ျခင္နဲ႔ သီးႏွံဖ်က္အင္းဆက္ပိုးေတြ ႏွိမ္နင္းဖုိ႔ အိမ္တြင္းအိမ္ျပင္သုံးပုိးသတ္ေဆးနဲ႔ ထိေတြ႔ျခင္းက ေယာက်္ားေလးေတြမွာ လိင္ပိုင္းဆုိင္ရာအရြယ္ေရာက္မႈ ပိုေစာေစႏုိင္ေၾကာင္း သုေတသီေတြက ေလ့လာေတြ႔ရိွခဲ့ပါတယ္။
ေလ့လာမႈလုပ္ခဲ့တဲ့ ပိုးသတ္ေဆးအမ်ဳိးအစား pyrethroids ဟာ ကမာၻတစ္ဝွမ္းပုိးသတ္ေဆးသုံးစြဲမႈရဲ႕ ၃၀ရာခုိင္ႏႈန္းထက္ ပိုတယ္လုိ႔ ေလ့လာမႈဦးေဆာင္သူ တရုတ္ႏုိင္ငံ Zhejiang တကၠသိုလ္က တြဲဖက္ပါေမာကၡ Jing Liu က ေျပာဆိုခဲ့ပါတယ္။ ဒီဓာတုပစၥည္းေတြကို လူ႔ခႏၶာကုိယ္ေဟာ္မုန္းေတြ အေႏွာင့္အယွက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြလုိ႔လည္း သိရပါတယ္။
Pyrethroids ကို ေယာက်္ားေလးမ်ား လူပ်ဳိေပါက္ဝင္ခ်ိန္ ေစာေစတဲ့ သဘာဝပတ္ဝန္းက်င္ကို ဒုကၡေပးတဲ့ အရာလုိ႔ က်ေနာ္တုိ႔ သတ္မွတ္ထားတယ္လုိ႔ ပါေမာကၡ Liu က ဆုိပါတယ္။
လူပ်ိဳ၀င္ခ်ိန္ေစာျခင္းက အရြယ္ေရာက္ခ်ိန္မွာ ေရာဂါအႏၱရာယ္ ျမင့္တက္ေစပါတယ္။ သာဓကအေနနဲ႔ အမ်ဳိးသားေတြမွာ testis ကင္ဆာနဲ႔ အမ်ဳိးသမီးေတြမွာ ရင္သားကင္ဆာေတြ ျဖစ္ေစေၾကာင္း ယခင္ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ ပ်ဳိေဖာ္ဝင္ခ်ိန္ေစာျခင္းက အျပဳအမူပုိင္းဆိုင္ရာျပသနာေတြလည္း ျဖစ္ေစႏုိင္ပါတယ္။
Ref: Indianexpress
Unicode
ခြင်နဲ့ သီးနှံဖျက်အင်းဆက်ပိုးတွေ နှိမ်နင်းဖို့ အိမ်တွင်းအိမ်ပြင်သုံးပိုးသတ်ဆေးနဲ့ ထိတွေ့ခြင်းက ယောကျ်ားလေးတွေမှာ လိင်ပိုင်းဆိုင်ရာအရွယ်ရောက်မှု ပိုစောစေနိုင်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
လေ့လာမှုလုပ်ခဲ့တဲ့ ပိုးသတ်ဆေးအမျိုးအစား pyrethroids ဟာ ကမ္ဘာတစ်ဝှမ်းပိုးသတ်ဆေးသုံးစွဲမှုရဲ့ ၃၀ရာခိုင်နှုန်းထက် ပိုတယ်လို့ လေ့လာမှုဦးဆောင်သူ တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်က တွဲဖက်ပါမောက္ခ Jing Liu က ပြောဆိုခဲ့ပါတယ်။ ဒီဓာတုပစ္စည်းတွေကို လူ့ခန္ဓာကိုယ်ဟော်မုန်းတွေ အနှောင့်အယှက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေလို့လည်း သိရပါတယ်။
Pyrethroids ကို ယောကျ်ားလေးများ လူပျိုပေါက်ဝင်ချိန် စောစေတဲ့ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ အရာလို့ ကျနော်တို့ သတ်မှတ်ထားတယ်လို့ ပါမောက္ခ Liu က ဆိုပါတယ်။
လူပျိုဝင်ချိန်စောခြင်းက အရွယ်ရောက်ချိန်မှာ ရောဂါအန္တရာယ် မြင့်တက်စေပါတယ်။ သာဓကအနေနဲ့ အမျိုးသားတွေမှာ testis ကင်ဆာနဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာတွေ ဖြစ်စေကြောင်း ယခင်လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ပျိုဖော်ဝင်ချိန်စောခြင်းက အပြုအမူပိုင်းဆိုင်ရာပြသနာတွေလည်း ဖြစ်စေနိုင်ပါတယ်။
Ref: Indianexpress
Wednesday, April 19, 2017
ပိုးသတ္ေဆးနဲ႔ပုံမွန္ထိေတြ႕ၾကရတဲ့ ေယာက်္ားေလးေတြဟာ လူပ်ိဳ၀င္ခ်ိန္ပိုေစာၾက
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment