မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကား‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့်စည်ကားလျက်ရှိသည်။ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးမှူး၍ နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ စေတီတော်အား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဖြင့်ကပ်လှူပူဇော်ခြင်း၊ နံနက် ၅ နာရီခွဲတွင် ရောင်တော်ဖွင့် တန်ဆောင်း၌ ရွှေတိဂုံစေတီတော် သြ၀ါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ အား အရုဏ်ဆွမ်း ဆက်ကပ်ခြင်း၊ နံနက် ၆ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြပြီး ရေစက်ချအမျှပေးဝေခြင်း၊ နံနက် ၇ နာရီတွင် ရွှေတိဂုံစေတီတော် ၀တ္တကမြေအနောက် ဘက်ရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်၌ ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲကျင်းပခြင်းနှင့် နံနက် ၈ နာရီတွင် ရင်ပြင်တော်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ၂၉ ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲတို့ကို ကျင်းပကြသည်။ရွှေတိဂုံဘုရားလမ်း ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာဝိဇယစေတီတော် ဂန္ဓကုဋီတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံးစံပယ် လျက်ရှိသည့် “မုဉ္စလိန္ဒာ နဂါးမျိုးနွယ်၊ နဂါးကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ် ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထားအပ်သော နာဂစီဝရာပဋ္ဋပဋိမာမြတ်စွာဘုရားဆင်းတုတော်မြတ်” ကို ရောင်ခြည်တစ်ထောင် အလင်း ဆောင်သည့် ဘာနုရာဇာနေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက် ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ၂၀၁၇ ခုနှစ် ဧပြီလ(၁၇)ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ပူဇော်သည်။နေမင်းကြီးက မြတ်စွာဘုရားသခင်အား အလင်းရောင်ဖြင့် ဦးခိုက်ပူဇော်ချိန်တွင် ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားအား ဖူးမြော်ပူဇော်၍ ဆုတောင်း အဓိဌာန်ပြု ကြသည်။ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်၌ စေတီဝင်းအတွင်းရှိ ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော်များက နံနက် ၉ နာရီတွင် သီလပေးတရားတော် များကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို လည်းကောင်း ဟောကြား ချီးမြှင့်တော်မူကြပြီး စေတနာရှင် အလှူရှင်များက ဘုရားဖူး လာပြည်သူများအား စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်။ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားသကဲ့သို့ စတုဒိသာကျွေးမွေးလှူဒါန်းသူများမှာ မိသားစုအလိုက်၊ အဖွဲ့အစည်းအလိုက် များပြားသည်ကိုလည်း တွေ့ရသည်။သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ မွန်းလွဲ ၁ နာရီတွင် အာရုံခံတန်ဆောင်းအပေါ်ထပ်၌ စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသိန်းဦး က နှစ်သစ်မင်္ဂလာအခါတော်နေ့အကြောင်း ဓမ္မပူဇာမင်္ဂလာထောမနာ ပြောကြား၍ မင်္ဂလာသုတ် အမွှန်းရွတ်ဆိုပူဇော်ခြင်း၊ မင်္ဂလာသုတ်ပါဠိတော်ကို ဘာသာရေးဝတ် အသင်းသား အသင်းသူများက စုပေါင်းရွတ်ဖတ်ပူဇော်ကြကာ မေတ္တာပို့အမျှပေးဝေကြသည်။ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂေါပကအဖွဲ့က ကြီးမှူး၍ ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြခြင်း၊ ဆရာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ ၁၉ ကြိမ်မြောက် ဇီဝိတဒါန ငါးလွှတ်ပွဲများကို နှစ်ဦးဒါန အဖြစ် ပြုလုပ်ကြသည်။လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၌ (၁၆) ကြိမ်မြောက် မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရောင်တော်ဖွင့်ခြင်း မင်္ဂလာ အခမ်းအနားတို့ကို နံနက် ၆ နာရီတွင် ဂန္ဓကုဋီတိုက်၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ၀တ်အသင်းအဖွဲ့များက ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ပန်း နှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ မျက်နှာ သစ်တော်ရေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရောင်တော်ဖွင့်ခြင်း မင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ကြကာ အဘယဒါနအဖြစ် ငါးများဘေးမဲ့လွှတ်ကြပြီး ဓမ္မတေးသီချင်းများဖြင့် ပူဇော်ကြသည်။သမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က ကြီးမှူး၍ နံနက် အရုဏ်တက်ချိန်တွင် နှစ်သစ်ကူး ဆွမ်းဦးတင် ကပ်လှူခြင်း၊ နံနက် ၁၀ နာရီ တွင် ကျိုက်ဝိုင်းရွှေလက်ကောက်ကျောင်း ဆရာတော်ထံမှ ပရိသတ်များက ရှစ်ပါးသီလနှင့် ရေစက်ချ တရားတော်တို့ကိုခံယူဆောက်တည်ကြပြီး ရွှေပြည်သာမြို့နယ်မှ စေတနာရှင် အလှူရှင်များက စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းကြသည်။မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)က ကြီးမှူး၍ (၄၄)ကြိမ်မြောက် မွန် သက်ကြီးပူဇော်ပွဲနှင့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသား ကျောင်းသူများအား (၁၄)ကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတို့ကို နံနက် ၉ နာရီက ရွှေတိဂုံဘုရားလမ်းရှိ မွန်ဓမ္မာရုံ၌ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ နိုင်စိုးအောင် က ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး မွန်သက်ကြီး ဘိုးဘွားများကို ရှစ်ခိုးကန်တော့ကာ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုး နိုင်ချစ်ဖေနှင့် အဘွား မိထွေးလှိုင် တို့က သြ၀ါဒစကားများပြောကြားကြသည်။ယင်းနောက် သက်ကြီးဘိုးဘွားများအား ကန်တော့ပစ္စည်းများ လက်ဝယ်အရောက် ဂါရ၀ပြုပေးအပ်ပြီး ထူးချွန်ကျောင်းသားကျောင်းသူ ၁၆ ဦးတို့အား ဆုများပေးအပ်ချီးမြှင့် ကြသည်။ဆရာတော်၊ သံဃာတော်များက မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်များအတွင်းရှိ လမ်းမကြီးများတစ်လျှောက်၌ အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ခြင်း၊ ပရိတ်ရေများပက်ဖျန်းခြင်း၊ ရပ်ကွက်များတွင်လမ်းများအလိုက် ဆရာတော်၊ သံဃာတော်များအားပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရသည်။ယနေ့တွင် ပုဂ္ဂလိက အငှားယာဉ်အချို့နှင့် YBS ယာဉ်လိုင်းအချို့တို့ကလည်း ခရီးသွားပြည်သူများထံမှ ယာဉ်စီးခမယူဘဲ ကုသိုလ်ဖြစ် အခမဲ့စီးနင်းခွင့်ပြုကြကြောင်း သိရသည်။ယနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် အားလျော်စွာ ဘုရားကျောင်းကန် များ၌ ဥပုသ်သီတင်းခံယူဆောက်တည်ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ကြကာ ခေါင်းလျှော်ပေးခြင်း၊ လက်သည်း ခြေသည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေး လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း စသည့် ကုသိုလ်ကောင်းမှု အလှူဒါနအစုစုတို့ ကျင်းပကြသည်ကို ရန်ကုန်တိုင်းဒေသကြီးသာမက မြန်မာပြည်အနှံ့ ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။ ယင်းမှာ မြန်မာတို့၏ ရှေးဘိုးဘွားများလက်ထက်မှစတင်ခဲ့သည့် ကောင်းမြတ်သောရိုးရာ ယဉ်ကျေးမှုအစဉ်အလာ လက်ဆင့်ကမ်းအမွေ ပုံရိပ်ကောင်းများပင် ဖြစ်သည်။Ref : MOI
Monday, April 17, 2017
Home
/
Unlabelled
/
မြန်မာနှစ်ဆန်းတစ်ရက်နေ့ တန်ခိုးကြီးဘုရားများတွင် လှူဒါန်းကုသိုလ်ယူသူများဖြင့် စည်ကား
မြန်မာနှစ်ဆန်းတစ်ရက်နေ့ တန်ခိုးကြီးဘုရားများတွင် လှူဒါန်းကုသိုလ်ယူသူများဖြင့် စည်ကား
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment