ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Saturday, April 22, 2017

အၾကိမ္ၾကိမ္အိမ္ေထာင္ကြဲဖူးခဲ့တဲ့ အမ်ဳိးသမီးေတြ ေျပာျပေပးသြားတဲ့ သင္ခန္းစာ (၅) ခု

အကယ္၍ လူတစ္ေယာက္ဟာ တစ္ၾကိမ္မက အိမ္ေထာင္ကြဲဖူးတယ္ဆုိရင္ သူဟာ အိမ္ေထာင္ေရးကို လက္ေလွ်ာ့အရႈံးေပးခ်င္စိတ္ ျဖစ္သြားတတ္ပါတယ္။ ဘယ္ေတာ့မွ အိမ္ေထာင္မျပဳေတာ့ဘူးလို႔ ဆုံးျဖတ္လုိက္တာ ပိုမိုလြယ္ကူပါလိမ့္မယ္။ ဒါေပမယ့္ ႏွစ္ၾကိမ္ထိ ကြာရွင္းမႈအျပီးမွာေတာင္ အိမ္ေထာင္ဘဝကို က်မ အယုံအၾကည္ရိွေသးတယ္လုိ႕ ဆိုလာသူကေတာ့ Divorce and Still Highly Favored ရဲ႕ ကေလာင္ရွင္ Janice R. Love ပဲျဖစ္ပါတယ္။ အၾကိမ္ၾကိမ္အိမ္ေထာင္ကြာရွင္းခဲ့ၾကတဲ့ အမ်ဳိးသားနဲ႔ အမ်ဳိးသမီးတုိ႔ကို သူမေပးခ်င္တဲ့ မက္ေဆ့ခ်္က… "၁ၾကိမ္၊ ၂ၾကိမ္ သုိ႔မဟုတ္ ၃ ၾကိမ္ထိေအာင္ က်ဆုံးခဲ့ျပီမုိ႔ ခ်စ္ေမတၱာနဲ႔ ကိုယ္ကိုယ္ကုိယ္ လက္ေလွ်ာ့အရႈံးမေပးပါနဲ႔။ ေနာက္ဆုံး ျပန္လည္အိမ္ေထာင္က်သြားတဲ့အခ်ိန္မွာ ဒုတိယအၾကိမ္မက တတိယအၾကိမ္ထိ အခြင့္အေရးရလုိ႔ ေက်းဇူးတင္ရပါလိမ့္မယ္"လုိ႔ Love က ရင္ဖြင့္ခဲ့ပါတယ္။ တစ္ၾကိမ္မက အိမ္ေထာင္ကြဲခဲ့ဖူးတဲ့ အမ်ဳိးသမီးေတြဆီက အၾကံျပဳစကားတခ်ဳိ႕ကို နားေထာင္ၾကည့္ၾကရေအာင္။

၁။ သင့္အတြက္ ဆုံးျဖတ္ခ်က္ေတြ သင္သာ ခ်မွတ္ရမယ္

အကယ္၍ တစ္ၾကိမ္ထက္မက အိမ္ေထာင္ျပဳဖူးျပီး အိမ္ေထာင္ေရးသာယာမႈမရိွပါက ဘဝကို အဲဒီအတုိင္း ဆက္မသြားပါန႔ဲ။ လူတခ်ဳိ႕ သင့္ကို ေဝဖန္ၾကလိမ့္မယ္။ ဒါေပမယ့္ သင္ အဲဒီေဝဖန္ခ်က္ကို သင့္ဘဝမွာ ခ်မွတ္မယ့္ အဓိကဆုံးျဖတ္ခ်က္တုိ႔အေပၚ အက်ဳိးသက္ေရာက္မႈ မေပးသင့္ပါဘူး။ (အိမ္ေထာင္(၃)ၾကိမ္ကြဲဖူးသူ Michelle Poston Combs ရဲ႕စကား)

၂။ သင္ဟာ ရႈံးနိမ့္သူမဟုတ္ပါ

လူေတြက သူတို႔အိမ္ေထာင္ေရးဟာ အတန္အသင့္မၾကိဳးစားခဲ့လုိ႔ သုိ႔မဟုတ္ မွားယြင္းတာတစ္ခုခုရိွလုိ႔ အဆင္မေျပတာလုိ႔ ယူဆၾကပါတယ္။ တကယ္လုိ႔ တစ္ၾကိမ္ထက္ အိမ္ေထာင္ကြဲခဲ့ပါက မိမိကုိယ္ကုိယ္ အျပစ္တင္ဖုိ႔ ပိုလြယ္ပါတယ္။ အမွန္ေတာ့ မိဘ၊ ေဆြမ်ဳိး၊ သူငယ္ခ်င္း၊ အိမ္နီးနားခ်င္းတုိ႔က သင့္အမွားလုိ႔ ေျပာေကာင္းေျပာၾကလိမ့္မယ္။ ဒါေပမယ့္ မယုံပါနဲ႔။ အိမ္ေထာင္သက္တမ္းၾကာတာ တစ္ခုတည္းေသာ အိမ္ေထာင္ေရးေအာင္ျမင္မႈ အကဲျဖတ္တုိင္းတာမႈ မဟုတ္ပါဘူး။ (အိမ္ေထာင္ႏွစ္ခါကြဲဖူးတဲ့ The New "I Do" စာအုပ္ တြဲဖက္ေရးသားသူ Vicki Larson)

၃။ ဘယ္သူ႔ကိုမွ ေျပာင္းလဲလုိ႔ မရပါ

ငါဟာ သူ႔ဖူးစာရွင္အစစ္ျဖစ္ႏုိင္တယ္ဆုိတဲ့ ထင္ေၾကးေတြနဲ႔ အခ်စ္ေရးဆက္ဆံမႈအသစ္တစ္ခု မစတင္ပါနဲ႔။ သူတုိ႔က သူတုိ႔သာျဖစ္ပါတယ္။ ဒါကို လက္ခံရပါမယ္။ ဘယ္သူမဆို မိမိလက္တြဲေဖာ္မယ့္သူကို ေနာက္ေၾကာင္းရာဇဝင္ ေသခ်ာစုံစမ္းပါ။ ေျပာရမွာေတာ့ အားနာပါတယ္။ လူတုိင္းဟာ သူတို႔ေျပာတဲ့အတုိင္း မဟုတ္ၾကပါဘူး။ (အိမ္ေထာင္ ၃ၾကိမ္ကြဲဖူးသူ ေဟာလိဝွဒ္မိတ္ကပ္ပညာရွင္ Dee Dee Marcelli)

၄။ မိမိဘဝအေတြ႔အၾကဳံကို လက္ခံတတ္ျခင္းက အရာအားလုံးကို ေျပာင္းလဲေစျခင္းပါ။

"ဟုတ္ပါတယ္။ က်မ ႏွစ္ၾကိမ္အိမ္ေထာင္ျပဳခဲ့ဖူးတယ္။ လုံးဝမရွက္ပါဘူး။ အဲဒီဘဝသင္ခန္းစာေတြမရိွဘဲ က်မဟာ ခုျဖစ္ေနတဲ့ အမ်ဳိးသမီး က်ိန္းေသေပါက္ ျဖစ္လာစရာ မရိွပါဘူး။ အိမ္ေထာင္ကြဲကြာမႈအေျခအေနတုိင္း ကြဲျပားျပီး နာက်င္မႈအသီးသီး ရွိၾကပါတယ္။ ဒီအေတြ႔အၾကံဳကို က်မတန္ဖုိးထားပါတယ္။ ပထမအိမ္ေထာင္မွာ က်မ ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္ျပဳလုိက္တယ္ဆိုေပမယ့္ အဲဒီကေန ခ်စ္စရာေကာင္းတဲ့ က်မသားေလးႏွစ္ေယာက္ ရလာတယ္။ ဒီဘဝအေတြ႔အၾကံဳေတြကေနတဆင့္ မိမိခြန္အားေတြ၊ အျပစ္အနာစာေတြ လက္ခံျပီး အေနအေျခနဲ႔ သဟဇာတျဖစ္လာခဲ့ပါတယ္။ (အိမ္ေထာင္ ၂ၾကိမ္ကြဲဖူးသူ BRAVO TV ရဲ႕ Married to Medicine က႑က reality star Genise Shelton)

၅။ နားလည္ခြင့္လြတ္မႈက မရိွမျဖစ္

ဘာမဆို သူ႔အခ်ိန္နဲ႔သူ ရိွပါတယ္။ က်မအတြက္ ခြင့္လြတ္နားလည္မႈက ေရွ႕ဆက္ႏုိင္ဖုိ႔အေရးမွာ အခရာျဖစ္ပါတယ္။ ေဝဒနာေပ်ာက္ကင္းျခင္းက မိမိခင္ပြန္းေဟာင္းကိုသာ မဟုတ္ မိမိကိုယ္ကိုယ္ ခြင့္လြတ္ႏုိင္တဲ့အခ်ိန္ကေန စတင္ပါတယ္။ (အိမ္ေထာင္ႏွစ္ၾကိမ္ကြဲဖူးသူ Beverly Hills Insider ဘေလာ့ဂါ Beverly Harris)

Ref: Msn

Unicode

အကယ်၍ လူတစ်ယောက်ဟာ တစ်ကြိမ်မက အိမ်ထောင်ကွဲဖူးတယ်ဆိုရင် သူဟာ အိမ်ထောင်ရေးကို လက်လျှော့အရှုံးပေးချင်စိတ် ဖြစ်သွားတတ်ပါတယ်။ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ပိုမိုလွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် နှစ်ကြိမ်ထိ ကွာရှင်းမှုအပြီးမှာတောင် အိမ်ထောင်ဘဝကို ကျမ အယုံအကြည်ရှိသေးတယ်လို့ ဆိုလာသူကတော့ Divorce and Still Highly Favored ရဲ့ ကလောင်ရှင် Janice R. Love ပဲဖြစ်ပါတယ်။ အကြိမ်ကြိမ်အိမ်ထောင်ကွာရှင်းခဲ့ကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ကို သူမပေးချင်တဲ့ မက်ဆေ့ချ်က… "၁ကြိမ်၊ ၂ကြိမ် သို့မဟုတ် ၃ ကြိမ်ထိအောင် ကျဆုံးခဲ့ပြီမို့ ချစ်မေတ္တာနဲ့ ကိုယ်ကိုယ်ကိုယ် လက်လျှော့အရှုံးမပေးပါနဲ့။ နောက်ဆုံး ပြန်လည်အိမ်ထောင်ကျသွားတဲ့အချိန်မှာ ဒုတိယအကြိမ်မက တတိယအကြိမ်ထိ အခွင့်အရေးရလို့ ကျေးဇူးတင်ရပါလိမ့်မယ်"လို့ Love က ရင်ဖွင့်ခဲ့ပါတယ်။ တစ်ကြိမ်မက အိမ်ထောင်ကွဲခဲ့ဖူးတဲ့ အမျိုးသမီးတွေဆီက အကြံပြုစကားတချို့ကို နားထောင်ကြည့်ကြရအောင်။

၁။ သင့်အတွက် ဆုံးဖြတ်ချက်တွေ သင်သာ ချမှတ်ရမယ်

အကယ်၍ တစ်ကြိမ်ထက်မက အိမ်ထောင်ပြုဖူးပြီး အိမ်ထောင်ရေးသာယာမှုမရှိပါက ဘဝကို အဲဒီအတိုင်း ဆက်မသွားပါနဲ့။ လူတချို့ သင့်ကို ဝေဖန်ကြလိမ့်မယ်။ ဒါပေမယ့် သင် အဲဒီဝေဖန်ချက်ကို သင့်ဘဝမှာ ချမှတ်မယ့် အဓိကဆုံးဖြတ်ချက်တို့အပေါ် အကျိုးသက်ရောက်မှု မပေးသင့်ပါဘူး။ (အိမ်ထောင်(၃)ကြိမ်ကွဲဖူးသူ Michelle Poston Combs ရဲ့စကား)

၂။ သင်ဟာ ရှုံးနိမ့်သူမဟုတ်ပါ

လူတွေက သူတို့အိမ်ထောင်ရေးဟာ အတန်အသင့်မကြိုးစားခဲ့လို့ သို့မဟုတ် မှားယွင်းတာတစ်ခုခုရှိလို့ အဆင်မပြေတာလို့ ယူဆကြပါတယ်။ တကယ်လို့ တစ်ကြိမ်ထက် အိမ်ထောင်ကွဲခဲ့ပါက မိမိကိုယ်ကိုယ် အပြစ်တင်ဖို့ ပိုလွယ်ပါတယ်။ အမှန်တော့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အိမ်နီးနားချင်းတို့က သင့်အမှားလို့ ပြောကောင်းပြောကြလိမ့်မယ်။ ဒါပေမယ့် မယုံပါနဲ့။ အိမ်ထောင်သက်တမ်းကြာတာ တစ်ခုတည်းသော အိမ်ထောင်ရေးအောင်မြင်မှု အကဲဖြတ်တိုင်းတာမှု မဟုတ်ပါဘူး။ (အိမ်ထောင်နှစ်ခါကွဲဖူးတဲ့ The New "I Do" စာအုပ် တွဲဖက်ရေးသားသူ Vicki Larson)

၃။ ဘယ်သူ့ကိုမှ ပြောင်းလဲလို့ မရပါ

ငါဟာ သူ့ဖူးစာရှင်အစစ်ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ အချစ်ရေးဆက်ဆံမှုအသစ်တစ်ခု မစတင်ပါနဲ့။ သူတို့က သူတို့သာဖြစ်ပါတယ်။ ဒါကို လက်ခံရပါမယ်။ ဘယ်သူမဆို မိမိလက်တွဲဖော်မယ့်သူကို နောက်ကြောင်းရာဇဝင် သေချာစုံစမ်းပါ။ ပြောရမှာတော့ အားနာပါတယ်။ လူတိုင်းဟာ သူတို့ပြောတဲ့အတိုင်း မဟုတ်ကြပါဘူး။ (အိမ်ထောင် ၃ကြိမ်ကွဲဖူးသူ ဟောလိဝှဒ်မိတ်ကပ်ပညာရှင် Dee Dee Marcelli)

၄။ မိမိဘဝအတွေ့အကြုံကို လက်ခံတတ်ခြင်းက အရာအားလုံးကို ပြောင်းလဲစေခြင်းပါ။

"ဟုတ်ပါတယ်။ ကျမ နှစ်ကြိမ်အိမ်ထောင်ပြုခဲ့ဖူးတယ်။ လုံးဝမရှက်ပါဘူး။ အဲဒီဘဝသင်ခန်းစာတွေမရှိဘဲ ကျမဟာ ခုဖြစ်နေတဲ့ အမျိုးသမီး ကျိန်းသေပေါက် ဖြစ်လာစရာ မရှိပါဘူး။ အိမ်ထောင်ကွဲကွာမှုအခြေအနေတိုင်း ကွဲပြားပြီး နာကျင်မှုအသီးသီး ရှိကြပါတယ်။ ဒီအတွေ့အကြုံကို ကျမတန်ဖိုးထားပါတယ်။ ပထမအိမ်ထောင်မှာ ကျမ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်တယ်ဆိုပေမယ့် အဲဒီကနေ ချစ်စရာကောင်းတဲ့ ကျမသားလေးနှစ်ယောက် ရလာတယ်။ ဒီဘဝအတွေ့အကြုံတွေကနေတဆင့် မိမိခွန်အားတွေ၊ အပြစ်အနာစာတွေ လက်ခံပြီး အနေအခြေနဲ့ သဟဇာတဖြစ်လာခဲ့ပါတယ်။ (အိမ်ထောင် ၂ကြိမ်ကွဲဖူးသူ BRAVO TV ရဲ့ Married to Medicine ကဏ္ဍက reality star Genise Shelton)

၅။ နားလည်ခွင့်လွတ်မှုက မရှိမဖြစ်

ဘာမဆို သူ့အချိန်နဲ့သူ ရှိပါတယ်။ ကျမအတွက် ခွင့်လွတ်နားလည်မှုက ရှေ့ဆက်နိုင်ဖို့အရေးမှာ အခရာဖြစ်ပါတယ်။ ဝေဒနာပျောက်ကင်းခြင်းက မိမိခင်ပွန်းဟောင်းကိုသာ မဟုတ် မိမိကိုယ်ကိုယ် ခွင့်လွတ်နိုင်တဲ့အချိန်ကနေ စတင်ပါတယ်။ (အိမ်ထောင်နှစ်ကြိမ်ကွဲဖူးသူ Beverly Hills Insider ဘလော့ဂါ Beverly Harris)

Ref: Msn

No comments:

Post a Comment