ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အာရှနိုင်ငံ မှ ရွှေ့ပြော င်းလုပ်သားတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာညှဉ်းပမ်းနှိပ်စက်မှုတွေခံနေ ရတဲ့ဆိုတဲ့ ဖြစ်ရပ်တွေကို သတင်းတွေမှာ တွေ့ဖူး ကြည့်ဖူးကြမှာပါ။ပြည်ပမှာ သွားအလုပ်လုပ်ရင်း ဒုက္ခတွေကို ခါးစည်းခံနေရတဲ့ အာရှနိုင်ငံတွေမှ ရွှေ့ပြောင်း လုပ်သားတွေအများကြီးဖြစ်ပြီး အဲ့ဒီအထဲမှာ Sri Rabitah ဆိုတဲ့ အမျိုးသမီး ဟာလည်း တစ်ယောက်အပါအ၀င်ပါ။ အသက်(၂၅)နှစ်သာရှိသေးပြီး အင်ဒိုနီး ရှားနိုင်ငံ Lombok ကပါ။လွန်ခဲ့တဲ့သုံးနှစ်လောက်က ကာတာ(Qatar)မှာ အလုပ်သွားလုပ်ရင်း ကိုယ်တိုင်တောင် ဘာမှမသိလိုက်ရပဲ ကျောက်ကပ်ထုတ် ယူခံခဲ့ရတာပါ။
သူမဟာ(၂၀၁၄)ခုနှစ်၊ဇွန်လကပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ တစ်ခုရဲ့ အဆက်အသွယ်နဲ့ အရှေ့အလယ်ပိုင်းမှာ အလုပ်ရှာခဲ့ပါတယ်။အစပိုင်း မှာတော့ UAE Abu Dhabi ကိုပို့ပေးမယ်လို့ ပြောခဲ့ပေမယ့် တကယ်ရောက် ခဲ့ရတာကတော့ ကာတာ နိုင်ငံ (Doha)က ပါလက်စတိုင်းမိသားစု တစ်စု ဆီ ကိုပါ။ဒီလိုနဲ့ရောက်ရောက်ချင်းမှာပဲ သူမကို ကျန်းမာရေးစစ်ဆေးမယ်( medical checkup)လုပ်မယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ရောဂါရှိရှိ၊အလုပ်လုပ် ဖို့ ကျန်းမာရေးကောင်း မကောင်းဆိုတာကို သိရဖို့ ခုလို စစ်ဆေးမယ်လို့သိထား ခဲ့တာပါ။ကြောင်းကျိုးခိုင်လုံတာကြောင့် ရိုးသားတဲ့ အင်ဒိုနီးရှားသူလေးက ဒီကိံစ္စအပေါ် လုံးဝသံသယမ၀င်ခဲ့ပါဘူး။ဒါပေမယ့် သူတကယ်ရောက်ခဲ့ရတာက ခွဲစိတ်ခန်းကိုပါ။အားနည်းနေတယ်။ဒါကြောင့် ဆေးထိုးရမယ်လို့ ဆရာဝန်က သူမကို ပြောပြီး ဆေးထိုးခဲ့ပါတယ်။
လက်ခံမယ်၊လက်မခံဘူးဘာတစ်ခွန်းမှကို မပြောလိုက်ရပဲနဲ့ ဆေးထိုးခံခဲ့ရ တာပါ။ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ခွဲစိတ်ခန်းတစ်ခုဆီရောက်ခဲ့ရပါတယ် ။နိုး လာတော့ နောက်ကျောက နာကျင်တယ်ဆိုတာကိုပဲ သိခဲ့ပြီး၊အမာရွတ်တစ်ခု ကျန်တယ်ဆိုတာကိုပဲ သိခဲ့ပါတယ်။ဆီးသွားတဲ့အခါမှာ သွေးပါတာကိုတော့ သ တိထားမိခဲ့ပေမယ့် ကျောက်ကပ်ထုတ်ယူခံလိုက်ရလို့ ခံလိုက်ရမှန်းတောင် မသိ ခဲ့ပါဘူး။နောက်ပိုင်းမှာတော့ သူမရဲ့ကျန်းမာရေးက တဖြည်းဖြည်းဆိုးလာခဲ့ပါ တ ယ်။နောက်ဆုံးမှာတော့ ကျန်းမာရေးမကောင်းတော့ပဲ မကြာခဏ ဖျားနာခဲ့ပါ တ ယ်။ဒီလိုနဲ့ပဲအလုပ်လုပ်ဖို့ မသင့်တော် ဘူးဆိုတဲ့ အကြောင်းပြချက်ပေးပြီး သူမ ရဲ့ နိုင်ငံ အင်ဒိုနီးရှားသို့ လေယာဉ်နဲ့ ပြန်ပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း မကြာခဏဆိုသလို နောက်ကျောမှာ နာ ကျင် မှုဝေဒနာ ခံစားခဲ့ရတယ်ဆိုတာလောက်သာ သိခဲ့တဲ့ Sri တစ်ယောက် မကြာသေးမီကမှ ကျန်းမာရေးဆေးစစ်မှုတစ်ခုလုပ် မှ ကျောက်ကပ်ထုတ်ယူခံ လိုက်ရတာကို သိခဲ့တာပါ။”ကျောက်ကပ်တစ်ခုပဲ ကျန်တော့တယ်လို့ ဆရာဝန် ကပြောတယ်။ညာဖက်ကျောက်ကပ်နေရာမှာ ပြွန်ပုံအင်္ဂါတွေကို အစားထိုးထည့် ထားကြတယ်”လို့ သူမရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြခဲ့ပါတယ်။အစားထိုး ထည့်ပေးလိုက်တဲ့ ပြွန်တွေကို ဖယ်ရှားဖို့ မတ်လ(၂)ရက်နေ့မှာ ဖယ်ရှားဖို့ ခွဲစိတ်မှု တစ်ခု ထပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ကျောက်ကပ်အခိုးခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတရားခံတွေကို အစိုးရက တရားစွဲဆိုပေး ဖို့ မျှော်လင့်နေပါတယ်။
Ref;odditycentral
Credit: ShweMom
Friday, March 03, 2017
ပည်ပမှ အလုပ်သွားလုပ်တဲ့ အင်ဒိုနီးရှားအမျိုးသမီး ကျောက်ကပ် ထုတ်ယူခံလိုက်ရ
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment