တစ်ဖက်က ကောင်းကောင်းအာရုံမစိုက်နိုင်တဲ့အချိန်မှာ ဆွေးနွေးဖို့ကြိုးစားတာက မကောင်းပါဘူး။
၁ - မပြောမီမှာ သင့်စိတ်တည်ငြိမ်တဲ့ထိစောင့်ပါ
သင်ဒေါသထွက်နေဆဲဆိုရင် တစ်ဖက်လူပြောတာကို နားမထောင်နိုင်ပါဘူး။ သင့်ခံစားချက်ကိုပဲ အဓိကထားမိနေပါလိမ့်မယ်။
၂ - ခံစားချက်နဲ့ပြဿနာကို ခွဲထားပါ
တကယ့်ပြဿနာနဲ့မဆိုင်တဲ့ခံစားချက်တွေ ရောယှက်နေတာမျိုးကို ခွဲထုတ်ပါ။ သင်ဝမ်းနည်းနေတာ၊ သင်ဒေါသထွက်နေရတာကြောင့် တစ်ဖက်လူရဲ့အယူအဆဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ မြင်လာတတ်ပါတယ်။
၃ - ပြောသင့်တဲ့အချိန်ထိ စောင့်ပါ
ပြန်ပြီး ညှိုနှိုင်းတဲ့အခါ အချိန်ကောင်းကို ကြည့်ရပါတယ်။ တစ်ဖက်က ကောင်းကောင်းအာရုံမစိုက်နိုင်တဲ့အချိန်မှာ ဆွေးနွေးဖို့ကြိုးစားတာက မကောင်းပါဘူး။ ပြဿနာကို ပြန်အစဖော်သလိုပဲဖြစ်တတ်ပါတယ်။
၎ - တောင်းပန်မှုနဲ့ ပြန်စပါ
နှစ်ဖက်စလုံးခံစားရတာမှန်ပေမဲ့ ကိုယ့်ဘက်က ဒီလိုမပြောသင့်ကြောင်း တောင်းပန်မှုနဲ့ ပြန်စပါ။ တစ်ဖက်လူကလည်း သင့်ကို တောင်းပန်ဖို့ အခွင့်အရေးရသွားပါမယ်။ အရေးကြီးဆုံးကတော့ အပြုသဘောနဲ့ ပြန်စဖို့ပါ။
၅ - တစ်ဖက်လူတွေးနေတာကို ကောက်ချက်ချယူဆချက်တွေ မထုတ်ပါနဲ့
ကိုယ့်ဘက်က ကောက်ချက်ချယူဆချက်တွေကို တစ်ဖက်သတ်ထုတ်တာဟာ အခြေအနေကို ပိုဆိုးဖို့ပဲရှိပါတယ်။
၆ - တစ်ယောက်ကိုတစ်ယောက် စကားပြောဖို့ အခွင့်အရေးပေးပါ
တစ်ဖက်လူကို စကားပြောဖို့အရင်ဆုံးအခွင့်အရေးပေးလိုက်ပါ။
Credit -Duwun
ချစ်သူရည်းစားကြားမှာ ခဏခဏတွေ့နေရတဲ့ပြဿနာလေးတစ်ခုပါ။
ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် share ပေးခြင်းအားဖြင့် သင့်သူငယ်ချင်းများအား ဗဟုသုတ ဝေမျှနိုင်ခြင်းနှင့် သင်လိုအပ်တဲ့အခါ သင့် စာမျက်နှာမှာ အလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။
No comments:
Post a Comment