ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, April 17, 2017

ယခုတလော အဖြစ်များနေတဲ့ အာသီးရောင်ခြင်း အကြောင်း နှင့် ဆောင်ရန် ရှောင်ရန်များ

အာသီးရောင်ခြင်းဆိုတာ လည်ချောင်းအတွင်းမှာရှိတဲ့ Tonsil လို့ခေါ်တဲ့ ဂလင်း ရောင်ရမ်းလာတာဖြစ်ပါတယ်။

၁။ ဘာတွေကြောင့် ဖြစ်ပွားနိုင်လဲ…?

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွား နိုင်ပါတယ်။ ဘက်တီးရီးယားထဲမှာ Streptococcus လို့ခေါ်တဲ့ ရောဂါပိုးကြောင့် အဖြစ်များပါတယ်။

၂။ ဘယ်လိုကူးစက်နိုင်လဲ…?

လေထုထဲမှ တဆင့် ကူးစက်တတ်ခြင်းဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတဆင့် (ချောင်းဆိုးနှာချေခြင်းမှတဆင့်) ကူးစက်နိုင်သလိုလူထူထပ်သော နေရာများအား သွားခြင်း ၊ ဖုန်မှုန့်ရှုမိခြင်း ၊ မသန့်သော ရေ၊အစာ နှင့် ရေခဲများစားမိခြင်းများကြောင့်ဖြစ်နိုင်ပါသည်။

၃။ ဘယ်လိုရောဂါလက္ခဏာမျိုး ခံစားရနိုင်သလဲ…?

– ဖျားခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း
– လည်ချောင်းနာခြင်း (ဘာမှမစားနိုင်တဲ့အထိနာလာနိုင်ပါတယ်။)
– အသံ သြလာခြင်း
– လည်ပင်းမှာရှိတဲ့ အကျိတ်တွေ ကြီးလာခြင်း
– နား၊ နှာခေါင်း၊ လည်ချောင်း ဆက်စပ်နေတဲ့အတွက် ကြောင့် နားနာခြင်း
– မျက်လုံးနီရဲလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

၎။ ရောဂါရှိမှန်း ဘယ်လိုသိနိုင်လဲ.…?

Throat swab (အာခေါင်ထဲမှ ပိုးရှိ၊မရှိ စစ်ဆေးခြင်း)၊ သွေးစစ်ဆေးခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ကုသမှုအနေနှင့်ကတော့ ဘက်တီးရီးယားကြောင့် ဖြစ်ရင် ပိုးသတ်ဆေးသောက်သုံးရပါမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် များသောအားဖြင့် ဆေးသောက်ဖို့ မလိုပါဘူး။

ခန္ဓာကိုယ်အတွင်းကနေ ခုခံနိုင်တဲ့ အရာတွေက ပြန်လည်တိုက်ခိုက်ပေးတာကြောင့် အချိန်ကာလတစ်ခု အရောက်မှာပြန်လည်ကောင်းမွန် သွားတတ်ကြ ပါတယ် (အများစု အာသီးရောင်ခြင်းမှာလည်း ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။)

ရောဂါအရှင်းမသက်သာခင် အရမ်း နာ ပါက ဆားရည်ငုံပေးခြင်း၊ အရည်များများသောက်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။ဒါပေမဲ့ အစားလုံးဝ မမျိုနိုင်တော့ခြင်း၊ အာသီးတွင် ပြည်တည်ခြင်း များရှိပါ က လိုအပ်သော ပဋိဇီဝပိုးသတ်ဆေးများ အား လိုအပ် သော အကြိမ်အရေအတွက် ပမာဏ အတိုင်း သောက်ပေး ရမည် ဖြစ်ပါသည်။

၅။ ဘယ်လိုလူမျိုးတွေမှာ အာသီးဖြတ်ဖို့ လိုအပ်နိုင်မလဲ…?

– အဆမတန် ကြီးလာသော အာသီးကြောင့် အလွန် ကျယ်လောင်စွာ ဟောက်လျှင်၊
– အသက်ရှူလမ်းကြောင်း ပိတ်နိုင်သည်အထိ ဆိုးရွားလျှင်၊
– အာခေါင်ပတ်လည်တွင် ပြည်များ စုလာလျှင်၊
– ပိုးဝင်ခြင်းကြောင့် အဖျားကြီးပြီး တက်လျှင်၊
– တစ်နှစ်တွင် ၅ ကြိမ်နှင့်အထက် ဖြစ်လျှင် ခွဲစိတ်ဖြတ်ထုတ်ဖို့ရန် လိုအပ်ပါတယ်။

၆။ အာသီးဖြတ်ခြင်းရဲ့ ရာဇဝင်

1950 နှောင်းပိုင်းမှ စတင်ပြီး အာသီးဖြတ်ခြင်းဟာ ကောင်းမွန်တဲ့ ကုထုံးအဖြစ် 1970 ပြည့်နှစ်အထိ ခေတ်စား လာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆိုးကျိုးများလည်း ရှိတဲ့အတွက် သိပ်မလုပ်ဖြစ်ကြတော့ ပါဘူး။ ကလေးတွေမှာ စောင့်ကြည့်ကုသခြင်းဟာ အာသီးဖြတ်ခြင်းထက် ပိုကောင်းမွန်တာကို တွေ့ရှိလာ ကြပါတယ်။

၇။ ဘာတွေဆက်ဖြစ်နိုင်လဲ…?

Streptococcus ဘက်တီးရီးယားကြောင့် အာသီးရောင်ရုံသာမက

• အဆစ်ရောင်ခြင်း၊
• နှလုံးထိခိုက်ခြင်း၊
• ပိုးလေးဖက်နာဖြစ်ပြီး နှလုံးအဆို့ရှင်များ ပျက်စီးခြင်း၊
• ကျောက်ကပ်ရောင်ခြင်းကို အထိဖြစ်နိုင်ပါတယ်။

ကာကွယ်ခြင်း

• မသန့်သော အစားအသောက်၊ ရေ နှင့် ရေခဲများကို ရှောင်ပါ။
• ဖုန်ထူထပ်သောနေရာများသို့ သွားပါက နှာခေါင်းစည်း တပ်ပါ။
• လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပါ။
• အာသီးရောင်ရောဂါ ရှိနေသူများ ဖျားနေသူများနှင့် စကားပြောလျှင် သတိထားပါ။
• လေဝင်လေထွက်ကောင်းသော နေရာတွင် နေထိုင်ပါ။
• လူဦးရေထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။

အာသီးရောင်ခြင်းဖြစ်ပွားပါက လိုအပ်သော ဆေးဝါး ကုသမှုများကို ခံယူပါ။လုံလောက်သော ဆေးဝါးကုသခြင်း မရှိပါက သို့မဟုတ် ပဋိဇီဝပိုးသတ်ဆေး များ ကို မိမိသဘောနှင့် မိမိ သောက်သုံးမိပါကအာသီးရောင်ပိုးမှတဆင့် နှလုံး အထိ ရောက်ပြီး နှလုံးအဆို့ရှင် ပျက်စီးခြင်းများထိဖြစ်နိုင်သော ကြောင့် ထိထိရောက်ရောက် ကုသမှုခံယူရန် တိုက်တွန်း လိုပါသည်။

#Credit_Healthcare


No comments:

Post a Comment