ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, March 23, 2017

ကိုယ်​ခန္ဓာအ​ပေါ်ပိုင်းမှ မဲ့အ​ကြောင်းများ


ဘယ်ဘက်ရင်အုံအောက် နံရိုးများအပေါ် မှဲ့ရှိလျှင်
စိတ်အားငယ်တတ်၏။ သူရဲဘောကြောင်တတ်၏။ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးတတ်၏။ မကောင်းမှု၌ မွေ့လျော်စိတ်ဝင်နေတတ်၏။ မိတ်ဆွေများအပေါ်၌ မလိုမုန်းထားစိတ် ရှိနေတတ်၏။ သတ္တဝါလေးများကို ချစ်ခင်သနားစိတ်လည်း ရှိတတ်၏။

ဘယ်ဘက် နံကြားအောက်၌ မှဲ့ရှိလျှင်
ထိုးထွင်းဥာဏ် ကောင်းတတ်၏။ ဘဝ၌ ပျော်ပျော်နေတတ်၏။ အလိုဆန္ဒကြီးမားခြင်း၊ ခေါင်းမာခြင်း၊ ကြီးကျယ်ခမ်းနားခြင်း၊ ရက်ရောခြင်း ရှိသူလည်း ဖြစ်၏။
ညာဘက် နံရိုးအောက် မှဲ့ရှိလျှင်
လူလတ်ပိုင်းအရွယ်တွင် ရပ်ဝေးသို့ထွက်ခွာလျက် စီးပွားရှာဖွေခြင်းဖြင့် ငွေကြေးအမြောက်အမြား ရရှိတတ်၏။

ဘယ်ဘက် ရင်အုံအပေါ်၌ မှဲ့ရှိလျှင်
ကာမဂုဏ်အာရုံစိတ်များ များနေတတ်၏။ ဒေါသများဖြင့် ဆူဝေနေတတ်၏။
ဘယ်ဘက်ရင်အုံအောက်၌ မှဲ့ရှိလျှင်
လူရွယ်လူလတ်ပိုင်း၌ မိမိကိုယ်မိမိ သေကြောင်းကြံစည်တတ်သည်။ အထမြောက် အောင်မြင်မှုမရှိဘဲ ထောင်နန်းစံရတတ်သည်။ တစ်ပါးသူ၏ချောက်တွန်းမှုများကို လက်ခံဆောင်ရွက်မိခြင်း များအတွက် စိတ်သောကများစွာ ရတတ်၏။
အထက်လူကြီးများအပေါ်တွင် ပမာမခန့်၊ မလေးမစား ပြုမူဆောင်ရွက်ခြင်းကြောင့် ဒုက္ခရောက်ရတတ်သည်။ တဇောက်ကန်း တဇွတ်ထိုးစိတ်များကြောင့် ဘေးကြမ္မာဆိုးများနှင့် ရင်ဆိုင်ရတတ်သည်။

ရင်ဘတ်အလယ်တည့်တည့်၌ မှဲ့ရှိလျှင်
ငယ်ရွယ်စဉ်ကာလ၌ အမြင့်တစ်နေရာရာမှ လိမ့်ကျ၍ ကျိုးပဲ့တတ်၏။ စိတ်ဓာတ်ရေးရာ နိမ့်ပါးတတ်၏။ ရိုင်းစိုင်းရက်စက်တတ်၏။ ကံတရား၏မျက်နှာသာပေးမှုကြောင့် ကြီးပွားချမ်းသာတတ်၏။

ရင်ဘတ် ညာဘက်အပေါ်၌ မှဲ့ရှိလျှင်
ဘာသာရေး ကိုင်းရှိုင်းတတ်၏။ စာပေ၊ အနုပညာဆိုင်ရာတို့၌ အရည်အသွေး တောက်ပြောင်တတ်ပြီး နိုင်ငံရေး အမြင် ထက်သန်တတ်၏။ ဥပဒေဘောင်အတွင်း မှီတင်းနေထိုင်မှုကြောင့် ကျော်စောထင်ရှားမှုဖြင့်သာ ဘဝကိုနိဂုံးချုပ်တတ်၏။
ဘဝ၌ ကြီးပွားချမ်းသာတတ်ပြီး၊ မရှိဆင်းရဲသားတို့၏ မှီခိုအားထားစရာ ပုဂ္ဂိုလ်ဖြစ်တတ်၏။ အိမ်ထောင်ရေး အဆင်ပြေပြီးသား ကောင်းသမီးကောင်းများ ထွန်းကားတတ်၏။

ဝမ်းဗိုက် (ချက်)အောက်ပိုင်း၌ မှဲ့ရှိလျှင်
ဘဝတွင် ကံကောင်းသောသူဖြစ်တတ်၏။ သြဇာ အာဏာထက်မြက်တတ်၏။ ချမ်းသာ ကြွယ်ဝတတ်၏။ ပညာရေးထူးချွန်ပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတတ်၏။

ဝမ်းဗိုက် (ချက်)ဝန်းကျင်တွင် မှဲ့ရှိလျှင်
ဘဝတစ်လျှောက်လုံး မပူမပင်၊ မကြောင့်မကျဘဝဖြင့် နေထိုင်နိုင်လေ၏။

ဝမ်းဗိုက် အလယ်အောက်တည့်တည့်၌ မှဲ့ရှိလျှင်
မည်၍မည်မျှပင် ရိုးသားဖြောင့်မတ်စွာဖြင့် ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်စေကာမူ မကောင်းကျိုး၊ ဒုက္ခအပေါင်းသာ ဘဝတစ်ခုလုံးကို ဖိစီးနေတတ်၏။

ကျောပြင်နှင့် ခါးတို့တွင်ရှိသော မှဲ့ပုံရိပ်များ
ကျောရိုးတစ်လျှောက်၌ မှဲ့ရှိလျှင်
ချမ်းသာကြွယ်ဝ၍ ဥစ္စာပစ္စည်းပေါများသူ ဖြစ်တတ်၏။ ဥာဏ်ပညာထူးချွန်ထက်မြက်ပြီး သြဇာအာဏာရှိသူ ဖြစ်တတ်သည်။

ကျောပြင်အထက်ပိုင်း လည်ပင်းအနား၌ မှဲ့ရှိလျှင်
မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များ၌ လူကြီးနေရာရတတ်၏။ ဥာဏ်ပညာထူးချွန်ထက်မြက်ပြီး ချမ်းသာကြွယ်ဝတတ်ပါသည်။
ခါးတွင် မှဲ့ရှိလျှင်
ဘဝ၌ ဆင်းရဲဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရတတ်၏။ အသက်ကြာမြင့်စွာ မနေရတတ်ပေ။

ခါးတည့်တည့်၌ မှဲ့ရှိလျှင်
သက်တမ်းရှည်မြင့်စွာ နေထိုင်ရတတ်၏။
ခါး၏ ညာဘက်ထောင့်၌ မှဲ့ရှိလျှင်
ဘဝ၌ အောင်မြင်မှုများကို ရယူပိုင်ဆိုင်လျက် ဖြတ်သန်းရပေလိမ့်မည်။

ပုခုံးရိုး၊ ချိုင်း၊ လက်မောင်း၊ တတောင်ဆစ်၊ လက်ရုံး၊ လက်ကောက်ဝတ်၊ လက်ဖျံတို့မှ မှဲ့ပုံရိပ်
ညာဘက်ပုခုံး အပေါ်တည့်တည့်၌ မှဲ့ရှိလျှင်
မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ၊ အလုပ်အကိုင်တိုင်း ထမြောက် အောင်မြင်မှုများရရှိတတ်၏။ အလုပ်အပေါ်တွင် သစ္စာရှိတတ်၏။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံတတ်၏။ ငယ်ရွယ်စဉ်ကာလ၌ ဒုက္ခရောက်ရတတ်သော်လည်း အရွယ်ရောက်လာပါက ကြွယ်ဝချမ်းသာတတ်၏။

ဘယ်ဘက်ပုခုံး အပေါ်တည့်တည့်၌ မှဲ့ရှိလျှင်
ဖောက်ပြန်လော်လီတတ်သော မိန်းမတစ်ဦးကြောင့် လူမှုရေး၊ ဂုဏ်သိက္ခာသာမက ငွေကြေးဥစ္စာများပါ ဆုံးရှုံးတတ်၏။ လူယုံသတ်ခံရခြင်း၊ အခိုးခံရခြင်း၊ အလိမ်ခံရခြင်းတို့ ကြုံတွေ့ရတတ်၏။ ဆွေမျိုးသင်္ဂဟများ၏ အရိုးခံအကြံဥာဏ်များကို လိုက်နာကျင့်သုံးသော်လည်း တရားစွဲဆိုခံရခြင်း၊ စော်ကားခံရခြင်း၊ ထိုးခုတ် ရိုက်နှက်ခံရခြင်းများ တွေ့ကြုံရတတ်၏။

ဘယ်ဘက် ပုခုံးရိုးအောက်၌ မှဲ့ရှိလျှင်
ငယ်ရွယ်စဉ်ကာလ၌ ဆင်းရဲတတ်၏။ သက်လတ်ပိုင်းတွင် မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် ဘဝတွင် လူစဉ်မမှီအောင် ဖြစ်တတ်၏။ သို့သော်ငြားလည်း စီးပွားရေး ကြိုးပမ်းအားထုတ်မှုကြောင့် ပြေလည်ချမ်းသာတတ်ပါသည်။

ဘယ်ဘက် ချိုင်းကြားအောက်၌ မှဲ့ရှိလျှင်
နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်သွယ်လုပ်ကိုင်ရသော အလုပ်များကြောင့် အထူးပင် တိုးတက်ဖွံ့ဖြိုးတတ်ပါသည။် လူ့ဘဝသို့ ဆင်းရဲဒုက္ခများနှင့် ရောက်လာခဲ့သော်ငြားလည်း ရုတ်တရက်မမျှော်လင့်ပါဘဲနှင့် ချမ်းသာကြွယ်ဝတတ်ပါသည်။

ညာဘက် ချိုင်းကြားအောက်၌ မှဲ့ရှိလျှင်
လူလတ်၊ လူရွယ်ပိုင်းတွင် သူငယ်ချင်းတစ်ဦး၏ ပယောဂကြောင့် ဒဏ်ရာအနာတရ ကြီးစွာရတတ်ပါသည်။ သက်ကြီးပိုင်းတွင် ဒုက္ခပိုတွေ့ရတတ်၏။ လျှို့ဝှက်

No comments:

Post a Comment