ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, May 16, 2017

နောက်ယောက်ျား အိမ်ပေါ်ခေါ် ပေါင်းသင်းသည့် အမျိုးသမီး အရေးယူခံရ



လေဖြတ်နေသည့် ခင်ပွန်းက ရှာဖွေလုပ်ကိုင် မကျွေး နိုင်သောကြောင့် နောက် အမျိုးသားတစ်ဦး ကို နေအိမ် ပေါ် ခေါ်ဆောင်ပေါင်းသင်းခဲ့သည် ဆိုသည့် အသက်
၄၉ နှစ်အရွယ် အမျိုးသမီးကို မေလ ၁၂ ရက်နေ့က သာကေတ နယ်မြေရဲစခန်းမှ တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့် အရေးယူလိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အရေးယူခံရသူ အမျိုးသမီးမှာ သာကေတမြို့နယ်
၁၀ တောင်၊ ၁၂ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အိမ်ထောင်သက် ၁၇ နှစ်ကြာ ပေါင်းသင်းခဲ့သည့်၎င်း၏ ခင်ပွန်းဖြစ်သူမှာ လေဖျန်းရောဂါ ဝေဒနာ ခံစားနေ ရသောကြောင့် အလုပ်လုပ်နိုင်ခြင်း မရှိသဖြင့် ထူပါရုံ ရပ်ကွက်မှ အသက် ၅၀ အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးကို ၎င်း၏ နေအိမ်ပေါ် ခေါ်ဆောင်ပြီး အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက် အရ သိရသည်။

“လေဖြတ်နေတဲ့ ယောက်ျား နယ်က သူ့မိဘတွေဆီ ပြန်သွားချိန်မှာ အမျိုးသမီးက နောက်ယောက်ျားကို အိမ်ခေါ်ပြီး အတူပေါင်းခဲ့တာ။ လင်ကြီးက အိမ်ပြန် လာတော့ ရှာကျွေးနိုင်မယ့်နောက်ယောက်ျားကို ကျွန်မ ယူလိုက်ပြီ ပြောလို့ လင်ကြီးက သူ့မိန်းမကို တစ်လင် တစ်မယား ဥပဒေနဲ့ အရေးယူပေးဖို့ ရဲစခန်း မှာတရားလို ပြု အမှုဖွင့်ခဲ့တာ” ဟု ရဲအရာရှိ က ရှင်းပြသည်။

အမှုဖွင့် တိုင်ကြားခံရသည့် အိမ်ထောင်သည် အမျိုးသမီး က နေအိမ်သို့ ခေါ်ဆောင်ပေါင်းသင်းခဲ့ သည့်အမျိုးသား တွင် လက်ရှိတရားဝင် ပေါင်းသင်း နေသည့် ဇနီးရှိပြီး ၎င်းကိုပါ တစ်လင်တစ်မယား ဥပဒေဖြင့် အရေးယူရန် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

#Achitlwinpyin

#Credit_The_Vocie

No comments:

Post a Comment