ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, March 17, 2017

ကွန်ပျူတာထက် ပိုတွက်နိုင်တဲ့ လူသားတစ်ယောက်အကြောင်း

ရှကွန်တလာဒေဝီ (Shakuntalar. Devi) (1929- 2013)
ရှကွန်တလာဒေဝီသည် အိန္ဒိယစာရေးဆရာမတစ်ဦးဖြစ်သည်။သူမကို
အိန္ဒိယနိုင်ငံ Bangalore (1929 November 4) တွင်မွေးဖွားခဲ့သည်။ သူမသည်သင်္ချာနှင့်ပတ်သက်သော စာအုပ်အများအပြားကိုရေးခဲ့သည်။
သူမကို (Human computer) လူသား ကွန်ပြူတာဟုလူသိများသည်။
အဘယ်ကြောင့်ဆိုသော် သူမသည်ကိန်းလုံးအများကြီးကိုခဏလေးအတွင်းမှာ
တွက်နိုင်သည်။1977 ခုနှစ် Southern Methodist တက္ကသိုလ် မှာသူမကို
ကိန်းလုံးပေါင်း 201 လုံးတို့၏ 23rd root ကိုမေးမြန်းခဲ့ရာ 50 စက္ကန့် အတွင်း
အဖြေကိုပြောနိုင်သည်။ ထိုအဖြေကို UNIVAC 1101. ကွန်ပြူတာဖြင့်တွက်ရာ 1 မိနစ်ကျော်ကြာမှအဖြေထွက်သည်။1980.ဇွန်လ 18. ရက်နေ့ လန်ဒန်မြို့ Imperial. ကောလိပ် ကွန်ပျူတာဌာနမှကျပန်းဂဏန်း 13.လုံးစီကိုယူ၍(7686369774870×2465099745779) မြှောက်ခိုင်းရာ 28. စက္ကန့်အတွင်း အဖြေသည် 18947668177995426462773730 ဖြစ်ကြောင်း ပြောနိုင်သည်။ဤအကြောင်းကို 1982 တွင် ဂင်းနစ် မှတ်တမ်းစာအုပ်၌ဖော်ပြခြင်းခံခဲ့ရသည်။ သူမသည် 2013 ခုနှစ်ဧပြီလ. 21 ရက်နေ့တွင်ကွယ်လွန်သည်။ သူမကွယ်လွန်ချိန်တွင် အသက် (83) နှစ်အရွယ်ရှိပြီဖြစ်သည်။

Credit; သင်္ချာပညာရပ် နှင့် ပညာရှင်များအကြောင်း


No comments:

Post a Comment