ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, June 04, 2017

သက်တမ်းရှည်ကြာစွာတွဲနိုင်တဲ့ စုံတွဲတွေရဲ့လျှို့ဝှက်ချက်များ


“ယနေ့မှစ၍နှစ်တစ်ရာတိုင်အိုအောင်၊မင်းအောင်ပေါင်းရပါစေ”ဆိုပြီးမင်္ဂလာမောင်နှံတွေ၊စုံတွဲတွေကိုဆုမွန်ကောင်းတောင်းပေးလေ့ရှိကြပါတယ်။အဲဒီလို ဆုတောင်းလေးတွေပြည့်ဖို့ လက်တွေ့လိုက်နာကျင့်သုံးရမယ့်အရာလေးတွေရှိပါတယ်။ အဲဒီလို သက်တမ်းရှည်ကြာအောင် လက်တွဲနိုင်တဲ့ စုံတွဲတွေရဲ့လျှို့ဝှက်ချက်လေးတွေကိုShwemom ပရိသတ်ကြီးအ တွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁)အိပ်ယာအတူဝင်ခြင်း

ဒီအချက်ကဇနီးမောင်နှံတွေကြားမှာsexကိစ္စတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ဇနီးမောင်နှံနှစ်ဦးမှာတစ်ယောက်ယောက်က အိပ်ယာဝင်တာနောက်ကျခဲ့ရင် အဲဒီအိမ်ထောင်ရေးမပြေလည်စေတဲ့အချက်တွေထဲမှာတစ်ချက် အနေနဲ့ပါဝင်သွားနိုင် ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံတွေကတော့ အတူတကွအိပ်ယာဝင်လေ့ရှိကြပါတယ်တဲ့။

(၂)လက်တွဲခြင်း

စုံတွဲတွေကြားမှာ  တစ်ယောက်နဲ့တစ်ယောက်လက်တွဲခြင်းက အများအမြင်မှာအာရုံစိုက်ခြင်းခံရသလို နှစ်ဦးကြားက ဆက်နွယ်ပတ်သက်မှု၊ သံယောဇဉ်တွေကိုလည်း ပိုမိုနီးကပ်နွေးထွေးစေပါတယ်။

(၃)ယုံကြည်ခွင့်လွှတ်ဖို့ကြိုးစားခြင်း

ဇနီးမောင်နှံ၊ စုံတွဲတွေကြားမှာ ဒီအချက်ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ relationship တစ်ခုမှာ သံသယအစပျိုးလာတာနဲ့ ရေရှည်ဆက်ဆံရေးပျက်စီးဖို့အစပြုမိသလိုဖြစ်စေပါတယ်။နှစ်ဦးကြား အပြန်အလှန်ယုံကြည်မှုနဲ့ ခွင့်လွှတ်နားလည်ပေးခြင်းက ရေရှည်ဆက်ဆံရေးအတွက်အဓိကကျတဲ့အချက်ဖြစ်ပါတယ်။

(၄)ပွေ့ဖက်ခြင်း

စုံတွဲတွေအနေနဲ့ လူချင်း၊နှလုံးသားချင်းကအမြဲတမ်းနီးကပ်ပြီးရင်းနှီးနေဖို့လိုပါတယ်။တစ်ယောက်နဲ့တစ်ယောက်ပွေ့ ဖက်တာကလည်း အရာရာကို ရင်ဆိုင်ဖို့တစ်ယောက်တည်းမဟုတ်ဘူးဆိုတာအမြဲသတိရစေသလို ချစ်တဲ့သူဘေးနား မှာရှိနေခြင်းဆိုတဲ့အသိကလည်းရေရှည်ဆက်ဆံရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

(၅)အဆက်အသွယ်မပြတ်ခြင်း

ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မယုံသင်္ကာသံသယနဲ့စစ်ဆေးတာမျိုးမဟုတ်ဘဲ အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်ကို ထမင်းစားပြီးပြီလား၊ ရာသီဥတုအေးတယ်ဆိုရင် နွေးနွေးထွေးထွေးနေဖို့၊ အိမ်ပြန်အလာကိုကြိုနေဖို့ စသဖြင့် ခင်ပွန်းကအမြဲတမ်းဆက်သွယ်နေ သင့်သလို ဇနီးသည်ဘက်ကလည်း ခင်ပွန်းသည်အလုပ်အဆင်ပြေရဲ့လား၊ထမင်းအချိန်မှန်စားဖို့၊သွားတာလာတာဂရုစိုက် ဖို့ စသဖြင့်ဂရုတစိုက်ရှိနေကြခြင်းက  ခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခု၊ ရေရှည်ဆက်ဆံရေးကို တည်ဆောက်ဖို့အသုံးဝင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
Credit-shwemom

No comments:

Post a Comment