ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Friday, April 28, 2017

သင့္ရဲ႕ တစ္ေယာက္ေသာသူကို ျမတ္ႏုိးတန္ဖုိးထားမႈ ျပသႏိုင္မယ့္ နည္းလမ္းေတြ

သင္ဟာ ခ်ီးက်ဴးေလာက္စရာ ခ်စ္သူ သုိ႔မဟုတ္ ခင္ပြန္းတစ္ဦး ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အခြင့္ၾကဳံတုိင္း သင့္ရဲ႕တစ္ေယာက္ေသာသူကို သင္ဘယ္ေလာက္ ျမတ္ႏိုးတန္ဖုိးထားေၾကာင့္ ျပသပါ။ ဒါေပမယ့္ သင့္လုပ္ေဆာင္ခ်က္ကေတြဟာ သူမသေဘာက်ေလာက္စရာေတာ့ ျဖစ္ရပါမယ္။ သူမဟာ မိမိစိတ္ထဲရိွတဲ့ တစ္ဦးတည္းေသာသူ ျဖစ္ေၾကာင္း ေဖာ္ျပႏုိင္တဲ့ နည္းလမ္းတခ်ဳိ႕က…
၁။ သူမဟာ ဘယ္ေလာက္ ရင္သပ္ရႈေမာဖြယ္ျဖစ္ေၾကာင္း အသိေပးပါ
သင္ သူမနဲ႔ပတ္သက္ျပီး အေသးမႊားဆုံးကိစၥအထိ ဂရုတစုိက္ရိွေနေသးေၾကာင္း သူမကို အျမဲသတိရေစပါ။ "နင္ ဒီေန႔ သိပ္လွတာပဲ" (သုိ႔) "တစ္ခုခု လုပ္ထားလား။ ၾကည့္လုိ႔ သိပ္လွတယ္" စသျဖင့္ ေျပာဆိုပါ။ ဒီလုိစကားေတြေျပာေပးတဲ့အခါ အမ်ဳိးသမီးေတြ သေဘာက်ၾကပါတယ္။
၂။ ေျပာင္ေျမာက္စြာ ခ်ီးမြမ္းစကားဆုိပါ
ဒါက မိမိခ်စ္သူအေပၚ အသိအမွတ္ျပဳမႈ ျပသရန္ ေနာက္ထပ္အေရးပါတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အေလးထားျပီး ခ်ီးမြမ္းစြာစကားေတြ ပါးနပ္စြာ ေရြးခ်ယ္ေျပာဆုိပါ။ သူၾကားခ်င္တဲ့အရာ၊ သူရခ်င္တဲ့အရာ သိနားလည္ေအာင္ ၾကိဳးစားပါ။ ဒီနည္းျဖင့္ သူမႏွလုံးသားကို သိမ္းပိုက္ႏုိင္ပါလိမ့္မယ္။
၃။ သူမၾကိဳက္တဲ့ TV show ေတြ ထုိင္ၾကည့္ေပးပါ
တခါတေလ ဆုိဖာထုိင္ခုံေပၚမထတမ္းထုိင္ျပီး အၾကိဳက္ဆုံးဇာတ္လမ္းတြဲေတြ ၾကည့္ရႈခံစားတာ ကြ်ႏု္ပ္တို႔အားလုံးသေဘာက်ႏွစ္သက္တတ္ၾကပါတယ္။ ဒီေတာ့ ရက္နဲ႔အခ်ိန္ကို ေရြးခ်ယ္သတ္မွတ္ျပီး မိမိေကာင္မေလး အၾကိဳက္ဆုံးဇာတ္လမ္းကို သူမနဲ႔အတူ ထုိင္ၾကည့္ပါ။ ဒါဟာ သူမအတြက္ ၾကည္ႏူးအ့ံမခန္းဖြယ္ျဖစ္ျပီး အတူတူေပြ႔ဖက္လုိ႔ အခ်ိန္ကုန္ဆုံးေစႏုိင္မွာ ျဖစ္ပါတယ္။
၄။ သူနဲ႔ခ်ိန္းေတြ႔ရင္ ျပန္လုိက္ပုိ႔ေပးပါ
မိန္းကေလးတုိင္း ဖူးဖူးမႈတ္အလုိလုိက္တာ ၾကိဳက္ၾကပါတယ္။ ခ်ိန္းေတြ႔တဲ့အခါတုိင္း အိမ္လုိက္ပုိ႔ပါ။ သူမ သေဘာက်မွာ အေသအခ်ာပါပဲ။ 
Ref: Mensxp 


Unicode

သင်ဟာ ချီးကျူးလောက်စရာ ချစ်သူ သို့မဟုတ် ခင်ပွန်းတစ်ဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခွင့်ကြုံတိုင်း သင့်ရဲ့တစ်ယောက်သောသူကို သင်ဘယ်လောက် မြတ်နိုးတန်ဖိုးထားကြောင့် ပြသပါ။ ဒါပေမယ့် သင့်လုပ်ဆောင်ချက်ကတွေဟာ သူမသဘောကျလောက်စရာတော့ ဖြစ်ရပါမယ်။ သူမဟာ မိမိစိတ်ထဲရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်ကြောင်း ဖော်ပြနိုင်တဲ့ နည်းလမ်းတချို့က…

၁။ သူမဟာ ဘယ်လောက် ရင်သပ်ရှုမောဖွယ်ဖြစ်ကြောင်း အသိပေးပါ

သင် သူမနဲ့ပတ်သက်ပြီး အသေးမွှားဆုံးကိစ္စအထိ ဂရုတစိုက်ရှိနေသေးကြောင်း သူမကို အမြဲသတိရစေပါ။ "နင် ဒီနေ့ သိပ်လှတာပဲ" (သို့) "တစ်ခုခု လုပ်ထားလား။ ကြည့်လို့ သိပ်လှတယ်" စသဖြင့် ပြောဆိုပါ။ ဒီလိုစကားတွေပြောပေးတဲ့အခါ အမျိုးသမီးတွေ သဘောကျကြပါတယ်။

၂။ ပြောင်မြောက်စွာ ချီးမွမ်းစကားဆိုပါ

ဒါက မိမိချစ်သူအပေါ် အသိအမှတ်ပြုမှု ပြသရန် နောက်ထပ်အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အလေးထားပြီး ချီးမွမ်းစွာစကားတွေ ပါးနပ်စွာ ရွေးချယ်ပြောဆိုပါ။ သူကြားချင်တဲ့အရာ၊ သူရချင်တဲ့အရာ သိနားလည်အောင် ကြိုးစားပါ။ ဒီနည်းဖြင့် သူမနှလုံးသားကို သိမ်းပိုက်နိုင်ပါလိမ့်မယ်။

၃။ သူမကြိုက်တဲ့ TV show တွေ ထိုင်ကြည့်ပေးပါ

တခါတလေ ဆိုဖာထိုင်ခုံပေါ်မထတမ်းထိုင်ပြီး အကြိုက်ဆုံးဇာတ်လမ်းတွဲတွေ ကြည့်ရှုခံစားတာ ကျွနု်ပ်တို့အားလုံးသဘောကျနှစ်သက်တတ်ကြပါတယ်။ ဒီတော့ ရက်နဲ့အချိန်ကို ရွေးချယ်သတ်မှတ်ပြီး မိမိကောင်မလေး အကြိုက်ဆုံးဇာတ်လမ်းကို သူမနဲ့အတူ ထိုင်ကြည့်ပါ။ ဒါဟာ သူမအတွက် ကြည်နူးအံ့မခန်းဖွယ်ဖြစ်ပြီး အတူတူပွေ့ဖက်လို့ အချိန်ကုန်ဆုံးစေနိုင်မှာ ဖြစ်ပါတယ်။

၄။ သူနဲ့ချိန်းတွေ့ရင် ပြန်လိုက်ပို့ပေးပါ

မိန်းကလေးတိုင်း ဖူးဖူးမှုတ်အလိုလိုက်တာ ကြိုက်ကြပါတယ်။ ချိန်းတွေ့တဲ့အခါတိုင်း အိမ်လိုက်ပို့ပါ။ သူမ သဘောကျမှာ အသေအချာပါပဲ။ 

Ref: Mensxp 

No comments:

Post a Comment