ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ရုပ်အလောင်းကို
ဂျူဗလီဟောမှာ ထားတော့
နတ်မောက်က ကိုအောင်ဆန်းရဲ့ အမေကြီး အမေစုက
ဂျူဗလီဟော အထိလိုက်သွားပြီး သူ့သားကိုသွားကြည့်
ပြီး အမေစုက ငိုတယ်
ငါ့ထက် နိုင်ငံရေးကို ပိုချစ်တဲ့ အောင်ဆန်းတဲ့
ငါ့ထက် ပြည်သူကို ပိုချစ်တဲ့ အောင်ဆန်းလို့ ပြောပြောပြီး ငိုတယ်
အမေစု ဂျူဗလီဟောက ပြန်လာအပြီး
လမ်းခုလတ်မှာ သတင်းထောက်ဖြစ်တဲ့ ကိုညိုမြက
မှတ်တမ်းမှတ်ရာ ပြုစုဖို့ ကိုညိုမြလူတွေနဲ့ အမေစုကို
ကိုညိုမြတို့ အဖွဲ့က အင်တာ ဗျူးပါလေရောဗျာ
……
……
အမေစု
အမေစုရဲ့ သားကိုအောင်ဆန်းက သူမကျဆုံးခင်မှာ
အမေစု အတွက် ဘာတွေများ ဝယ်ပေးသွားလည်းလို့
ကိုညိုမြကြီးက မေးပါလေရောဗျာ
ကိုညိုမြကြီးလဲ မေးသာမေးနေတာ သူလည်းငိုနေရှာတယ်
အမေစုကလည်း ငိုနေတဲ့ကြားကနေပြန်ဖြေရှာတယ်
ပြီးခဲ့တဲ့ သုံးလ လောက်ကတော့ အမေ့ကို တစ်ခါမှ
ဘာမှ ဝယ်မပေးရသေးလို့ဆိုပြီး မင်းသူငယ်ချင်း
ကိုအောင်ဆန်းကြီးက ငါ့ကို ဝယ်ပေးသွားတယ်
ဘာဝယ်ပေးသွားတာလဲ အမေစု
ကိုအောင်ဆန်းက ငါ့အတွက်ဆိုပြီး သဘက် တစ်ထည်
ဝယ်ပေးသွားပါတယ် သားရယ် တဲ့
ကိုင်း
တစ်နိုင်ငံလုံးကို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်က သူ့အမေ
အတွက် သဘက် တစ်ထည်တဲ့
ဗိုလ်ချုပ်ရာ နိုင်ငံတော် ဘဏ္ဍာငွေကို ဘာလို့မသုံးတာလဲ
ဗျာ ဘာလို့မသုံးတာလဲ . .
.
.
.
Credit : Koko Chit
No comments:
Post a Comment