ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, May 22, 2017

အမေရိကန်သမ္မတကြီးဖြစ်လာနိုင်တဲ့ The Rock

The Rock ခေါ် Dwayne Johnson ဟာ WWE ဆိုတဲ့ ကမ္ဘာကျော် နပန်းဖျော်ဖြေရေးပြိုင်ပွဲကြီးမှာ ကျော်ကြားခဲ့သူဖြစ်သလို နပန်းလောကကနေ အနားယူပြီး ရုပ်ရှင်နယ်ပယ်ကို ဝင်ရောက်လာတော့လည်း ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီလို နယ်ပယ်ပေါင်းစုံမှာ အောင်မြင်ကျော်ကြားနေတဲ့ The Rock သာ အမေရိကန်သမ္မတတစ်ယောက် ဖြစ်လာမယ်ဆိုရင်...

Ss1i784bqvorjditv8g1

ဒီလို ပြောဆိုလိုက်တာဟာ အကြောင်းအရင်းတော့ ရှိနေပါတယ်။ ဘာကြောင့်ဆိုတော့ လာမယ့် ၂၀၂၀ခုနှစ်မှာ အမေရိကန်သမ္မတအဖြစ် မြင်တွေ့ချင်တဲ့သူကို စစ်တမ်းကောက်ခဲ့ရာမှာ ထူးထူးခြားခြားအနေနဲ့ လူအများစုက The Rock ကို မဲပေးထားကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး The Rock ဟာ Late Night Talk Show အစီအစဉ်မှာ ပါဝင်လာရင်းနဲ့ အစီအစဉ်တင်ဆက်သူ Jimmy Fallon ရဲ့ မေးခွန်းကို မရေမရာဖြေဆိုသွားခဲ့ပါတယ်။ Jimmy Fallon က The Rock ကို ယခု ထွက်ပေါ်နေတဲ့ ကောလဟာလတွေအတိုင်း လာမယ့် ၂၀၂၀ခုနှစ်မှာ သမ္မတဖြစ်ချင်ပါသလားလို့ မေးမြန်းခဲ့ရာ ဖြစ်ချင်တယ်လို့ တိုက်ရိုက်မဖြေသွားခဲ့ပဲ ဖြစ်ချင်နေကြောင်းကိုသာ အရိပ်အမြွက်လောက်ပဲ ပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့် The Rock အနေနဲ့ ၂၀၂၀မှာ အမေရိကန်သမ္မတဖြစ်လာနိုင်ဖို့ အခြေအနေရှိနေတာပဲဖြစ်ပါတယ်။

Tozx7pchggrqfj8tmcif

အသက် ၄၅နှစ်အရွှယ်ရှိပြီဖြစ်တဲ့ The Rock ဟာ WWE ( ယခင်က WWF ) ပြိုင်ပွဲများမှာ ပြိုင်ဖက်ကင်း နပန်းသမားတစ်ဦးအဖြစ် အချိန်အတန်ကြာ ရပ်တည်နိုင်ခဲ့ပြီး World Champion ခါးပတ်ကို ဆယ်ကြိမ်အထိ ဆွတ်ခူးထားခဲ့ပါတယ်။ The Rock ဟာ နပန်းလောကမှ ခဏအနားယူချိန်မှာ The Mummy Returns ဇာတ်ကားအတွင်း ဗီလိန်ကြီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ဇာတ်ကားတွေမှာ ဆက်တိုက်သရုပ်ဆောင်ခွင့် ရလာခဲ့ပါတယ်။ Fast & Furious ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ဖြစ်သူ The Rock တစ်ယောက် ပရိသတ်တွေ တစ်ပေးနေသလို အမေရိကန်သမ္မတ ဖြစ်လာမလာကတော့ စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ 

Ref : ER 

ဘုန်းဟိန်းသွေး ( MOMOLAY )

No comments:

Post a Comment