ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, April 19, 2017

သွားချေး(ဂျိုး)တွေကိုငွေကုန်ကြေးကျမများဘဲ အလွယ်တကူသက်သာစွာချွတ်ကြမယ်


သွားချေးကပ်မှု ဖြေရှင်းပေးမယ့် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ ခံသွားသန့်ရှင်းရေးနဲ့ ပတ်သက်လာရင် သွားချေးတက်ခြင်းက အင်မတန်အဖြစ်များတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ တချို့နည်းလမ်းတွေ အကုန်အကျများနိုင်ပေမယ့် သွားဆရာဝန်ဆီ ချဉ်းကပ်စရာမလိုဘဲ လွယ်ကူသက်သာစွာ  သွားချေးချွတ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ကျန်းမာသန်စွမ်းတဲ့ သွားနဲ့ သွားဖုံးတွေ ပိုင်ဆိုင်လိုပါက ခံတွင်းသန့်ရှင်းရေးက အရေးကြီးအခန်းကဏ္ဍတစ်ခုမှာ ပါဝင်ကြောင်း သိထားဖို့ လိုပါတယ်။ ဥပမာ- သွားကြွေကို ဂရုစိုက်မထိန်းသိမ်းဘူး သို့မဟုတ် သွားချေးတွေ မချွတ်ဘူးဆိုရင် ဖူးရောင်မှုပြသနာတွေ ဖြစ်ပွားပါလိမ့်မယ်။

လိုအပ်သည့်ပစ္စည်းများ·      
   ရေ ၂၅၀ မီလီလီတာ ·       
  သစ်ကြားသီးခွံ ၄၀ ဂရမ် လမ်းညွှန်းချက် ပထမဆုံးလုပ်ရမှာက သစ်ကြားသီးခွံကို ရေနွေးနဲ့ မိနစ် ၂၀ ပြုတ်ပေးရပါမယ်။ ပြီးတော့ သစ်ကြားသီးခွံတွေကို ဖယ်ရှားရပါမယ်။ ပြီးနောက် ရေကို အေးအောင်ထားရပါမယ်။သွားတိုက်တံကို အဲဒီပျော်ဝင်ရေထဲ ၁၀မိနစ်စိမ်ပြီး သွားသန့်စင်မှု စလုပ်ရပါမယ်။ သွားတိုက်တံကို ပျော်ရည်ထဲ ရံဖန်ရံဖန် နစ်ပေးဖို့ လိုအပ်ပါတယ်။အကျိုးရလဒ်ပိုမိုကောင်းမွန်စေရန်အတွက် ဒီလုပ်ထုံးလုပ်နည်းအတိုင်း တစ်နေ့ (၃)ကြိမ် ထပ်ခါထပ်ခါလုပ်ပေးပါ။ဘက်တီးရီးယားပိုး တိုက်ဖျက်ပေးနိုင်တဲ့ပစ္စည်းတွေကြောင့် သစ်ကြားသီးခွံဟာ မလားအပ်တဲ့ သွားဂျိုးတွေ ရှင်းလင်းပေးနိုင်ပါတယ်။ 

Ref: Goodmorningcenter

No comments:

Post a Comment