ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, May 25, 2017

အသက် ၁၁ နှစ်သား ကလေးငယ်မှ ဆိုင်ဘာလုံခြုံရေး ကျွမ်းကျင်ပညာရှင်များရဲ့ ဖုန်းများကို ဟက်ခ်ပြခဲ့


တက္ကဆက်ပြည်နယ်မှ ငါးတန်းကျောင်းသားလေးကို cyber ninja လို့ နာမည်ပေးထားပါတယ်။ အမေရိကန်ရဲ့ အငယ်ဆုံး ရှောင်လင်ကွန်ဖူ ခါးပတ်နက်ပညာရှင်လည်း ဖြစ်တဲ့ ဒီကလေးဟာ တစ်နေ့ မှာ နယ်သာလန်နိုင်ငံ ဆိုင်ဘာလုံခြုံရေးကွန်ဖရင့် ကျင်းပနေစဉ် ကမ္ဘာ့ပညာရှင် ရာပေါင်းများစွာကို အံ့အားသင့်စေမယ့် ကိစ္စတစ်ခုကို လက်တွေ့ လုပ်ဆောင်ပြခဲ့ပါတယ်။

ရူဘန်ပေါလ်လို့ ခေါ်တဲ့ ကလေးငယ်ဟာ နယ်သာလန် ဆိုင်ဘာလုံခြုံရေးကွန်ဖရင့်ကို တက်ရောက်လာတဲ့ ဆိုင်ဘာကျွမ်းကျင်ပညာရှင်များရဲ့ စမတ်ဖုန်းများကို teddy bear လို့ ခေါ်တဲ့ စမတ်ဝက်ဝံရုပ်လေးသုံးပြီး ဟက်ခ်ပြခဲ့ပါတယ်။ ပေါလ်ဟာ ဘလူးတုချိတ်ဆက်နိုင် တဲ့ ကလေးကစားစရာ စမတ်ရုပ်လေးတွေကို လက်နက်လို သုံးလို့ ရတယ်ဆိုတဲ့ အကြောင်းကို သက်သေပြချင်လို့ ယခုလို သရုပ်ပြပေးခဲ့တာပါ။

“လေယာဉ်ပျံကနေ ကားတွေအထိ ၊ စမတ်ဖုန်းတွေ ကနေ စမတ်အိမ်တွေ အထိ နောက်ဆုံး ကစားစရာ အရုပ်ကလေးတွေအထိ IoT လို့ ခေါ်တဲ့ အပြန်အလှန် ချိတ်ဆက်နိုင်တဲ့ ထုတ်ကုန်တွေထဲမှာ ပါနေပါတယ်။ ” လို့  သည်ဟိဂ်မြို့ မှာ ကျင်းပတဲ့ ကမ္ဘာ့ဖိုရမ်ရဲ့ စင်မြင့် ထက်မှာ ပြောပြခဲ့ပါတယ်။ “terminators တွေကနေ teddy bears တွေ အထိ ဘယ်လိုကစားစရာမဆို လက်နက်တစ်ခု ဖြစ်သွားနိုင်တယ်” လို့ လည်း သတိပေးခဲ့ပါတယ်။

ယခုသရုပ်ပြချိန်မှာ ပေါလ်ဟာ သူ့ ရဲ့ စမတ်ဝက်ဝံရုပ် ကလေးကနေ Wifi နဲ့ Bluetooth စမတ်နည်းပညာ ကနေ iCloud နဲ့ ချိတ်ပြီး လုံခြုံရေးချိုးဖောက်ဝင်ရောက် သွားတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အတွက် ပေါလ်ဟာ သူ့ ရဲ့ လက်ပ်တော့မှာ raspeberry pi ကို ပလပ်ထိုး ချိတ်ဆက်ပြီး အခန်းထဲမှာ ရှိသမျှ ဘလူးတုချိတ်ဆက် ထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို စကင်ဖတ်လိုက်ပြီး ဒါဇင်ပေါင်းများစွာပါတဲ့ အိုင်ဒီနံပါတ်တွေကို ဒေါင်းလုပ် ဆွဲသွားပါတယ်။ ။ ပြီးတာနဲ့ Python လို programming languag ကို သုံးပြီး အရုပ်ကလေးကနေတစ်ဆင့် နံပါတ်တစ်ခုခုကို ဖွင့်ပြီး ပရိတ်သတ်ထဲက မက်ဆေ့ခ်ျ တစ်ခုကို record ဖမ်းသွားတာပါ။

ကလေးတစ်ယောက်ရဲ့ နည်းပညာကျွမ်းကျင်မှုကို ပွဲတက်ရောက်လာတဲ့ ပညာရှင်များကိုယ်တိုင် အံ့အား သင့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါလ်ရဲ့ဖခင်ဖြစ်သူ မာနိုပေါလ်ဟာ သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး ရူဘန်အသက် ခြောက်နှစ်သားကတည်းက IT skills ပိုင်းကို ညွှန်ကြား သင်ပြပေးသွားတာ ဖြစ်ပါတယ်။

ရူဘန်ဟာ အိုင်တီပညာပိုင်းသာ ကျွမ်းကျင်ရုံသာမက အမေရိကန်နိုင်ငံမှာ အသက်အငယ်ဆုံး ရှောင်လင် ကွန်ဖူး ခါးပတ်နက်ပညာရှင် တစ်ဦးလည်း ဖြစ်ပြီး CyberShaolin ဆိုတဲ့ နာမည်နဲ့ NGO အဖွဲ့ အစည်း တစ်ခုလည်း တည်ထောင်ထားပါတယ်။

#Credit_Duwun

No comments:

Post a Comment