ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, March 24, 2017

အသားအရေက ကျောက်တုံးတွေလိုဖြစ်နေရတဲ့ အသက်ရှစ်နှစ်အရွယ်ကလေးငယ်


အသက်ရှစ်နှစ်အရွှယ်ရှိ ဘင်္ဂလားဒေ့ရှစ်နိုင်ငံသား Mehendi Hassan လေးဟာ လွန်စွာရှားပါးလွန်းတဲ့ အရေပြားရောဂါအခြေအနေကြောင့် အသားအရေတွေက ကျောက်တုံးပုံစံတွေလိုဖြစ်နေရပြီး လူတွေရဲ့စွန့်ပြစ်ထားခြင်းကိုခံနေရပါတယ်။

အရေပြားရောဂါဆိုးကို ခံစားနေရတဲ့ Mehendi Hassan လေးကို ရွာသူရွာသားများနဲ့ ကလေးသူငယ်များက ရွှံရှာမုန်းတီးနေကြပြီး လမ်းမှာသူကိုတွေ့တဲ့သူတိုင်းက လန့်ဖြတ်သွားရလို့ အိမ်ထဲမှာသာ အမြဲနေခိုင်းရတယ်လို့ Mehendi ရဲ့မိခင်က စိတ်မကောင်းစွာနဲ့ ပြောဆိုခဲ့ပါတယ်။ Mehendi Hassan ရဲ့ ရောဂါအခြေအနေဟာ သူ့ကိုမွေးဖွားပြီး ၁၂ရက်အကြာ အရေပြားပေါ်မှာ အဖုအပိမ့်သေးလေးတွေ စပေါ်ပေါက်လာခဲ့ရမှာ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ Mehendi ရဲ့ ရောဂါအနေအထားဟာ သူရဲ့ အရေပြားပေါ်မှာ အလွှာထူထဲနေတဲ့ အရေပြားတစ်လွှာကြောင့်ဖြစ်ပြီး ထိတွေ့လိုက်တိုင်း နာနာကျင်ကျင်ခံစားရတယ်လို့ သိရပါတယ်။

ဒီလို ဆိုးရွှားတဲ့ရောဂါဒုက္ခကို ခံစားနေရတဲ့ Mehendi Hassan ကို သူရဲ့မိဘများက ဆရာဝန်များစွာနဲ့ ပြသဖြစ်ခဲ့ပေမယ့် ဆရာဝန်များက Mehendi Hassan ရဲ့ ရောဂါကို ကုသနိုင်ခြင်းမရှိတဲ့အပြင် ရောဂါအခြေအနေကိုပါ အတိအကျ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိခဲ့ပါဘူး ။

ဆင်းရဲနွမ်းပါးလွန်းတဲ့ မိသားစုဖြစ်တာကြောင့် Mehendi Hassan ရဲ့မိဘများက သူတို့ရဲ့သားငယ် ပုံမှန်အခြေအနေရောက်လာအောင် ကူညီကုသပေးဖို့အတွက် ဘင်္ဂလားဒေ့ရှစ်နိုင်ငံရဲ့ အစိုးရကို အကူအညီတောင်းခံထားပါတယ်။ အရေပြားရောဂါဆိုးကို ခံစားနေရပေမယ့် Mehendi က အခြားကလေးငယ်များလို စာလည်းကောင်းကောင်းသင်နိုင်ပြီး ကျန်းမာရေးလည်းကောင်းမွန်သူဖြစ်တယ်လို့ Mehendi မိခင်က ပြောဆိုခဲ့ပါသေးတယ်ခင်ဗျာ။
( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


No comments:

Post a Comment