ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, March 29, 2017

ဘောင်းဘီအဝတ်ခံလိုက်ရတဲ့ ကိုယ်လုံးတီးအရုပ်


တရုတ်နိုင်ငံ ချမ်ချွန်းမြို့လည်က ရင်ပြင်ထဲမှာရှိတဲ့ ကိုယ်လုံးတီးအမျိုးသားရုပ်တုဟာ အဆိုပါမြို့မှာတော့ ထင်ရှားတဲ့ ရုပ်တုတစ်ခုဖြစ်ပါတယ်။ အဆိုပါရုပ်တုဟာ အနုပညာဖော်ပြမှု့တစ်ခုအနေနဲ့ စိုက်ထူထားခြင်းဖြစ်ကာ ယခုအခါမှာတော့ ၎င်းကို ပန်းပွင့်တွေ့ပါတဲ့ ဘောင်ဘီတိုတစ်ထည်ကို လူငယ်လေးတွေက လာရောက်ဝတ်ဆင်ပေးခဲ့ကြပြီး အများသူငှာကြားမှာ ရယ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘောင်ဘီဝတ်ဆင်ပေးခဲ့သူ လူငယ်လေးတွေကတော့ သူတို့ဟာ လူတွေအတွက် ရယ်စရာတစ်ခုဖန်တီးဖို့ ရည်ရွယ်တာမဟုတ်ပဲ၊ အနုပညာတစ်ခုအနေနဲ့သာ ဒီလိုဝတ်ဆင်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

           အဆိုပါရုပ်ထုဟာ ထိုကဲ့သို့ပင် မကြာခဏ ဆင်မြန်းခံရပြီး ၂၀၀၉ ခုနှစ်မှာ ကွန်ဒုံးဝတ်ထားလျှက်မြင်ရပြီး၊ ၂၀၀၇ ခုနှစ်မှာတော့ သူ့ရဲ့ အမျိုးသားတန်ဆာကို အ၀တ်နီများဖြင့် ချည်ထားခြင်းကို တွေ့ရကာ၊ ၂၀၁၃ ခုနှစ်မှာတော့ သူ့ရဲ့လက်ထဲမှာ ၀ိုင်ပုလင်းတွေကို ထည့်ထားပေးပြန်ပါတယ်။

အောင်ခန့်




No comments:

Post a Comment