စကားပြောတတ်ကာစ ကလေးငယ်က သူ့အဖေကိုမေးသည်…
"ယောကျာ်းဆိုတာ ဘာလဲဖေဖေ"
"ယောကျာ်းဆိုတာ မိသားစုကိုကာကွယ်ပေးပြီး တာဝန်ယူ ဂရုစိုက်ပေးတဲ့ လူကိုခေါ်တယ် သားရဲ့"
"သားကြီးလာရင်လည်း မေမေ့လိုယောကျာ်း ဖြစ်အောင်ကြိုးစားမယ် ဖေဖေ …"
ကျောင်းအုပ်ဆရာမကြီးမှ ၄ တန်းကျောင်းသားများအခန်းထဲသို့ စစ်ဆေးရေးဝင်လာရင်း ...
"ကဲ ဒီနေ့ ကလေးတို့ကို ဆရာမကြီးမေးခွန်းတစ်ခုလောက် မေးကြည့်ချင်တယ်.."
"သားတို့သမီးတို့ထဲမှာ တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့သူရှိလား"
"မောင်မောင် လက်ညှိုးထောင်လိုက်ပြီး ရှိပါတယ် ဆရာမ"
"အိုး!!! တော်လိုက်တဲ့ကလေးပဲ"
"ဒါနဲ့ သားက ဘယ်လို ကယ်တင်ခဲ့တာလဲ ဆရာမကြီးကိုပြောပြပါအုံး"
"သားအမရဲ့ သန္ဓေသားဆေးတွေကို အဖေနဲ့ အမေ မသိအောင် ဖွက်ပေးခဲ့တာပါ ဆရာမကြီး"
ဟာသလေးတွေသဘောကျရဲ့လား
#Achitlwinpyin
Credit:momolay


No comments:
Post a Comment