Selfie ဆိုတာ လူတွေ အားလုံးရဲ့ ဘဝအစိတ်အပိုင်း တစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ ဖုန်းသုံးတဲ့သူတိုင်း Selfie
ရိုက်လေ့ရှိကြပါတယ်။ ရောက်တဲ့နေရာမှာ အမှတ်တရာ Selfie လေးတွေရိုက်ပြီး Facebook , Instagram
တို့လိုလူမှုကွန်ယက်ပေါ်ကို တင်တတ်ကြပါတယ်။ ဒါပေမယ့် Seflie ကောင်းကောင်း တစ်ပုံရဖို့ ဘယ်လောက်
ခက်တယ်ဆိုတာလူတိုင်းသိပါတယ်။ တစ်ခါတစ်လေ တစ်နာရီလောက်အထိ အချိန်ပေးတာတောင် ကိုယ်ကြိုက်တဲ့
ပုံက မထွက်ဘူးဖြစ်နေတတ်ပါတယ်။ ဒီလို အခက်အခဲ ရှိနေသူတွေအတွက် Shwemom ကနေ အကြံဥာဏ်
အချို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) Angle ချိန်တတ်ဖို့လိုပါမယ်။
Angle လို့ပြောတဲ့နေရာမှာ ကင်မရာကို ထားတဲ့ Angle ရယ်၊ မျက်နှာကို ထားတဲ့Angle ရယ်ဆိုပြီး ၂မျိုးရှိပါတယ်။
ကင်မရာဟာ မျက်နှာနဲ့ တည့်တည့်ကြီး ရေပြင်ညီမျဉ်းအတိုင်းရှိနေမယ်ဆို ထွက်လာတဲ့ပုံဟာ ကြည့်မကောင်းဖြစ်
တတ်ပါတယ်။ ကင်မရာဟာ အမြင့်တစ်နေရာရာမှာ ရှိနေမယ်ဆိုရင်တော့ ပိုပြီး ကြည့်ကောင်းတတ်ပါတယ်။ မိမိ
မျက်နှာနဲ့ဘယ်လောက် မြင့်မြင့်မှာ ထားသင့်လဲဆိုတာကတော့ မိမိဘာသာ စမ်းရင်းနဲ့ သိသွားမှာ ဖြစ်ပါတယ်။
အရမ်းကြီးမြင့်လွန်းတာလည်း မကောင်းသလို နီးကပ်လွန်းရင်လည်း ကြည့်မကောင်းဖြစ်တတ်ပါတယ်။

ကင်မရာ Angle ပြီးတော့ နောက်ထပ် အရေးကြီးတာက မိမိမျက်နှာရဲ့ Angleပါ။ မိမိမျက်နှာရဲ့ အကောင်းဆုံး ရှုထောင့်
ကို သိရပါမယ်။ ဘယ်ဘက်လှည့်ရင်ပိုပြီး ကြည့်ကောင်းလဲဆိုတာ ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီလို သိဖို့ကတော့ ဟိုဘက်
စောင်းလိုက် ၊ ဒီဘက်စောင်းလိုက်နဲ့ စမ်းသပ်ရမှာ ဖြစ်ပြီး အကောင်းဆုံး Angle ကို သိသွားရင် မှတ်ထားသင့်ပါတယ်။

(၂) မိမိမျက်နှာပေါ်က အလှဆုံးအပိုင်းကို သိပါစေ။

မိမိရဲ့ အားသာချက်က နှာခေါင်းလား၊ နှုတ်ခမ်းလား၊ မျက်ခုံးလား၊ မျက်လုံးလား၊ ဆံပင်လား၊ သွားလား၊ အပြုံးလား၊
ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း မျက်နှာလေးလား…စတာတွေကို သိဖို့လိုပါတယ်။ ဒါမှသာ မိမိရဲ့ အလှဆုံး အပိုင်းကိုပေါ်လွင်
အောင် ရိုက်နိုင်မှာ ဖြစ်ပါတယ်။

(၃) အလင်းရောင်ရဖို့လည်း အရေးကြီးတယ်။

အလင်းရောင်ရဖို့ ဆိုတာ အရမ်းကြီး လင်းထိန်နေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ အလင်းရောင် လိုအပ်သလောက်ရနေ
ဖို့တော့လိုပါတယ်။ Light Sensitivity အရမ်းကောင်းတဲ့ Huawei P10 & P10 Plus ဖုန်းတွေမှာ ဒီအချက်က
သိပ်မသိသာပေမယ့် သာမန်ဖုန်းတွေမှာတော့ ဒီအချက်ကို သတိပြုသင့်ပါတယ်။ ဖုန်းတိုင်းဟာ အလင်းရောင် နည်းနည်း
မှာ ပုံကောင်းကောင်း မထွက်ကြပါဘူး။ ဒီတော့ အလင်းရောင် ရမယ့်နေရာလေးကိုရွေးပြီး Selfie ရိုက်သင့်ပါတယ်။

(၄) ကိုယ်ပိုင်စတိုင်လေးတွေ ရှိဖို့လိုမယ်။

အခြားသူတွေ Selfie ဘယ်လို ရိုက်လဲ ကြည့်တာလည်း ကြည့်ပေါ့။ ဒါပေမယ့် မိမိဘာသာ စတိုင်လေးလည်း ရှိသင့်
ပါတယ်။ ဒါမှ သူများနဲ့မတူပဲ တမူထူးခြားပြီး ကြည့်ကောင်းနေမှာပါ။ ကိုယ့်ဘာသာ ပို့စ်လေးတွေ ပေါင်းစုံလုပ်ကြည့်ရင်း
အလန်းဆုံး ပို့စ်ကို ရှာကြည့်လို့ရပါတယ်။ လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး မရိုက်ချင်ဘူးဆိုရင်တော့ နားကြပ်ကြိုး
လေးတပ်ပြီး နားကြပ်ကြိုးက တစ်ဆင့်လည်း ရိုက်လို့ရပါတယ်။ သို့မဟုတ် Timer ပေးပြီးတော့လည်း ရိုက်လို့ရပါတယ်။

(၅) Selfie အတွက် သင့်တော်တဲ့ဖုန်းတစ်လုံး ရှိဖို့လိုမယ်။
ဒီအချက်က တစ်ခါတစ်လေ လူတွေ သတိမေ့တတ်တဲ့အချက်ဖြစ်ပါတယ်။ ဖုန်းဝယ်ရင် ဒီအချက်ကို သတိထားရမှာ
ဖြစ်ပါတယ်။ မိမိက Selfie ရိုက်တတ်သူ၊ သို့မဟုတ် ဓာတ်ပုံတွေ ရိုက်ရတာ ဝါသနာပါတတ်သူဆို ဖုန်းတစ်လုံးရဲ့
ကင်မရာကို မဖြစ်မနေကြည့်ရမှာ ဖြစ်ပါတယ်။ ကင်မရာကို ကြည့်တဲ့အခါမှာ Mega Pixel ကို ကြည့်ရမှာ ဖြစ်သလို
အလင်းရောင်နည်းတဲ့အချိန်မှာ ဘယ်လောက်ရုပ်ထွက်ကောင်းအောင် ရိုက်နိုင်လဲဆိုတဲ့ အချက်ကိုလည်း ကြည့်သင့်
ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေမှာတော့ ကင်မရာကို တော်တော်လေး ဦးစားပေးလာတာတွေ့ရပါတယ်။ လက်ရှိ
ဈေးကွက်ထဲမှာ ကင်မရာအကောင်းဆုံးဖုန်းအဖြစ်တော့ Huawei P10 နဲ့ P10 Plus က ဦးဆောင်နေတာလည်း
တွေ့ရပါတယ်။ Dual Leica Camera ဖြစ်ပြီး ရှေ့ဘက်က 12 MP နဲ့ နောက်ဘက်မှာ 20 MP တောင်ပါဝင်ပါ
တယ်။ အလင်းရောင် နည်းတဲ့အချိန်တွေမှာတောင် P10 နဲ့ P 10 Plus ရဲ့ ကင်မရာတွေဟာ တော်တော်ရုပ်ထွက်
ကောင်းပါတယ်။ နောက်တစ်ချက် သဘောကျတာက Portrait Mode ပါ။ Portrait Mode နဲ့ပြောင်းရိုက်ထားတဲ့
ဓာတ်ပုံတွေဟာ ပိုပြီးကြည့်ကောင်းတာကိုလည်းတွေ့ရပါတယ်။

Credit-shwemom

No comments:
Post a Comment