ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, March 30, 2017

ငွေရှိအောင်ရှာပါ။ငွေမရှိရင်အနှိမ်ခံရမယ်။


ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ

လူတွေက ပိုက်ဆံကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်။ တစ်ချို့လူတွေကပြောတယ် " ဘဝမှာ အရေးကြီးဆုံးဟာ ပိုက်ဆံဘဲ"  " ပိုက်ဆံဆိုတာ ဒီဘဝမှာဘဲ အသုံးပြုနိုင်တာ ဒါကြောင့် များများသုံးရမယ်။ သေရင်လဲ ဒီပိုက်ဆံကို သယ်သွားလို့ရတာမဟုတ်ဘူး။ "

ဟုတ်ပါတယ်။ ပိုက်ဆံဆိုတာ လူ့ဘဝအတွက် အရေးပါတဲ့ အရာတစ်ခုပါဘဲ။ ပိုက်ဆံမရှိဘဲ ထမင်းမစားနိုင်ပါဘူး။ ထမင်းမစားရင် အလုပ်မလုပ်နိုင်ပါဘူး။ အလုပ်မလုပ်ရင် ပိုက်ဆံဆိုတာလဲ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ပိုက်ဆံရှာရပါမယ်။

ငွေရှိရင် လူ့လောက အပူမီးကို အနည်းနဲ့ အများတော့ ငြိမ်းနိုင်မှာပါ။
ဥပမာတစ်ခုပြောရမယ်ဆိုရင် သင့်ညီအကိုမောင်နှမထဲက တစ်ယောက်ယောက် ရောဂါရပြီး အခြေအနေအရမ်းဆိုးနေရင် ဆေးရုံသို့ တင်ရပါတော့မယ်။ ထိုအချိန်မှာ သင်ရော သင့်မိသားစု အနေနဲ့ ပိုက်ဆံ ကုန်ကျစရိတ်မတတ်နိုင်ရင် အပူပေါ်အပူဆင့်နေလိမ့်မည်။

ဒါကြောင့် သင့်အနေနဲ့ အသက်ငယ်ရွယ်တုန်း ပိုက်ဆံရှာနိုင်အောင် ကြိုးစားထားပါ။ သင့်အနေနဲ့ ပိုက်ဆံများစွာရှာနိုင်ရင် သင့်မိသားစုကို ပြန်လည်လုပ်ကျွေးပြုနိုင်မည်။ ပြီးတော့ သင့်ဆွေမျိုးတွေအနေနဲ့  သင့်မိသားစုကို အထင်သေးရဲမှာ မဟုတ်တော့ဘူး။

ပိုက်ဆံရှာမယ်ဆိုတဲ့ နည်းထဲမှာတော့ လောင်းကစားလုပ်ပြီး မရှာစေချင်ပါဘူး။ လောင်းကစားလုပ်တာ ကျွန်တော့အနေနဲ့ တော့ပြောရမယ်ဆိုရင် သူများပိုက်ဆံကို မတရားလိုချင်နေတဲ့ သူလို့ဘဲ သတ်မှတ်ပါတယ်။
အဲ့လိုလူမျိုးက ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သမာအာဇီဝနည်းနဲ့ သန့်သန့်ရှင်းရှင်း ဘဝကို ဥာဏ်သုံးပြီး လုပ်ကိုင်ရှာဖွေကြပါ။ တစ်နေ့ကျရင် အခွင့်အလမ်း သင့်ဆီကို ရောက်လာမှာပါ။

ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် share ပေးခြင်းအားဖြင့် သင့်သူငယ်ချင်းများအား ဗဟုသုတ ဝေမျှနိုင်ခြင်းနှင့် သင်လိုအပ်တဲ့အခါ သင့် စာမျက်နှာမှာ အလွယ်တကူပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။

No comments:

Post a Comment