ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Monday, May 08, 2017

ငါးညွီန႔ံေရာဂါျဖစ္ေနတဲ့ အမ်ဳိးသမီးတစ္ဦးရဲ႕ ဝဋ္ေၾကြး

အမ်ဳိးသမီးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က အျမဲမျပတ္ ငါးညွီနံ႔နံေနတဲ့အတြက္ လုပ္ေဖာ္ကိုင္ဖက္ေတြက ေဝဖန္တုိင္ၾကားခဲ့တာေၾကာင့္ ညဘက္အလုပ္ခ်ိန္ကို ေျပာင္းလုပ္ခဲ့ရပါတယ္။ အသက္ ၃၆ ႏွစ္ အရြယ္ Kelly Fidoe ဆုိတဲ့အမ်ဳိးသမီးက သူ႔တစ္ဘဝလုံး Trimethylaminuria (ငါးညွီန႔ံေရာဂါ)ကို ခံစားခဲ့ရပါတယ္။ ဒီေရာဂါေၾကာင့္ ကေလးဘဝကတည္းက အႏုိင္က်င့္တာ၊ ေနာက္ေျပာင္တာေတြခံခဲ့ရျပီး ျပင္းထန္တဲ့ စိတ္က်ေရာဂါတစ္မ်ဳိးေတာင္ ျဖစ္ေစခဲ့ပါတယ္။

သူက The Royal Oldham ေဆးရုံရဲ႕ ဓာတ္ေရာင္ျခည္ဌာနမွာ အလုပ္လုပ္တဲ့သူျဖစ္ျပီး လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႔အနံ႔ကို မခံႏုိင္ေၾကာင္း တုိင္ၾကားခ်က္ေတြမ်ားလြန္းလာတဲ့အတြက္ ဝန္ထမ္းပိုနည္းတဲ့ ညဆုိင္းအလုပ္ကို ေျပာင္းေပးခဲ့ရပါတယ္။ သူက တစ္ေန႔ကို ေရ ၄ ခါခ်ဳိးျပီး ယူနီေဖာင္းကို တစ္ေန႔ ၂ ၾကိမ္လဲပါတယ္။ ေခၽြးန႔ံေပ်ာက္ေဆးေပါင္း မ်ားစြာသုံးျပီး သူ႔အနံ႔ကိုဖုံးဖို႔ၾကိဳးစားေပမဲ့ အရာမထင္ခဲ့ပါဘူး။ သူမက ေရေႏြးပူေလာက္နီးပါးပူတဲ့ ေရနဲ႔ေရခ်ဳိးတာ၊ အေရျပားေတြနီရဲေပါက္ျပဲလာတဲ့အထိ ပြတ္တိုက္တာေတြပါလုပ္ခဲ့တယ္လို႔ ေျပာျပပါတယ္။

သူ႔ရဲ႔အေျခအေနက သူ႔ရဲ႕ခႏၶာကိုယ္က စားလုိက္တဲ့အစားအစာထဲမွာပါတဲ့ တခ်ဳိ႕ျဒပ္ေပါင္းေတြကို မေခ်ဖ်က္ႏုိင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီျဒပ္ေပါင္းေတြက ေခၽြး၊ အသက္ရွဴထုတ္တဲ့ေလနဲ႔ ဆီးေတြကေနျပန္ထြက္လာျပီး သူမသိႏုိင္တဲ့ အရမ္းကို ဆိုးရြားတဲ့ အနံ႔ေတြ ထြက္ေစတာပဲျဖစ္ပါတယ္။ သူက ဆယ္ေက်ာ္သက္အရြယ္မွာကတည္းက ဆရာဝန္ေတြနဲ႔ ျပခဲ့ေပမဲ့ ဘယ္သူကမွ တိက်တဲ့ အေၾကာင္းရင္းကို ရွာမေတြ႔ေသးပါဘူး။ ဆရာဝန္ေတြက အေျဖတစ္ခုကို ရွာမေတြ႔ခဲ့ေပမဲ့ အနံ႔တစ္ခုက ဝင္သြားတဲ့အခါ အဲ့ဒီအနံ႔ျပန္ထြက္လာတတ္တာျဖစ္တာေၾကာင့္ ငါးနဲ႔ ပင္လယ္စာေတြက အဓိက အေၾကာင္းရင္း ျဖစ္ႏုိင္တယ္လို႔ ဆုိပါတယ္။

Kelly Fidoe အတြက္ ကံေကာင္းတာတစ္ခုက လြန္ခဲ့တဲ့ ၁၆ ႏွစ္က အခုလက္ရွိသူ႔ရဲ႕ ေယာက္်ား Michael (၄၅) ႏွစ္ကုိ အြန္လိုင္းကေန တဆင့္ေတြ႔ခဲ့ပါတယ္။ Michael က Kelly ရဲ႕ အန႔ံက ကၽြန္ေတာ့္ကို တခါတစ္ေလ ဆိုးဆုိးရြားရြားထိခုိက္ေပမဲ့ ကၽြန္ေတာ္သူ႔ကို မေျပာခဲ့ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ စေတြ႔ျပီးေနာက္မွာေတာ့ ဒီကိစၥက ကၽြန္ေတာ္တို႔အတြက္ ျပႆနာတစ္ခု ဘယ္တုန္းကမွ မျဖစ္ခဲ့ပါဘူး။ သူ႔အေျခအေနကို အေကာင္းဆုံးကူညီေပးႏုိင္တာ ကၽြန္ေတာ့္အတြက္ အေကာင္းဆုံးပဲျဖစ္ပါတယ္လုိ႔ ေျပာျပခဲ့ပါတယ္။

အခုခ်ိန္ထိေတာ့ ေရာဂါဇစ္ျမစ္ကို ရွာေဖြဆဲျဖစ္ျပီး Kelly က အတတ္ႏုိင္ဆုံး စိတ္ေအးေအးထားျပီး စိတ္ပူပင္မႈမရွိေအာင္ ေနေနတယ္လို႔ ဆိုပါတယ္။ သူမရဲ႕ မိသားစုနဲ႔ မိတ္ေဆြေတြကလည္း သူ႔ကို အတတ္ႏုိင္ဆုံးအားေပးေနျပီး အျမန္ဆုံးကုသႏုိင္မယ့္နည္းလမ္းကို ေစာင့္ေမွ်ာ္ေနတယ္လုိ႔ ေျပာျပခဲ့ပါတယ္။

Ref:dailymail.co.uk

Unicode

အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အမြဲမပြတ် ငါးညှီနံ့နံနေတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက ဝေဖန်တိုင်ကြားခဲ့တာကြောင့် ညဘက်အလုပ်ချိန်ကို ပြောင်းလုပ်ခဲ့ရပါတယ်။ အသက် ၃၆ နှစ် အရွယ် Kelly Fidoe ဆိုတဲ့အမျိုးသမီးက သူ့တစ်ဘဝလုံး Trimethylaminuria (ငါးညှီနံ့ရောဂါ)ကို ခံစားခဲ့ရပါတယ်။ ဒီရောဂါကြောင့် ကလေးဘဝကတည်းက အနိုင်ကျင့်တာ၊ နောက်ပြောင်တာတွေခံခဲ့ရပြီး ပြင်းထန်တဲ့ စိတ်ကျရောဂါတစ်မျိုးတောင် ဖြစ်စေခဲ့ပါတယ်။



သူက The Royal Oldham ဆေးရုံရဲ့ ဓာတ်ရောင်ခြည်ဌာနမှာ အလုပ်လုပ်တဲ့သူဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေက သူ့အနံ့ကို မခံနိုင်ကြောင်း တိုင်ကြားချက်တွေများလွန်းလာတဲ့အတွက် ဝန်ထမ်းပိုနည်းတဲ့ ညဆိုင်းအလုပ်ကို ပြောင်းပေးခဲ့ရပါတယ်။ သူက တစ်နေ့ကို ရေ ၄ ခါချိုးပြီး ယူနီဖောင်းကို တစ်နေ့ ၂ ကြိမ်လဲပါတယ်။ ချွေးနံ့ပျောက်ဆေးပေါင်း များစွာသုံးပြီး သူ့အနံ့ကိုဖုံးဖို့ကြိုးစားပေမဲ့ အရာမထင်ခဲ့ပါဘူး။ သူမက ရေနွေးပူလောက်နီးပါးပူတဲ့ ရေနဲ့ရေချိုးတာ၊ အရေပြားတွေနီရဲပေါက်ပြဲလာတဲ့အထိ ပွတ်တိုက်တာတွေပါလုပ်ခဲ့တယ်လို့ ပြောပြပါတယ်။



သူ့ရဲ့အခြေအနေက သူ့ရဲ့ခန္ဓာကိုယ်က စားလိုက်တဲ့အစားအစာထဲမှာပါတဲ့ တချို့ဒြပ်ပေါင်းတွေကို မချေဖျက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒြပ်ပေါင်းတွေက ချွေး၊ အသက်ရှူထုတ်တဲ့လေနဲ့ ဆီးတွေကနေပြန်ထွက်လာပြီး သူမသိနိုင်တဲ့ အရမ်းကို ဆိုးရွားတဲ့ အနံ့တွေ ထွက်စေတာပဲဖြစ်ပါတယ်။ သူက ဆယ်ကျော်သက်အရွယ်မှာကတည်းက ဆရာဝန်တွေနဲ့ ပြခဲ့ပေမဲ့ ဘယ်သူကမှ တိကျတဲ့ အကြောင်းရင်းကို ရှာမတွေ့သေးပါဘူး။ ဆရာဝန်တွေက အဖြေတစ်ခုကို ရှာမတွေ့ခဲ့ပေမဲ့ အနံ့တစ်ခုက ဝင်သွားတဲ့အခါ အဲ့ဒီအနံ့ပြန်ထွက်လာတတ်တာဖြစ်တာကြောင့် ငါးနဲ့ ပင်လယ်စာတွေက အဓိက အကြောင်းရင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။



Kelly Fidoe အတွက် ကံကောင်းတာတစ်ခုက လွန်ခဲ့တဲ့ ၁၆ နှစ်က အခုလက်ရှိသူ့ရဲ့ ယောက်ျား Michael (၄၅) နှစ်ကို အွန်လိုင်းကနေ တဆင့်တွေ့ခဲ့ပါတယ်။ Michael က Kelly ရဲ့ အနံ့က ကျွန်တော့်ကို တခါတစ်လေ ဆိုးဆိုးရွားရွားထိခိုက်ပေမဲ့ ကျွန်တော်သူ့ကို မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စတွေ့ပြီးနောက်မှာတော့ ဒီကိစ္စက ကျွန်တော်တို့အတွက် ပြဿနာတစ်ခု ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ သူ့အခြေအနေကို အကောင်းဆုံးကူညီပေးနိုင်တာ ကျွန်တော့်အတွက် အကောင်းဆုံးပဲဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။



အခုချိန်ထိတော့ ရောဂါဇစ်မြစ်ကို ရှာဖွေဆဲဖြစ်ပြီး Kelly က အတတ်နိုင်ဆုံး စိတ်အေးအေးထားပြီး စိတ်ပူပင်မှုမရှိအောင် နေနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကလည်း သူ့ကို အတတ်နိုင်ဆုံးအားပေးနေပြီး အမြန်ဆုံးကုသနိုင်မယ့်နည်းလမ်းကို စောင့်မျှော်နေတယ်လို့ ပြောပြခဲ့ပါတယ်။



Ref:dailymail.co.uk

No comments:

Post a Comment