ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, March 21, 2017

အချိန်​နည်းနည်းရမယ်​ဆိုရင်​၊သူတို့​ပြောတာနား​ထောင်​​ပေးလိုက်​ပါ

အပြုံးက ပြောတယ်..
-သင်အောင်မြင်နေတဲ့အခါ ငါ့ကိုမေ့လို့ ရပါတယ်။ ဒါပေမယ့် သင်ကျရှုံးနေခဲ့ရင် ငါ့ကို သတိရပေးစမ်းပါ။ ဘယ်သွားသွား ငါ့ကို မျက်နှာ
မှာ တပ်သွားပါတဲ့။

ဝမ်းနည်းမှုက ပြောတယ်..
-ငါ့ကို သင်ပဲပိုင်တယ်လို့ မထင်ပါနဲ့ ။ ငါက သူများတွေလည်းပိုင်သေးတယ်။ ငါ့အတွက်စဉ်းစားပြီဆိုရင် မျှမျှတတလေးတွေးပါ။ သင့်
မှာပဲ ငါရှိနေတယ်မထင်ပါနဲ့ တဲ့။

ပျော်ရွှင်ခြင်းက ပြောတယ်..
-ငါ့အတွက် အပင်ပန်းခံပြီး တကူးတက စဉ်းစားနေဖို့ မလိုပါဘူး။ သင့်ရဲ့လက်တစ်ဖက်ကို သင်လုပ်ချင်ရာလုပ်နေပါ။ ကျန်လက်တစ်
ဖက်ကိုသူအများအတွက် ကူညီပေးလိုက်ပါ။ ဒါဆို သင် ငါ့ကို ပစ်ထားရာမရောက်ပါဘူးတဲ့။

အချစ်က ပြောတယ်..
-ငါ့ကိုတော့ နေရာတိုင်းခေါ်သွားကြပါ။ သင့်အနားမှာ အမြဲတမ်းငါနေဖို့ လိုတယ်။ ငါက လူတွေအနားမှာ နေဖို့  ဖြစ်တည်လာတာပါ။ ဘယ်
တော့မှာ ချန်မထားခဲ့ပါနဲ့ တဲ့။

အမုန်းက ပြောတယ်..
-သင့်အတွက်ဆိုရင်တောင် ငါ့ကို သတိမရပါနဲ့ ။ ငါဘယ်သူ့ ကိုမှ ကူညီဖို့ ခွန်အားမရှိဘူး။ ငါကိုယ်တိုင်တောင် ခြောက်သွေ့ နေပါသတဲ့။
သံယောဇဉ်က ပြောတယ်..
-ငါက ကြိုးတန်းပဲဖြစ်ချင်တာပါ။ ငါ့ကို နှောင်ကြိုးတွေအဖြစ် ယူမသုံးပါနဲ့ ။ နွယ်ပင်လိုလည်း အသုံးမချပါနဲ့ ။ ငါ နှောင်ဖွဲ့ ရတာနဲ့  မောနေ
ပါပြီတဲ့။

မေတ္တာက ပြောတယ်..
-ငါက ရေနဲ့ တူတယ်။ ပူလောင်မှုတွေကို ငြိမ်းသတ်ပေးတယ်။ ဘယ်လောက်ခိုင်မာတဲ့အတားအစီးတွေဖြစ်ဖြစ် အလွယ်တကူ ထိုးဖောက်
ဖြိုခွင်းတဲ့အစွမ်းကြီးပါသတဲ့။
သစ္စာက ပြောတယ်..
-ငါ့အကြောင်းကွယ်ရာမှာပဲ မပြောပါနဲ့ ။

အရှေ့တင်မှာလည်း ပြောကြပါ။ ငါက နောက်ကွယ်မှာတင် အသုံးပြုလို့ ရတာမျိုးမဟုတ်ပါဘူး၊ ရှေ့ 
တင်မှာလည်း အသုံးပြုလို့ ရပါတယ်။ ငါက အလင်းရောင်ပါတဲ့။

သတ္တိက ပြောတယ်..
- ငါက အရည်အချင်းမဟုတ်သေးဘူး။ အရည်အချင်းရှိလာအောင်ပဲ တွန်းအားပေးတဲ့သဘောပါ။ ငါ့ရဲ့အသုံးအ၀င်ဆုံးအပိုင်းက ပေးသင့်တဲ့
အရာမှန်သမျှကို ပေးသင့်တဲ့သူတွေကို ပေးတဲ့နေရာပဲဖြစ်သတဲ့။

ကြောက်ရွံ့ ခြင်းက ပြောတယ်..
-ငါက လောကမှာ ကြောက်စရာအကောင်းဆုံးပါပဲ။ ငါ့ကို ချစ်တဲ့သူဟာ အမှောင်ထဲမှာပဲ ပုန်းနေရလိမ့်မယ်။ ငါ့ကို ကျောခိုင်းမှ အလင်း
ကို မြင်မှာပါ။ ငါ့ကို ဥပေက္ခာပြုထားပေးပါတဲ့။

မာနက ပြောတယ်..
-ငါ့ကို အရမ်းမဖက်တွယ်ထားပါနဲ့ ။ ငါက ၀န်ထုပ်ဝန်ပိုးပဲ။ အခွင့်အရေးကိုလည်း အလွဲသုံးစားလုပ်တတ်သူလို့ လည်း လူတွေကပြောကြ
တယ်။
ငါ့ကို မချီမထားပါနဲ့ ၊ ငါ့ဟာငါ လမ်းလျှောက်ပါရစေတဲ့။

ဟန်ဆောင်မှုက ပြောတယ်..
-ငါက အပြောင်းအလဲတွေနဲ့ ပျော်နေတတ်သူပါ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ငါ့ကို ခေါ်မသွားပါနဲ့ ။ ငါက လူတွေရဲ့ ရန်သူပါ။

ငါရှိရင် ငြိမ်းချမ်းရေးဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူးတဲ့။

Credit: TrueMan

သူငယ်ချင်းတို့တွေ ဒီစာလေးကို ဖတ်ကြည့်ပြီး စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို လျော့ပေးနိုင်ဖို့ ခွန်အားလေးတစ်ခု ရမှာပါ။
ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် share ပေးခြင်းအားဖြင့် သင့်သူငယ်ချင်းများအား ဗဟုသုတ ဝေမျှနိုင်ခြင်းနှင့် သင်လိုအပ်တဲ့အခါ သင့် စာမျက်နှာမှာ အလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။

No comments:

Post a Comment