက် ဘုန်းကံနိမ့် တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြ ရအောင်။
စာရေးသူအမြင်များ
နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက် ရ မဝင်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ် ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။
ဘုရားဟော မဟုတ်၍ ထေရဝါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ် ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသ လဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ် ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများ ကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရား ကို သို့မဟုတ် ဘုရားရှင် ၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်း ကမ်း သက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန် အလေး ထားကြသည်၊ ဘုရားရှင်၏သားတော် များ မွေးဖွား ပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။
မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မဝင်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင် ၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ဝိသာခါ ခေမာ စတဲ့ အမျိုး သမီးများ ဝင်ထွက် သွားလာနေသည် တို့ကို ထောက်ဆလျှင် ထိုရိုးရာအ စဉ်အလာလက်ခံမှု သည် စဉ်းစားစရာဖြစ်လာသည်။ သက်တော်ထင်ရှားဘု ရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ဝင်ထွက် သွားလာခွင့်ပြု ရသေးတာပဲ ဘုရားရှင် အား ရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများ ကို က ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ဝင်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊ တကယ် ဝင် တကယ် တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီး အောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။
အမျိုးသမီးနှ င့် သိမ်
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီး များ မဝင်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီး များကို သိမ်ထဲ မဝင်ရဟု ထင်နေကြသည်၊ ဝင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်း ပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာသီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီး အတွင်း မှာလဲ အမျိုးသမီးများ ဝင်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော် ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရဝါဒ တက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။
#Credit_သီတဂူစတား

No comments:
Post a Comment