ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 27, 2017

ရေတွင်းထဲမှပျောက်ဆုံးသွားခဲ့သောအလောင်းများ...!


ကျွန်တော်အသက် ( ၆ )နှစ်လောက်မှာပေါ့..။ ညတစ်ည ကျွန်တော်အိပ်နေတဲ့အချိန် ကျွန်တော့်ညီမလေးက မနားမနေ ဆူညံစွာငိုကြွေးနေခဲ့တယ်။ သူမရဲ့ ငိုသံဟာ ကျွန်တော့်ကိုအရမ်းစိတ်ပျက်မိစေတာမို့ ကျွန်တော် သူမကိုသတ်ပြီး ရေတွင်းထဲကို ပစ်ချခဲ့ပါတယ်။ 

နောက်နေ့မနက် ကျွန်တော်ရေတွင်းထဲကိုသွားကြည့်တဲ့အခါ ကျွန်တော့်ညီမလေး အလောင်းဟာ ရေတွင်းထဲမှာရှိမနေတော့ပါဘူး။ 

ဒီလိုနဲ့ ကျွန်တော် ၁၂ နှစ်ရောက်လာတဲ့အခါမှာလည်း ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းနဲ့ စကားများငြင်းခုန်ရန်ဖြစ်ပြီး ကျွန်တော်ဒေါသထွက်ထွက်နဲ့ ကျွန်တော့်သူငယ်ချင်းကို သတ်မိခဲ့ပြန်ပါတယ်။ သူ့အလောင်းကိုလည်း ရေတွင်းပျက်ထဲကိုပဲ ကျွန်တော်ပစ်ချခဲ့ပါတယ်။ 

နောက်နေ့မနက် ကျွန်တော်ရေတွင်းထဲကိုသွားကြည့်တဲ့အခါမှာ ကျွန်တော့်သူငယ်ချင်း အလောင်းဟာလည်း ရေတွင်းထဲမှာရှိမနေတော့ပါဘူး။ 

ကျွန်တော် ၁၈ နှစ်ရောက်တဲ့အခါမှာတော့ ကျွန်တော့်မှာ ချစ်သူလေးတစ်ယောက်ရခဲ့ပါတယ်။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်မှားယွင်းခဲ့ပြီး သူမကိုယ်ဝန်ရလာတော့ ကျွန်တော်ကလေး အဖေအဖြစ်တာဝန်မယူနိုင်သေးလို့ သူမကို ကျွန်တော် သတ်လိုက်မိပြန်ပါတယ်။ သူမအလောင်းကိုလည်း ညဘက်မှာ ကျွန်တော်ရေတွင်းပျက်ထဲကိုပဲ ပစ်ချခဲ့ပြန်ပါတယ်။ 

သူမအလောင်းဟာလည်း နောက်နေ့မနက်မှာ ရေတွင်းပျက်ထဲမှာရှိမနေတော့ပါဘူး။ 

ကျွန်တော် ၂၄ နှစ်ရောက်တဲ့အချိန်မှာတော့ ကျွန်တော် အလုပ်တစ်ခုမှာ အလုပ်ဝင်လုပ်လို့နေခဲ့ပါပြီ။ ကျွန်တော့်သူဌေးဟာ ကျွန်တော် ဘယ်လောက်အလုပ် လုပ်လုပ် ဆူပူကျိန်းမောင်းနေတာပါပဲ။ နောက်ပိုင်းသည်းမခံနိုင်တဲ့အဆုံး ကျွန်တော် သူဌေးကိုလည်း သတ်ပြီး ရေတွင်းထဲကို ပစ်ချခဲ့ပါတယ်။ 

သူဌေးရဲ့အလောင်းဟာလည်း ပြန်ပေါ်မလာဘဲ ရေတွင်းပျက်ထဲမှာ ပျောက်ဆုံးသွားပြန်ပါတယ်။ 

ယခု ကျွန်တော် အသက် ၃၀ သို့ရောက်ရှိခဲ့ပါပြီ…။ ကျွန်တော့်အမေလည်း ကျန်းမာရေးမကောင်းလို့ လူမမာလုံးလုံးဖြစ်နေခဲ့ပါပြီ။ ကျွန်တော် လူမမာတစ်ယောက်ဖြစ်တဲ့အမေကို မစောင့်ရှောက်ချင်တော့ အမေ့ကိုလည်းသတ်ပြီး ရေတွင်းထဲကို ပစ်ချခဲ့ပါတယ်။ 

နောက်နေ့မနက်ကျွန်တော် ရေတွင်းထဲကိုသွားကြည့်ခဲ့တဲ့အခါ ကျွန်တော့်အမေအလောင်းက အရင်လူတွေလို ပျောက်ကွယ် မသွားပဲ ရေပေါ်မှာ ဘောလော ပေါ်နေတာကိုတွေ့ခဲ့ရပါတယ်။ နောက်ရက်တွေ ကျွန်တော် စောင့်ကြည့်ခဲ့ပေမယ့်လည်း ကျွန်တော့်အမေအလောင်းက ပျောက်ကွယ်မသွားခဲ့ပါဘူး။ 

ကျွန်တော်စဉ်းစားပေမယ့် အဖြေမထွက်ခဲ့ပါဘူး ။ အရင်လူတွေရဲ့ အလောင်းတွေက ပျောက်ကွယ်သွားပြီး အမေ့အလောင်းက ဘာလို့ ပျောက်ကွယ်မသွားခဲ့တာလဲလို့ပေါ့..။ 

စဉ်းစားပေးကြပါအုံး…။ 








တကယ်တော့ ကောင်လေးရဲ့ အမေဟာ သူ့သားကိုချစ်တဲ့စိတ်ကြောင့် သူ့သားလုပ်ရပ်တွေကို နောက်ကွယ်ကနေ လိုက်ဖုံးဖိပြီး အလောင်းတွေကို ဖျောက်ဖျက်ပေးခဲ့တာပါ။ သူမအသတ်ခံလိုက်ရတဲ့အခါမှာတော့ ဘယ်သူ က ဒီအလောင်းတွေလာပြီး ဖျောက်ပေးပါတော့မလဲ…

ဒီဖြစ်ရပ်မှာ ဘယ်သူမှားလဲ

Credit-momolay

No comments:

Post a Comment