ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, April 25, 2017

အကျင့်ပျက်ခြစားနေတဲ့ မီးရထားပေါ်ကရဲ



နေပြည်တော်-ပြည် ရထားပေါ်တွင် ခုံနေရာ ပြန်ရောင်းစားနေသော မီးရထားရဲ … ရုပ်သံပျံ့နှံ့

နေပြည်တော်-ပြည်ရထားခရီးစဉ်တစ်ခုတွင်ခုံမဲ့လက်မှတ် နှင့်စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများ အား ရထားတွဲပေါ်အရောက်တွင်မီးရထားရဲ ဒုတပ်ကြပ်မိုးဇော် ဆိုသူအရာရှိက ခုံနေရာများပေးကာ ငွေကြေးကောက်ခံ လျှက် ထပ်မံရောင်းစားနေသည်ကို ခရီးသွားပြည်သူ တစ်ဦး က ဗီဒီယို မှတ်တမ်းတင်ကာ မြန်မာနိုင်ငံမီးရထား ဝန်ထမ်းများ၏ လူမှုကွန်ယက်စာမျက်နှာသို့ ပေးပို့ တိုင်ကြား ခဲ့သည်။

ရထားတွင် ခုံနေရာများ ရှိနေသော်လည်း ခရီးသည်များ ကို ခုံမဲ့လက်မှတ်သာ ရောင်းချပေးပြီး ရထားတွဲပေါ် ရောက်မှ မီးရထားရဲ က ခုံနေရာပေးပြီး ငွေကြေးထပ်မံ ရယူနေမှုသည် နိုင်ငံတော်၏ ဘဏ္ဍာကို လိမ်လည်ခိုးယူ နေသကဲ့သို့ ဝန်ထမ်းများပူးပေါင်းကာအကျင့်ပျက်ချစားမှု ကိုလည်း ဖြစ်စေသည့်အတွက် တာဝန်ရှိသူများ သိရှိ အရေးယူဆောင်ရွက်နိုင်ရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#From_Popolay

No comments:

Post a Comment