နေ့တိုင်းဆီပြန်ဟင်းတွေစားရတာ ရိုးလာလို့ ဆီနည်းတဲ့ ဟင်း ကိုပြောင်း စား ချင်သူတွေအတွက် အရသာလေးရှိ၊
ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဟင်းတစ်မျိုး နဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့ ငါးရံ့ နဲ့ဒန့်သလွန်သီးရေချို
ဟင်းပါ။ဒန့်သ လွန်သီးမှာ ပရိုတင်း၊ကယ် လ်ဆီယမ်၊ အိုင်းယွန်း နဲ့ဗီတာမင်စီတို့ ပေါ ကြွယ်စွာပါဝင်ပြီး စားပေးသင့်တဲ့
ဓါတ်စာတစ်မျိုးလို့တောင် ပြော လို့ရပါ တယ်။အဲ့ဒီလို အစွမ်းထက်တဲ့ ဒန့်သလွန်သီးနဲ့ငါးရံ့ ကို ရေချိုလေး ချက်စားရ
မှာပါ။ချက်နည်း ကေ တာ့..
ငါးရံ့နဲ့ဒန့်သလွန်သီးရေချိုချက်မယ်ဆိုရင်တော့ လိုအပ်တဲ့ ပါဝင် ပစ္စ ည်းတွေ ကတော့ ငါးရံ့(၅၀)သား၊ ခနောကြက်သား
မှုန့်လက်ဖက်ရည် ဇွန်း(၂)ဇွန်း၊ကြက်သွန်ဖြူ(၅)တတ်၊အနီ(၂)လုံး၊ချင်း(၃)ကျပ်သား၊ငရုပ်ပွခြောက်(၃)တောင့်၊ငံပြာရည်
လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ဆန်လှော်မှုန့်လ္ဘက်ဇွန်း(၃)ဇွန်း၊ငရုပ်ကောင်းလ္ဘက်ဇွန်း(၁.၅)၊ပုစွန်ခြောက်(၅)ကျပ်သား၊နနွင်း
လ္ဘက်ဇွန်း(၁)ဇွန်း၊ပဲဆီလ္ဘက်ဇွန်း(၅)ဇွန်း၊ဒန့်သလွန်သီး(၅)တောင့်၊စပါးလင်(၅)ပင်၊ခရမ်းချဉ်သီး(၁၀)သား၊နံနံပင်အနည်း
ငယ်၊ငရုပ်သီးစိမ်း(၁၀)တောင့်၊သံပုရာရည်လ္ဘက်ဇွန်း(၁)ဇွန်း၊ရေသန့်နှစ်လီတာ တို့လိုအပ်ပါတယ်။
ချက်ပြုတ်တော့မယ်ဆိုရင်တော့ အရင်ဆုံး ငါးရံ့ကိုရေစင်အောင်ေ ဆး၊ အရိုးထုတ်ပြီး နှစ်လက်မခန့် အတုံးတုံးပါ။ပြီးရင်
တော့ ခနောကြက်သား မှုန့်၊သံပုရည်ရည်၊နနွင်း၊ငံပြာရည်၊ငရုပ်ကောင်းမှုန့်တို့နဲ့နယ်ပြီး (၁၅)မိ နစ်လောက် နှပ်ထားပါ။
ပြီးရင်တော့ ဟင်းအနှစ်ဖြစ်အောင် ကြက်သွန်နီ ၊ဖြူ၊ဂျင်း၊ငရုပ် ပွခြောက်တို့ကို ပုစွန်ခြောက်အနည်းငယ်နဲ့ရောပြီးထောင်း
ပါ။ငရုပ်သီး စိမ်း နဲ့နံနံပင်တွေကိုတော့ ရေစိမ်ထားပါ။ဒန့်သလွန်သီး ငါးတောင့်ထဲကမှ (၃)တောင့်ကို အသားခြစ်၊
(၂)တောင့်ကို အခွံခြစ် ထုတ်၊(၃)လက်မလောက် ပိုင်းပြီး ရေစိမ်ထားပါ။အိုးတစ်လုံးကိုယူ မီးဖိုပေါ်တင်ပါ။ပြီးရင်တော့
ပဲဆီသန့်ထည့်၊ဆီပူလာရင် နနွင်း၊ စပါး လင်၊ခုနကထောင်းထားတဲ့ ငရုပ်သီးအနှစ်တို့ယူပြီး ငံပြာရည်အနည်းငယ်
ထည့်ပြီး ဆီသတ်ပါ။ဆီသတ်လို့ ကျက်ပြီ၊အရောင်ပြောင်းလာပြီဆို ရင်တော့ ခနောကြက်သားမှုန့်၊သံပုရည်ရည်တို့နဲ့
နယ်ပြီးနှပ်ထားတဲ့ ငါး ရံ့ကို ထည့်ပါ။ဆီပြန်လာတဲ့အထိ ဆီသတ်ပါ။မီးအရမ်းပြင်းဖို့ မလိုပဲ မီးပျော့ပျော့လေးပေးပြီး
ဆီသတ်ပါ။ငါးရံ့ဆီပြန်လာရင်တော့ ငရုပ်ေ ကာင်းမှုန့်နဲ့ဒန့်သ လွန်သီးတွေကို ထည့်ပါမယ်။ငါးရံ့နဲ့ဒန့်သလွန်သီးနူးဖို့၊
ကျက်ဖို့ ရေထည့်ပါ။နူးလာပြီဆိုရင်တော့ ဆန်လှော်မှုန့်ကို ထည့် ပါ။အပေါ့အငန်မြည်းပါ။လိုအပ်ရင် ခနောကြက်သား
မှုန့်ကို ထပ်ထည့်ေ ပးပါ။ ငရုပ်သီးစိမ်းနဲ့နံနံပင်ကို အပေါ်ကနေ အုပ်ပေးလိုက်ပါ။အား လုံး ပြီး ပြီဆိုရင်တော့ ခံတွင်း
မြိန်စရာ ငါးရံ့နဲ့ဒန့်သလွန်သီးရေချိုဟင်းတစ်ခွက်ရပါပြီ။

No comments:
Post a Comment