ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Monday, April 24, 2017

သင့္မ်က္နာေလးကိုအလွတိုး ျဖဴ ဝင္းလာေစမည့္နည္းလမ္းမ်ား

လူတစ္ေယာက္ရဲ့ မ်က္ႏွာ ေလးတစ္ခုဟာလည္း သိပ္ကို အေရးႀကီးပါတယ္။ လွလွ မလွလွ ပံုစံ က်က် မက်က် တစ္ခုခ်င္း အစိတ္အပိုင္း ေတြက ၾကည္လင္ေနမယ္။ ရွင္းသန္ ့သပ္ရပ္ေနရမယ္။ သြားေလးဆိုလည္း ေဖြ…းေနမယ္။ မ်က္ႏွာ အသားအေရဟာလည္းၾကည္လင္ေနမယ္ စသျဖင့္ အစိတ္အပိုင္းတိုင္းဟာ ရွင္းသန္ ့ေနမယ္ဆိုရင္ အမ်ားအလယ္မွာ တင့္တယ္ ပါလိမ့္မယ္။
သြား ေလးေတြ ပုလဲစီသလို လွပေအာင္
ပုလဲေလးေတြ စီသလို သြား ေလးေတြ ေဖြးသန္ ့ဖို ့ ေစ်းႀကီးတဲ့ သြားတိုက္ေဆးေတြ ၀ယ္မ သံုးႏိုင္ရင္ ၀မ္းမနည္းပါနဲ ့။ သံပုရာ ရည္တစ္ဇြန္း၊ ဆိုဒါတစ္ဇြန္း၊ ဆားဇြန္း၀က္ ရွိရင္ ျဖဴေဖြးလွပေအာင္ စြမ္းေဆာင္ႏိုင္တဲ့ သြား တိုက္ေဆး ကို ရရွိႏိုင္ ပါတယ္။ ဒီပစၥည္း သံုးမ်ိဳးကို ေရာေမႊၿပိးရင္ မနက္ ည နွစ္ႀကိမ္ တိုက္ပါ။ အကုန္သက္သာတဲ့နည္းနဲ ့ မယံုရင္ စမ္းၾကည့္ ျဖဴေဖြး ေတာက္ပ ေနေစရမယ္လို႕ အာမခံပါတယ္။
အသားမာတက္ၿပီး အမဲစြဲေနရင္
ဒူး တံေတာင္ဆစ္ ေျခမ်က္စိေတြဟာ မည္းမယ္ဆိုတာခ်ည္းပါပဲ။ စိတ္ညစ္ဖို ့ေကာင္းပါတယ္ လို ့ ညည္းေနမယ့္အစား ဒါေလး နဲ ့ လုပ္ၾကည့္ လြယ္လြယ္ေလးပါ။ သံပုရာသီးပဲ လိုပါ တယ္။ သံပုရာသီးကို ထက္ပိုင္းပိုင္းၿပီး အဲဒီ သံပုရာျခမ္းနဲ ့ေန ့စဥ္ ပံုမွန္ ပြတ္တိုက္ေပးပါ။ ထူးျခား သိသာစြာ အညိဳအမဲ အသားမာေတြ ေလ်ာ့ပါး ေပ်ာက္ပ်က္ သြားပါလိမ့္မယ္။
မ်က္ကြင္း ညိဳရင္
မ်က္၀န္း တ၀ိုက္ ညိဳၿပီး အၾကည့္ရဆိုးေနလို ့ မိတ္ကပ္ လိမ္းရင္လည္း မ်က္ကြင္းညိဳၿပီး ထင္း ထင္းႀကီး ျဖစ္ေနလို ့ စိတ္ညစ္ေန တဲ့သူေတြ အတြက္ မ်က္ကြင္း ညိဳ မ်က္အိတ္တြဲ တာေတြ ေပ်ာက္ဖို ့ ေစ်းႀကီးတာေတြ ၀ယ္မသံုးပါနဲ ့။ မီးဖိုထဲက အာလူး တစ္လံုးနဲ ့တင္ ကိစၥၿပီးပါ တယ္။ အာလူးကို အခြံႏြာ အသားေတြကို ပါးပါးလွီး ႏုတ္ႏုတ္စဥ္း လက္နဲ ့ ဆုပ္ၿပီး အရည္ ညွစ္ၿပီးရင္ အာလူးဖတ္ေတြကို မ်က္လံုး တ၀ိုက္ကို အံုေပးပါ။ ၁၀မိနစ္ေလာက္ေတာ့ ၾကာ ေအာင္ ထားပါ။ အဲဒါကို ေန ့စဥ္ (သို ့) ရက္ျခား ဆိုသလို အံုေပးရင္ မ်က္ကြင္း ညိဳျခင္း ကေန ကင္းေ၀း ပါလိမ့္မယ္။
ရင္းေနတဲ့ ၀က္ၿခံ မ်ား ညိႈးသြားေအာင္
၀က္ၿခံ ေပါက္ေနၿပီး ညွစ္ျပန္ေတာ့လည္း အမာရြတ္ ထင္ၿပီး ရင္းဦးမယ္။ လြယ္ပါတယ္။ ၀က္ၿခံ ထိပ္ကို ပ်ားရည္ စြတ္ထားတဲ့ ဂြမ္းေလးနဲ ့ တို ့ေပးပါ။ ၀က္ၿခံ ညိွဳးေျခာက္ၿပီး သူ ့အလို လို အဆံ ထြက္သြားပါလိမ့္မယ္။
အသားပတ္တဲ့ အခါ ခရမ္းခ်ဥ္သီး ကို သတိရပါ
ဒီကိစၥကို ခရမ္းခ်ဥ္သီး က လံုး၀ တာ၀န္ယူႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီး ကို ထက္ျခမ္းျခမ္း အထဲက အဆန္ေတြကိုထုတ္ အႏွစ္ ခ်ည္း သီးသန္ ့နဲ ့ မ်က္ႏွာကို ပြတ္တိုက္ လိမ္းက်ံ ေပးပါ။ ၁၀ မိနစ္ေလာက္ ေနရင္ ေရေႏြးေႏြးနဲ ့ ေဆးခ်ပါ။ အသားပတ္တဲ့ အခါတိုင္း လုပ္ေပးရင္ မ်က္ႏွာ အသားအေရ ပါ ၾကည္လင္ ေခ်ာေမြ ့ သြားလိမ့္မယ္။
ေနေလာင္ရင္ ႏြားႏို ့သံုး
ႏြားႏို ့နဲ ့ ေရခ်ိဳးၿပီး အသားအေရ ကို ထိန္းသိမ္းတဲ့ေခတ္ ဆိုတာ ရွိခဲ့ပါတယ္။ ႏြားႏို ့နဲ ့ေရခ်ိဳးပါလို ့ေတာ့ မတိုက္တြန္း ခ်င္ပါဘူး။ အကုန္အက် မ်ားလို ့ ေခ်ာက္တြန္းတယ္ ထင္ မွာ စိုးလို ့ပါ။ ဒါေပမဲ့ ပင္လယ္ကမ္းစပ္ သြားလို ့ပဲ ေနေလာင္ေလာင္၊ ေနပူထဲ သြားလို ့ပဲ အသားမဲမဲ ႏြားႏို ့ကို ၾကြက္ၾကြက္ဆူေအာင္ ႀကိဳၿပီးရင္ အေအးခံ မလိုင္ကို စားပစ္ပါ။ မလိမ္း ပါနဲ ့ ႏွေမ်ာစရာႀကီး) ၿပီးမွ ဂြမ္းစေလးနဲ ့ ေနေလာင္တဲ့ ေနရာကို ပြတ္သပ္ လိမ္းက်ံ ေပးပါ။ မိနစ္ အနည္းငယ္ၾကာရင္ ေရေဆးလိုက္ပါ။ လုပ္ေလ၊ အက်ိဳးရွိေလ ဆိုတာ လုပ္ဖူးရင္ သိသာလာပါလိမ့္မယ္။

credit – Mg Mandalay & Myanmar Sky Link


Unicode



လူတစ်ယောက်ရဲ့ မျက်နှာ လေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့်သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေ…းနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့်နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။
သွား လေးတွေ ပုလဲစီသလို လှပအောင်
ပုလဲလေးတွေ စီသလို သွား လေးတွေ ဖွေးသန့်ဖို့ ဈေးကြီးတဲ့ သွားတိုက်ဆေးတွေ ဝယ်မ သုံးနိုင်ရင် ဝမ်းမနည်းပါနဲ့။ သံပုရာ ရည်တစ်ဇွန်း၊ ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့ သွား တိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင် မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့ မယုံရင် စမ်းကြည့် ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။
အသားမာတက်ပြီး အမဲစွဲနေရင်
ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို့ကောင်းပါတယ် လို့ ညည်းနေမယ့်အစား ဒါလေး နဲ့ လုပ်ကြည့် လွယ်လွယ်လေးပါ။ သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ သံပုရာခြမ်းနဲ့နေ့စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။
မျက်ကွင်း ညိုရင်
မျက်ဝန်း တဝိုက် ညိုပြီး အကြည့်ရဆိုးနေလို့ မိတ်ကပ် လိမ်းရင်လည်း မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေ တဲ့သူတွေ အတွက် မျက်ကွင်း ညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့ ဈေးကြီးတာတွေ ဝယ်မသုံးပါနဲ့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့ ဆုပ်ပြီး အရည် ညှစ်ပြီးရင် အာလူးဖတ်တွေကို မျက်လုံး တဝိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင် ထားပါ။ အဲဒါကို နေ့စဉ် (သို့) ရက်ခြား ဆိုသလို အုံပေးရင် မျက်ကွင်း ညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။
ရင်းနေတဲ့ ဝက်ခြံ များ ညှိုးသွားအောင်
ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။ လွယ်ပါတယ်။ ဝက်ခြံ ထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့ တို့ပေးပါ။ ဝက်ခြံ ညှိုးခြောက်ပြီး သူ့အလို လို အဆံ ထွက်သွားပါလိမ့်မယ်။
အသားပတ်တဲ့ အခါ ခရမ်းချဉ်သီး ကို သတိရပါ
ဒီကိစ္စကို ခရမ်းချဉ်သီး က လုံး၀ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီး ကို ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့်နဲ့ မျက်နှာကို ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေ ပါ ကြည်လင် ချောမွေ့ သွားလိမ့်မယ်။
နေလောင်ရင် နွားနို့သုံး
နွားနို့နဲ့ ရေချိုးပြီး အသားအရေ ကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ ရှိခဲ့ပါတယ်။ နွားနို့နဲ့ရေချိုးပါလို့တော့ မတိုက်တွန်း ချင်ပါဘူး။ အကုန်အကျ များလို့ ချောက်တွန်းတယ် ထင် မှာ စိုးလို့ပါ။ ဒါပေမဲ့ ပင်လယ်ကမ်းစပ် သွားလို့ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ပဲ အသားမဲမဲ နွားနို့ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။ မလိမ်း ပါနဲ့ နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့ နေလောင်တဲ့ နေရာကို ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊ အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။
credit – Mg Mandalay & Myanmar Sky Link

No comments:

Post a Comment