(နမ့်စန်၊ ဇန်န၀ါရီ ၂၀)
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အမှတ်(၃)ရပ်ကွက် အတုလကာ ရီကျောင်းလမ်းရှိ
ဒေါ်နှင်းမွှေးနေအိမ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက် ၆နာရီ ၄၅ မိနစ် အချိန်ခန့်က သားဖြစ်သူမှ မိခင်နှင့်စကားများပြီး မိခင်ကိုရိုက်နှက် ကာ နေအိမ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သားဖြစ်သူ ကိုကိုဦး (ခ)တိဗွား သည် ပထွေးဖြစ်သူ (ဒေါ်နှင်းမွှေး၏ ခင်ပွန်း ) ဦးမြင့်အောင် ၏ ကြက်ကို ယူချက်စားရာမှ ကိုကိုဦး(ခ)တိဗွား (၂၂ နှစ်) နှင့် မိခင်ဖြစ်သူ ဒေါ်နှင်းမွှေး(၃၈နှစ်) တို့စကားများကြရာ ကိုကိုဦး(ခ) တိဗွား မှ အိပ်ယာဘေးတွင်ထားရှိသော အရှည် ၄ ပေ ခန့်ရှိ သစ် သားချောင်းဖြင့် မိခင်ကိုရိုက်နှက်ပြီး မိခင်မှ ရပ်ကွက်နယ်မြေမှူးကို တိုင်တန်း ရန်သွားစဉ် နေအိမ်အား ကိုကိုဦး(ခ)တိဗွား က မီးရှို့ခဲ့ကြောင်းသိရသည်။
နေအိမ်မီးလောင်နေသည်ကို တွေ့ရှိ၍ ဒေါ်နှင်းမွှေး က ပတ်ဝန်းကျင် သို့အကူအညီတောင်းခံခဲ့ရာ နံနက်၇ နာရီ အချိန်ခန့်တွင် မီးသတ်ယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်း မှ ပြည်သူများ လာရောက်မီးငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့သည်။
မီးလောင်မှုကြောင့် ဒေါ်နှင်းမွှေး ၏ သွပ်မိုး ၊ ထရံကာ ၊ ပျဉ်ခင်း နေအိမ်မှာ အမိုးသာကျန်ရှိပြီး နေအိမ်လုံးမီးလောင်ကျွမ်းကာ ဒေါ်နှင်းမွှေး နေအိမ်ခြေရင်းဘက် ရှိ ဦးမောင်နိုင် ၏ သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ် ခေါင်းရင်းဘက် အခြမ်း ထရံပါ မီးကူးစက်လောင်ကျွမ်းခံရပြီး စုစုပေါင်း ကာလတန်ဘိုး (၃၇၅၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ကာ ဒေါ်နှင်းမွှေး မှာ ကိုကိုဦး(ခ)တိဗွား ရိုက်နှက်သောကြောင့် ဦးခေါင်းဝဲနှင့်ယာ ဂျိုစောင်းများတွင် ပေါက်ပြဲဒဏ်ရာ (၂)ချက် နှင့် ဝဲဘက်ဒူးခေါင်းဖူးရောင်ဒဏ်ရာ များရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ မိခင်အားရိုက်နှက်၍ နေအိမ်အားမီးရှို့ခဲ့သူ ကိုကိုဦး(ခ)တိဗွား ကို နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သူရမောင်(နမ့်စန
No comments:
Post a Comment