မူးယစ်ဆေးဝါးမှောင်ခို ရောင်းချမှုလုပ်ငန်းနဲ့ အခြားတရားမဝင်ဥပ ဒေနဲ့ ညိစွန်းတဲ့ပြစ်မှုတွေနဲ့ မကြခဏထောင်ဒဏ်ကျခံနေရတဲ့ ဗီ ယက်နမ်အမျိုးသမီး အကျဉ်းသူတစ်ဦးက သူ့ရဲ့နောက်ဆုံးကျခံနေ ရတဲ့ သတ်မိန့်ပြစ်ဒဏ်အတွက် ပြစ်မှုကနေလွတ်မြောက်ဖို့ နည်း လမ်းမျိုးစုံနဲ့ ကြိုးစားပြီးနောက်မှာ
သေဒဏ်ကနေလွတ်မြောက်သွား ခဲ့တယ်လို့ သိရပါတယ်။
ငုယင်သီဟုလို့အမည်ရတဲ့ အသက် ၄၂ နှစ်အရွယ် အဆိုပါအကျဉ်း သူအမျိုးသမီးက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အချိန်က ကွမ်နင်းပြည်နယ် မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ဒဏ်လေးနှစ် ကျပြီးနောက်မှာ သေဒဏ်ပေးခံလိုက်ရတဲ့အတွက် သူမအနေနဲ့ပြစ် မှုက လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတယ်။
တစ်ခုတည်းသောနည်းလမ်း အဖြစ် ကိုယ်ဝန်ဆောင်ပြီး သေဒဏ်ကနေလွတ်မြောက်ဖို့အတွက် သူမဆီကိုသုတ်ပိုးပေးမယ့် အမျိုးသားတစ်ဦးကို ထောင်တွင်းအပူတ ပြင်းရှာဖွေခဲ့ပြီးနောက်ပိုင်းမှာ
အောင်မြင်သွားခဲ့ပါတယ်။
အခန်းဖော် အကျဉ်းသားအမျိုးသားတစ်ဦးထံက သုတ်ပိုးကို ဒေါ် လာ ၂,၂၀၀ နဲ့ဝယ်ယူပြီးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။ သေဒဏ် အမိန့်မပေးခင်မှာ သူမရဲ့ကိုယ်ဝန်က ၇ လနီးပါးရှိတာကြောင့် ဗီ ယက်နမ်ရဲ့ဥပဒေအရ သူမကိုကလေးမီးဖွားခွင့်ပေးပြီး သနားညှာ တာသောအားဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြောင်းလဲကျခံ ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Credit: ဖိုးသူတော်
No comments:
Post a Comment