မကြာခင်က ဘီဘီစီ အင်တာဗျူးမှာ က္ဈန်မက မာသာထရီစာ မဟုတ် နိုင်ငံရေးသမား တစ်ယောက်သာ ဖြစ်ပါတယ်လို့ ပြောဆို သွားခဲ့ပါတယ်။.ဒီနေရာမှာ သူမကို နယ်လ်ဆန် မင်ဒဲလားနဲ့ပင် နှိုင်းယှဉ်လို့ မရခဲ့တဲ့ အခြေအနေကို မြင်တတ်အောင် ကြည့်ဖို့ လိုပါတယ်။.မင်ဒဲလားသည် အသားအရောင် ခွဲခြားမှုနဲ့ နိုင်ငံသားများ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ခွင့် ရမည့် ဒီမိုကရေစီ စနစ်ကို နှစ်ပေါင်းများစွာ အကျဉ်းကျခံကာ တိုက်ပွဲ ဝင်ခဲ့သူ ဖြစ်ပြီး ၁၉၉၄ သမ္မတ အဖြစ် ရောက်ရှိ လာခဲ့ရပါတယ်။.သမ္မတ ဘဝမှာ ယခင် အသားအရောင် ခွဲခြားသူ လူဖြူ အစိုးရဟောင်းရဲ့ အနှောက်အယှက် ပေးမှု၊ အာဏာ ပြန်ရအောင် နည်းမျိုးစုံနဲ့ လုံးပမ်းပြီး ၎င်းအား ရာထူးမှ ဖယ်ရှားကာ ဒီမိုကရေစီ အခွင့်အရေးများ ဆုံးရှုံး သွားရမည့် အရေးကို လားလားမျှပင် စိုးရိမ်စရာ မရှိတဲ့ အနေအထားနဲ့ တိုင်းပြည်အတွက် သူ လုပ်ချင်တာ မှန်သမျှ အပူအပင် မရှိ လုပ်ခိုင်ခွင့် ရရှိ သွားခဲ့ပြီး ပထမ သက်တမ်း အပြီးမှာပင် စိတ်ချလက်ချ ရာထူးက အနားယူခွင့် ရသွားခဲ့သူ ဖြစ်ပါတယ်။.ဒေါ်အောင်ဆန်းစုကြည် ခမျာမှာတော့ သူ့လို ကံမကောင်း အကြောင်း မလှခဲ့ရှာပါဘူး။ သူမ ပတ်ပတ်လည်တွင် အာဏာရှင် ဆန်ဆန် အုပ်ချုပ် မင်းလုပ် လိုနေကြဆဲ၊ လောဘ သက္ကာယ အားကြီးပြီး အစွန်းရောက် အမျိုးသားရေးကို အားပေးအားမြှောက် ပြုနေကြတဲ့ ဗိုလ်ချုပ်ကြီးတွေက မျက်လုံး ဒေါက်ထောက် စောင့်ကြည့် နေကြပြီး ၎င်းတို့ ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကြီးကို လက်မှာ အရံသင့် ကိုင်ကာ ကြိုက်တဲ့ အချိန် အာဏာ ပြန်ယူနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။.ဖြစ်ခဲ့ရတဲ့ ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်မှုမှာ စစ်သားတွေကို သူမကိုယ်တိုင် အမိန့် ပေးခဲ့ရခြင်းမျိုးလည်း မရှိသည့်အပြင် ရပ်တန့်အောင် ပြောနိုင်တဲ့ အခွင့်အာဏာလည်း မရှိရှာခဲ့ပါဘူး။.လူသိရှင်ကြား ဝေဖန် ပြောဆိုပြန်ကလည်း သူမ အပတ်တကုတ်နဲ့ အခုလို အာဏာ ခွဲဝေ ပေးတဲ့အထိ ဖြစ်လာရအောင် ရင်ကြား စေ့ခဲ့ရမှုများက အချည်းနှီး ဖြစ်သွားနိုင်ပါတယ်။.မာသာထရီစာလို မေတ္တာ တရားများဖြင့်လည်း ပြောဆို၍ မရပြန်။ နိုင်ငံသား အများစုက ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ဆောင်ရွက်မှုတွေကို သဘောကျနေမှန်း သူမ သိခဲ့ပြီးလည်း ဖြစ်ပါတယ်။.မူဆလင်ဦးရေသည် နိုင်ငံတွင်း ၄% မျှသာ ရရှိပေမဲ့ အရင် ရာစုနှစ်ပေါင်း များစွာက ဗုဒ္ဓဘာသာ နိုင်ငံများ ဖြစ်ခဲ့တဲ့ အာဖဂန် နစ္စတန်နဲ့ အင်ဒိုနီးရှားလို လွှမ်းမိုးခံသွားရမှာကို ပြည်တွင်းမှာ အနည်းနှင့်အများ ဆိုသလို စိုးရိမ် ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။.မည်သည့်အတွက်ကြောင့်မျှ သူမ နိုင်ငံသားများ တောင့်တခဲ့ကြတဲ့ ဒီမိုကရေစီ စနစ်ကို သူမအား မည်မျှပင် နိုင်ငံတကာက စကားတင် ဆိုပါစေ၊ မိမိလို နိုဘဲလ် ဆုရှင်များကပင် ညှာတာရ ကောင်းမှန်းမသိ ဝိုင်းဝန်းကဲ့ရဲ့ လာကြသည်ကိုပင် အမှုမထား။ သူမကြောင့်တော့ ပျက်ပြားအောင် အလုပ်ခံမည်မဟုတ်။ .ယင်းသည်ကား မာသာထရီစာ မဟုတ်၊ နယ်ဆင် မန်ဒဲလား ဖြစ်ခွင့် မရခဲ့ရရှာသော သူမ၏ အမျှော်အမြင် ကြီးလှသော ခေါင်းဆောင်မှုကို ပြသခဲ့ခြင်းသာ ဖြစ်ပါတော့တယ်။
.(ဘန်ကောက်ပို့စ်တွင် သတင်းစာဆရာ Gwynne Dyer ရေးသားခဲ့သော " Suu Kyi's no mother Teresa or Mandela" ဆောင်းပါးကို ကိုးကား တင်ပြခြင်း ဖြစ်ပါသည်။).HSW
No comments:
Post a Comment