ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Monday, April 17, 2017

ဘီယာလည်းသောက် ရောဂါလည်းပျောက်

ဆီးကျောက်တည်တဲ့ဝေနာရှင်တွေအတွက်ပါ။ ကျွန်တော့် အိမ်ရှင်ရဲ့ ကိုယ်တွေ့ ရောဂါပျောက်ကင်းခဲ့တဲ့ ဆေးပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆီးကျောက်တည်တဲ့ရောဂါ ကြောင့်ပုဂ္ဂလိက အထူးကု ဆေးခန်းကိုတက်ပြီး ကုရတယ်။ လင်မယားနှစ်ယောက် မနည်းရုန်းနေရတဲ့ ဘဝ မို့ ကြာတော့ နေ့စဉ် မိုးထိုးနေတဲ့ ဆေးကုသစရိတ် မတတ် နိုင် လောက် အောင်ဖြစ်လာတယ်။

အဲဒီအချိန်မှာ သူတို့လင်မယားနှစ်ယောက် အဆင် မပြေတာကို သိတဲ့ male nurse တစ်ဦးက ဆေးနည်း တစ်ခုပေးလိုက်တယ်။ လင်မယား ၂ ယောက်လည်း ဆေးနည်းရလာတာနဲ့ မဝံ့မရဲအားကိုးတကြီးနဲ့ အိမ်ပြန် လာတာပေါ့။

အိမ်ရောက်တာနဲ့ ညနေပိုင်းလည်းကျရော သူနာပြု… မှာလိုက်တဲ့ဆေးနည်းအတိုင်း ချက်ပြုတ်စားသောက် လိုက်တာ ညဦးပိုင်းကျတော့…ဆီးထသွားပြီး အထဲမှာ တည်နေတဲ့ ကျောက် တွေ အလုံးလိုက် ရော အပိုင်းအစတွေ ရော ဆီးနဲ့အတူထွက် လာပါသတဲ့။ အဲဒီအချိန်ကစပြီး သူလည်း ဒီရောဂါနဲ့ ဆေးရုံ ပြန် မတက် ရတော့ဘူးလို့ဆိုတယ်။

#ဆေးနည်းကတော့…
ဗေဒါ အမြစ်ပါပါတဲ့ အအုံလိုက်ခူးပြီး ရေစင်စင်ဆေး (တစ်အုံလုံးမရရင်လည်း ဗေဒါ ရိုးပေါ့) ပြီးတော့ ဝက်သားသုံးထပ်သား နဲ့ရောချက်ရပါမယ်။ ငြုပ်သီး လုံးဝ မထည့်ရပါ။

အဲဒီ #ဝက်သားဗေဒါအချိုချက် ကို #ဘီယာနဲ့ဆွဲရမှာပါ။ #ကြိုက်သလောက်သောက်ပြီးများများစားပေးရပါမယ်။ ထမင်းနဲ့စားရင်ဟင်းဖြစ်ပေမဲ့ ရောဂါပျောက်ဖို့အတွက်က #ဘီယာနဲ့သာတွဲသောက်ရမှာပါ။

#အရက်နဲ့တွဲသောက်လို့မရပါ။ #ထန်းရည်စစ်စစ်ဆိုရင် တွဲဖက်သုံးဆောင်နိုင်ပေမဲ့ တကယ်စစ်ဖို့လိုပါတယ်တဲ့။ ဒါ့ကြောင့် ဘီယာနဲ့တွဲဖက်သုံးဆောင်ခိုင်းတဲ့ မူရင်း ဆေးအညွှန်းအတိုင်းသာ အကောင်းဆုံးလို့ ဆိုပါတယ်။

ပုံထဲမှာပါတဲ့ဗေဒါတွေလှီးနေသူကတော့ အဆောင်က ညီလေးတစ်ယောက်ပါ။ သူနဲ့အိမ်ရှင်လင်မယား မကြာခဏ အခုလိုချက်စားကြပါတယ်။ Prevention အနေနဲ့လည်းချက်ပြုတ်စားသောက်နိုင်တယ်လို့
ဆိုကြောင်း ပါခင်ဗျား။

ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေ … ။

#မှတ်ချက် – ဘီယာသောက်ဖို့မြှောက်ပေးတာမဟုတ်ပါ။ဆေးနည်းမျှဝေရုံ သက်သက်ပါ။ပထမ Post တင်တုန်းက ကျောက်ကပ် ရောဂါလို့ မှားရေးလိုက်မိတယ်။ ကျောက်ကပ် ရောဂါ မဟုတ်ပါ။ #ဆီးကျောက်တည်တဲ့ရောဂါကိုပြောတာပါ။

#From_BuzzMyanmar


No comments:

Post a Comment