ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, March 17, 2017

စူပါ ဗီလိန်နှင့် တူချင်သောကြောင့် နှာခေါင်းဖြတ် မျက်နှာပြင်သူ

Henry Damon  လို့အမည်ရတဲ့ မက္ကဆီကိုမှ အမျိုးသားဟာ စူပါ ဗီလိန် တစ်ဦးနဲ့ အင်မတန် ရုပ်တူလိုသောကြောင့် နှာခေါင်းဖြတ်လိုက်ကြောင်း သိရ ပါတယ်။ သူ့ရဲ့ မျက်နှာကို ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ နှာခေါင်းဖြတ်ထားတဲ့ အပြင် နဖူးနဲ့ မျက်ခုံးတစ်ဝိုက်ကိုလည်း ခုံးထ နေအောင် ဆေးထိုးထား ပါတယ်။
Red Skull လို့အမည်ရတဲ့ ဗီလိန်ကို နှစ်သက်လို့ ဖြစ်ပါတယ်။ သူဟာ comic များဖတ်ခြင်း ရုပ်ရှင် ကာတွန်း ကြည့်ခြင်ကို ခုံမင်ပြီး လိုက်လံ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Captain America ဇာတ်ကောင်ရဲ့ ရန်သူ Red Skull ကို ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ Henry ဟာ အသက် ၃၇ နှစ် ရှိပြီး ဖြစ်ပြီး သား ၂ ဦး နဲ့ ဇနီးသည် တစ်ဦး ရှိပါတယ်။ သူ့အနေနဲ့ ယခုလို ပြုလုပ်တာကိုလည်း မိသားစုမှ မတားမြစ်ပါဘူး။
ယခုလို လုပ်လိုက်တော့ မီဒီယာမှာ နာမည်ကြီးလာ ပေမယ့် အများစုကတော့ သူ့အတွက် ရင်လေး မျက်နှာကြိမ်းကြ ပါတယ်။ Emilio Gonzalez လို့အမည်ရတဲ့ ဆေးကျောင်းထွက် ခွဲစိတ်သမား ဆီမှာ သွားရောက် ပြုပြင်ထားခြင်း ဖြစ်ပါတယ်။ မျက်နှာကို ယခုထက် ပိုပြီးတော့ တူအောင် Henry ဟာ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: Metro


No comments:

Post a Comment