Emma Horseman လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူမရဲ့ ချစ်သူ Jordan Walters အား အရမ်းငိုလွန်းတဲ့ အိမ်နီးနာချင်းရဲ့ ကလေးကို အငိုတိတ်စေဖို့ လေသေနတ်ရိုင်ဖယ်နဲ့ ခြောက်လှန့်ချိန်ရွယ်ဖို့ စေခိုင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ လေသေ
နတ်ဟာ မောင်းတင်ပြီးသားဖြစ်ပြီး ကျည်ဖြည့်ထားတာကိုလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ခလုတ်ကို ကျည်မပါဘူးထင်ပြီး နှိပ်မိခဲ့လို့ ကလေးရဲ့ခေါင်းကို လေသေနတ်ကျည် ထိမှန်ပြီး ပြင်းထန်စွာ
ဒဏ်ရာရှိခဲ့ပါတယ်။ လေသေနတ်ဆိုပေမယ့် ထိမှန်အားပြင်းပြီး အပျော်တမ်းအမဲလိုက်ဖို့ အသုံးပြုကြပါတယ်။ ဒါကြောင့် ဒဏ်ရာရရှိခဲ့တဲ့ Harry Studley ကို ဆေးရုံအမြန်တင်ပို့ခဲ့ရပါတယ်။
ဖြစ်စဉ်မှာ ထိုအချိန်တုန်းက Harry ဟာ အသက် 18 လသာ ရှိသေးပြီး၊ မိခင် Amy Allen၊ အစ်ကိုဖြစ်သူ Riley တို့နဲ့အတူ အိမ်နီးနားချင်းဖြစ်တဲ့ Emma နဲ့ Walters တို့ နေထိုင်ရာအိမ်ကို အိမ်လည်သဘောမျိုး သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီမှာ ကလေးငယ် Harry ဟာ ကလေးသဘာဝ အသည်းအသန် ငိုခဲ့လို့ အငိုတိတ်အောင် သေနတ်ပြခြောက်ဖို့ Emma က သူမရဲ့ချစ်သူ Walters ကို စေခိုင်းခဲ့တာပါ။ အဲဒီမှာ မတော်တဆ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို စေခိုင်းမှု ပြုချိန်မှာ Walters ဟာ လေသေနက်ကို သန့်ရှင်းရေးလုပ်နေချိန် ဖြစ်ပြီး၊ Emma က အသည်းအသန်ငိုနေတဲ့ ကလေးကို လက်ညှိုးထိုးကာ ” Harry ကို သေနက်နဲ့ ကြောက်သွားအောင် ပစ်လိုက်စမ်း “လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Walters ဟာ သေနက်ထဲကို ကျည်မရှိဘူးအထင်နဲ့ ခလုတ်ကို ညှစ်ခဲ့တာ ဖြစ်ပါတယ်။
လေသေနတ်ကျည်ဟာ ကလေးငယ်ရဲ့ ဦးခေါင်းခွံကို ထုတ်ချင်းဖောက်သွားခဲ့ပြီး ဆေးရုံမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားနဲ့ တက်ရောက်ခဲ့ရပါတယ်။ ဒီအတွက် Emma တို့ စုံတွဲဟာ တရားစွဲခံရပြီး Bristol Crown Court တရားရုံးမှာ ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။
Emma ကတော့ အပြစ်မရှိဘူးလို့ ငြင်းပယ်ခဲ့ပေမယ့် နှစ်ယောက်စလုံးကို တူညီတဲ့ ဆွဲချက်နဲ့ တင်ခဲ့ပါတယ်။ လက်ရှိအ
ချိန်မှာတော့ Harry ဟာ ပုံမှန်အခြေအနေအတိုင်းနီးပါး ပြန်ကောင်းလာခဲ့ပြီဆိုပေမယ့် စွဲချက်ကိုတော့ ဖြေလျှော့ခြင်း မရှိပါဘူး။ လာမယ့်အပတ်မှာ Emma တို့ စုံတွဲကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ဖွယ် ရှိနေပါတယ်။
လင်းဇော်ကို (Shwemom)
spurce : thesun.co.uk
Thursday, March 02, 2017
ငိုလွန်းတဲ့ကလေးကို အငိုတိတ်ဖို့ လေသေနတ်ခြောက်လှန့်ရင်း မတော်တဆပစ်မိခဲ့
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment