တရုတ်နိုင်ငံ၊ Shanghai မြို့နဲ့ Sichuan မြို့တို့ကို ဆက်သွယ်ထားတဲ့ Hu-Rong အဝေးပြေးလမ်းမကြီး တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ သူ့ကားရဲ့ နံပါတ်ပြားကို ပြင်ဆင်ပြီး နံပါတ်ပြောင်းတပ်နေလို့ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ တရားခံ အမျိုးသားဟာ နောက်မှာ ရဲလာနေတာ သတိမထားမိဘဲ သုည နေရာမှာ ရှစ် နံပါတ်ပြောင်းတပ်ဖို့ သူ့ဟာသူ အလုပ်ရှုပ်နေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရမှာပါ။
Pevz1suisv4qbgmqcih9
ရဲသားကြီး ထင်တာက အဝေးပြေးလမ်းမကြီးရဲ့ အရေးပေါ်မျဉ်းလိုင်းထဲမှာ ကားတစ်စီးရပ်ထားလို့ တစ်ခုခု ဖြစ်နေတယ်ထင်ပြီး ကူညီနိုင်ဖို့ လာရောက်ခဲ့တာ ဖြစ်ပေမဲ့ ထင်ထားသလို မဟုတ်ဘဲ မရိုးသားတဲ့နည်းနဲ့ နံပါတ်ပြား ပြင်တပ်နေသူကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မိသားစုနာမည် Liu ဖြစ်တဲ့ တရားခံအမျိုးသားဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က ကျူးလွန်ခဲ့တဲ့ အဲဒီကိစ္စအတွက် ဒဏ်ငွေ ယွမ်ငါးထောင် (ဒေါ်လာ ၇၃၀) အရိုက်ခံရပြီး ၁၅ ရက် အကျဉ်းကျခံရတော့မှာပါ။
Ref: People’s Daily, China
ကျော်လင်းအောင်
No comments:
Post a Comment