ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Friday, April 21, 2017

ကမၻာေျမေန႔(Earth Day)

ကမၻာေျမေန႔ (Earth Day)
*******************

ကမၻာေျမ၏ ေက်းဇူးတရားတို႔ကို ေအာက္ေမ့တသ သတိရေသာေန႔ကို ကမၻာေျမေန႕ဟု သတ္မွတ္ၾကသည္။ လူသားတို႔၏ ေလာဘမီးသည္ ကမၻာေျမကို ေလာင္တုိက္ သြင္းခဲ့သည္မွာ ၾကာျမင့္ခဲ့ၿပီ။ သူ႔ဝတ္႐ုံ အိုဇုန္းလႊာ ပါးလၽွပုဝါပါးသည္ပင္ လုယု ဆုတ္ျဖဲပစ္ခဲ့ၾကၿပီ။ လွမ္းမိခဲ့ေသာ ေျခရာမ်ားထက္ ၾကမ္းမိခဲ့ေသာ ဒဏ္ရာတို႔က ကမၻာေျမအတြက္ တနင့္တပိုး ထမ္းထားရဆဲ ျဖစ္သည္။ ထို႔ေၾကာင့္ ႏွစ္စဥ္ႏွစ္တုိင္း ဤေန႔ ဤရက္ ေႏြအလယ္က ေအပရယ္ ႏွစ္ဆယ့္ႏွစ္ကို “ကမၻာေျမေန႔”ဟူ၍ နိုင္ငံေပါင္း တစ္ရာ့ငါးဆယ္ေက်ာ္က သတ္မွတ္ခဲ့ၾကသည္။

ကမၻာေၿမ မရွိခင္က ထာဝရဘုရားသခင္သည္ ဖိနပ္စီးစရာ မလိုသည္မွာ ေသခ်ာလွသည္။ ထာဝရဘုရားသခင္သည္ ကမၻာေျမကို ဖန္ဆင္းၿပီး အဘယ္ေၾကာင့္ မေစာင့္ေရွာက္ပါသနည္း။ ျမတ္စြာဘုရားသခင္သည္မွာမူ ကမၻာေျမ၏ သားရတနာ တစ္ပါးသာ ျဖစ္ခဲ့သည္။ မည္သို႔ဆိုေစ အရင္ေပၚ ေနာက္ေပၚ မည္မၽွသာ ျငင္းဆန္ၾကေစ ကမၻာေျမကိုေတာ့ ျမတ္စြာဘုရားခ်စ္ျမတ္ေတာ္မူသည္မွာ ေသခ်ာလွသည္။

"ခ်ီပင့္ ရလွာ၊ ဤအခါကား၊
ေဟမာ ခ်မ္းေဆာင္း၊ ႂကြလွဲ႕ ေျပာင္းသား၊
တေပါင္းေႏြလွ၊ ဂိမွာနဟု၊
သာလွေပ်ာ္မွု၊ သည္ရတု၌၊
ညြန႔္ႏုဆဲဆဲ၊ မီးလၽွံခဲသို႔၊
ရြဲရြဲေျပာင္ေျပာင္၊ ေတာကုန္ေအာင္လည္း၊
ပြင့္ေရာင္တိခ်ည္း၊ ျမင္ေပါမည္း၏၊
ခမည္းေတာ္ေကာင္း၊ ျပည္ေတာ္ေဟာင္းသို႔၊
ဖူးေပါင္းစိမ့္ငွါ၊ ေတာင္းပန္ထြာသည္၊
သြားခါကာလ-
တန္ၿပီတည္း"
(ရွင္အုန္းညိဳ ဂါထာေျခာက္ဆယ္ပ်ိဳ႕)

ကမၻာေျမ၏ သာယာဖြယ္ျဖင့္ ဆြဲေဆာင္ေသာအခါ ဘုရားရွင္သည္ ေကာက္ေကာက္ပါခဲ့သည္။ အမတ္ကိုးေယာက္ ပင့္ေလၽွာက္မွု႔ကို လၽွစ္လွ်ဴရွု႔ခဲ့ေသာ ဘုရားသခင္သည္ ကမၻာေျမ၏ ပန္းတစ္ပြင့္ေၾကာင့္ ခ်က္ျခင္းႂကြေတာ္မူခဲ့သည္။

‘‘အဂၤါရိေနာ ဒါနိ ဒုမာ ဘဒေႏၲ, ဖေလသိေနာ ဆဒနံ ဝိပၸဟာယ၊
ေတ အစၥိမေႏၲာဝ ပဘာသယႏၲိ, သမေယာ မဟာဝီရ ဘာဂီ ရသာနံ"
(ေထရဂါထာပါဠိ)

"ကၽြန္ုပ္ ပင့္ေလၽွာက္လာရေသာ ဤအခါသည္ကား ေဆာင္းအကုန္ ေႏြအကူး တေပါင္းလ ေပ်ာ္ဖြယ္ရာ သာယာလွေသာ သည္ရတုတြင္ ရြက္ႏုမ်ားလည္း ေပၚထြက္လာၾကဆဲ၊ အပြင့္ေတြကလည္း မီေတာက္မီးလၽွံပမာ တေတာလုံး ရြဲရြဲေတာက္လ်က္ခ်ည္း ျဖစ္ပါသည္။ ေကာင္းျမတ္ေသာ ခမည္းေတာ္စံရာ ေနျပည္ေတာ္ေဟာင္းသို႔ အဖူးအေမၽွာ္ခံေတာ္မူရန္ ႂကြေရာက္ေတာ္မူဖို႔ ေတာင္းပန္ပါသည္။ ႂကြေရာက္ေတာ္မူခ်ိန္ တန္ပါၿပီ။" (အရွင္နာဂသိန္)

တစ္ေန႔လၽွင္ ရွစ္မိုင္ႏွုန္းျဖင့္ ကမၻာေျမ၏ သာယာဟန္ကို ရွု႔စားေတာ္မူရင္း ဘုရားရွင္ႂကြေတာ္မူခဲ့သည္။ ရာဇၿဂိဳဟ္ၿမိဳ႕မွသည္ ကပိလဝတ္ျပည္ထိ မုိင္းေပါင္း ၄၈၀၊ ရက္ေပါင္း ေျခာက္ဆယ္တိတိ ျဗဟၼာဦးေခါင္းထက္ ျမတ္ေသာ ေျခဖဝါးေတာ္ကို ကမၻာေျမအား နမ္းရွိုက္ေစခဲ့သည္။

ေနာက္ေတာ္ပါးမွ ခစားလာေသာ အရွင္ဥဒါယီ မေထရ္သည္ ကမၻာေျမ၏ သာယာတင့္ေမာဟန္ကို တစ္ေန႔လွ်င္ ကဗ်ာတစ္ပုဒ္ျဖင့္ သီက်ဴးခဲ့သည္။ ဘုရားရွင္က ကမၻာေျမကို ခ်စ္ခဲ့သည္။ ရွင္ဥဒါယိက ကမၻာေျမကို ျမတ္နိုးခဲ့သည္။ ကမၻာေျမ၏ သားသမီးရတနာ သစ္ပင္မ်ဳိးစိတ္ေပါင္း ၁၆၂-မ်ိဳးကို ရွင္ဥဒါယီ မွတ္တမ္းတင္ခဲ့သည္။

ကမၻာေျမကို အေရးတယူ ဥပမာမူ၍ ေဟာၾကားခဲ့ေသာ သုတၱန္မ်ားစြာရွိသည္။ တရားေဟာေတာ္မူတုိင္း အလ်င္းသင့္သလို ကမၻာေျမ၏ ဂုဏ္ပုဒ္ကို ေဖာ္ထုတ္ေပးခဲ့သည္။ ႀကီးမားျခင္း က်ယ္ျပန္႔ျခင္း သည္းခံႏုိင္ျခင္း အမွုန္မ်ားစြာရွိျခင္း ညိဳမဲျခင္း ေဖြးျဖဴျခင္း။

ဘုရားရွင္သည္ ကမၻာေျမ၏ ဂုဏ္ပုဒ္ကိုသာ ေဖာ္ထုတ္ခဲ့သည္ မဟုတ္။ ကမၻာေျမအား ခ်စ္ျမတ္နိုးတတ္ေစရန္ တပည့္သားရဟန္းမ်ားအား သြန္သင္ခဲ့သည္။
“ န ဟရိေတ အဂိလာေနာ ဥစၥာရံ ဝါ ပႆာဝံ ဝါ ေခဠံ ဝါ ကရိႆာမီတိ သိကၡာကရဏီယာ။”
“စိမ္းစိုေသာ မ်က္သစ္ပင္ရွိရာ အရပ္၌  အေပါ့ အေလး မသြားရ။ တံေတြး မေထြးရ”
“ န ဥဒေက အဂိလာေနာ ဥစၥာရံ ဝါ ပႆာဝံ ဝါ ေခဠံ ဝါ ကရိႆာမီတိ သိကၡာကရဏီယာ။”
“သန္႔ရွင္းေသာ ေရ၌ အေပါ့ အေလး မသြားရ။ တံေတြး မေထြးရ။”
ကမၻာေျမ အလွပ်က္မည္ စိုး၍ အေသးအဖြဲကအစ စည္းကမ္း သတ္မွတ္ ပညတ္ေတာ္ မူခဲ့သည္။

သစ္ပင္ ပန္းမာလ္ႏွင့္ ပတ္သက္၍လည္း ဘုရားရွင္ သတိေပးခဲ့ေသာ ပညတ္ခ်က္မ်ားစြာ ရွိေသးသည္။ အလဟတ္သတ္ မ်က္တစ္ပင္ေသာ္မွ ႏွုတ္ပယ္ မပစ္ေကာင္း။ သူ႔သဘာဝ သူ႔အလွေလးနဲ႔သူ ရွိေစခ်င္ခဲ့သည္။ ကမၻာေျမ၏ ေႏြးေထြးမွုႏွင့္ သစ္ပင္ေတာေတာင္၏ ေအးခ်မ္းမွုကို ခံစားတတ္ေစရန္ တပည္းသားရဟန္းတိုင္းကို သစ္ပင္ေအာက္မွာသာ ေနေစခ်င္ခဲ့သည္။

ျမက္ေလးတစ္ပင္ သစ္ပင္ေလး တစ္ခက္ေသာ္မွ လူသားတို႔၏ ေက်းဇူးရွင္ဟူ၍ ဘုရားရွင္သတ္မွတ္ေတာ္ မူခဲ့သည္။ သစ္ပင္သစ္ရြက္ကိုေသာ္မွ ေက်းဇူးရွင္စာရင္းမွာ ဘုရားသြင္းေပးခဲ့ေသးလၽွင္ သစ္ပင္တို႔၏ ဖခင္ ကမၻာေျမသည္ ျမင့္မိုရ္ေတာင္ဦး မကက်ဴးသားဟုသာ ဆိုရခ်ိမ့္မည္။

“ယႆ ႐ုကၡႆ ဆာယာယ၊ နိသီေဒယ် သေယယ် ဝါ၊
န တႆ ပတၱံ ဟႎေသယ်၊ မိတၱဒုေဗၻာ ဟိ ပါပေကာ”
“အၾကင္ သစ္ပင္၏ အရိပ္ကို ခိုဖူး၏။ သူ႔အရိပ္မွာ ေမွးမွိတ္ နားခိုဖူး၏။
ထိုသစ္ပင္၏ အရြက္ကိုေသာ္မွ မခ်ိဳး မဆိတ္ရာ။ ခ်ိဳးဆိတ္ခဲ့ေသာ္ မိတ္ေဆြယုတ္သည္မည္၍ မိုက္မဲရာက်၏”

ကမၻာေျမ၏ သားသမီးရတနာ သစ္ပင္မ်ားစြာကို နားခိုးသည္။ ေအးရိပ္ဆာယာ ေတာသာယာမွာ ေမွးမွတ္ဖူးသည္။ သို႔ေသာ္ ကမၻာေျမကိုေတာ့ အားနာရေကာင္းမွန္း မသိခဲ့။ ဖ်က္စီးသည္။ မေစာင့္ေရွာက္ဘဲ ေစာ္ကားေမာ္ကား ျပဳခဲ့သည္။ ထိုအျပစ္မ်ားစြာ၏ ဒဏ္ခတ္ျခင္းကို ခံခဲ့ရၿပီ။ ေနဆယ္စင္း လမင္းတစ္ရာ မထြက္ေပၚေသးေသာ္လည္း ကမၻာေျမကေတာ့ သူ႔အပူကို ရင္ႏွင့္္ မခ်ိေအာင္ ခံစားေနရၿပီ။

အို ခ်စ္ေသာ ကမၻာေၿမ ေအးပါေစ။
ေအးပါေစ အို ခ်စ္ေသာ ကမၻာေျမ။

Ashin Vilasaggalankara

ကမာၻေျမကို လြမ္းသေလ
*****************

ေျခရာကေပ်ာက္ ေရကေနာက္
ေပ်ာက္လို႔လိုက္ရွာ
ဘလက္ဟိုးထဲ မွာ ႕႕႕႕

ျကယ္ေတြကိုေပြ႕ဖက္
နဂါးေငြ႕ယာဥ္ျကီးစီး
ကမာၻျကီးေဝးရာ
ေျပးထြက္႕႕႕႕႕႕

ေျမာက္ကြ်န္းကလူေတြ
ျဂိဳဟ္သားအသစ္ကို
ဟားတိုက္ရီေမာ
တေသာေသာ နဲ႔ ႕႕႕႕

ငါ ေလ ငါေလ
အျခားကလူပါေလ
သို႔ေပမယ့္ေလ
ကမာၻ ေျမကို လြမ္းသေလ ႕႕႕႕႕

( ကမာၻ ေျမေန႔ အမွတ္တရ )

#kazaw
မွ တ္ စု ျက မ္း  မွ မွ်ေဝပါသည္။





Unicode

ကမ္ဘာမြေနေ့ (Earth Day)
*******************

ကမ္ဘာမြေ၏ ကျေးဇူးတရားတို့ကို အောက်မေ့တသ သတိရသောနေ့ကို ကမ္ဘာမြေနေ့ဟု သတ်မှတ်ကြသည်။ လူသားတို့၏ လောဘမီးသည် ကမ္ဘာမြေကို လောင်တိုက် သွင်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ သူ့ဝတ်ရုံ အိုဇုန်းလွှာ ပါးလျှပုဝါပါးသည်ပင် လုယု ဆုတ်ဖြဲပစ်ခဲ့ကြပြီ။ လှမ်းမိခဲ့သော ခြေရာများထက် ကြမ်းမိခဲ့သော ဒဏ်ရာတို့က ကမ္ဘာမြေအတွက် တနင့်တပိုး ထမ်းထားရဆဲ ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဤနေ့ ဤရက် နွေအလယ်က အေပရယ် နှစ်ဆယ့်နှစ်ကို “ကမ္ဘာမြေနေ့”ဟူ၍ နိုင်ငံပေါင်း တစ်ရာ့ငါးဆယ်ကျော်က သတ်မှတ်ခဲ့ကြသည်။

ကမ္ဘာမြေ မရှိခင်က ထာဝရဘုရားသခင်သည် ဖိနပ်စီးစရာ မလိုသည်မှာ သေချာလှသည်။ ထာဝရဘုရားသခင်သည် ကမ္ဘာမြေကို ဖန်ဆင်းပြီး အဘယ်ကြောင့် မစောင့်ရှောက်ပါသနည်း။ မြတ်စွာဘုရားသခင်သည်မှာမူ ကမ္ဘာမြေ၏ သားရတနာ တစ်ပါးသာ ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ အရင်ပေါ် နောက်ပေါ် မည်မျှသာ ငြင်းဆန်ကြစေ ကမ္ဘာမြေကိုတော့ မြတ်စွာဘုရားချစ်မြတ်တော်မူသည်မှာ သေချာလှသည်။

"ချီပင့် ရလှာ၊ ဤအခါကား၊
ဟေမာ ချမ်းဆောင်း၊ ကြွလှဲ့ ပြောင်းသား၊
တပေါင်းနွေလှ၊ ဂိမှာနဟု၊
သာလှပျော်မှု၊ သည်ရတု၌၊
ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊
ရွဲရွဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊
ပွင့်ရောင်တိချည်း၊ မြင်ပေါမည်း၏၊
ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊
ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်၊
သွားခါကာလ-
တန်ပြီတည်း"
(ရှင်အုန်းညို ဂါထာခြောက်ဆယ်ပျို့)

ကမ္ဘာမြေ၏ သာယာဖွယ်ဖြင့် ဆွဲဆောင်သောအခါ ဘုရားရှင်သည် ကောက်ကောက်ပါခဲ့သည်။ အမတ်ကိုးယောက် ပင့်လျှောက်မှု့ကို လျှစ်လျှူရှု့ခဲ့သော ဘုရားသခင်သည် ကမ္ဘာမြေ၏ ပန်းတစ်ပွင့်ကြောင့် ချက်ခြင်းကြွတော်မူခဲ့သည်။

‘‘အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ, ဖလေသိနော ဆဒနံ ဝိပ္ပဟာယ၊
တေ အစ္စိမန္တောဝ ပဘာသယန္တိ, သမယော မဟာဝီရ ဘာဂီ ရသာနံ"
(ထေရဂါထာပါဠိ)

"ကျွန်ုပ် ပင့်လျှောက်လာရသော ဤအခါသည်ကား ဆောင်းအကုန် နွေအကူး တပေါင်းလ ပျော်ဖွယ်ရာ သာယာလှသော သည်ရတုတွင် ရွက်နုများလည်း ပေါ်ထွက်လာကြဆဲ၊ အပွင့်တွေကလည်း မီတောက်မီးလျှံပမာ တတောလုံး ရွဲရွဲတောက်လျက်ချည်း ဖြစ်ပါသည်။ ကောင်းမြတ်သော ခမည်းတော်စံရာ နေပြည်တော်ဟောင်းသို့ အဖူးအမျှော်ခံတော်မူရန် ကြွရောက်တော်မူဖို့ တောင်းပန်ပါသည်။ ကြွရောက်တော်မူချိန် တန်ပါပြီ။" (အရှင်နာဂသိန်)

တစ်နေ့လျှင် ရှစ်မိုင်နှုန်းဖြင့် ကမ္ဘာမြေ၏ သာယာဟန်ကို ရှု့စားတော်မူရင်း ဘုရားရှင်ကြွတော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့မှသည် ကပိလဝတ်ပြည်ထိ မိုင်းပေါင်း ၄၈၀၊ ရက်ပေါင်း ခြောက်ဆယ်တိတိ ဗြဟ္မာဦးခေါင်းထက် မြတ်သော ခြေဖဝါးတော်ကို ကမ္ဘာမြေအား နမ်းရှိုက်စေခဲ့သည်။

နောက်တော်ပါးမှ ခစားလာသော အရှင်ဥဒါယီ မထေရ်သည် ကမ္ဘာမြေ၏ သာယာတင့်မောဟန်ကို တစ်နေ့လျှင် ကဗျာတစ်ပုဒ်ဖြင့် သီကျူးခဲ့သည်။ ဘုရားရှင်က ကမ္ဘာမြေကို ချစ်ခဲ့သည်။ ရှင်ဥဒါယိက ကမ္ဘာမြေကို မြတ်နိုးခဲ့သည်။ ကမ္ဘာမြေ၏ သားသမီးရတနာ သစ်ပင်မျိုးစိတ်ပေါင်း ၁၆၂-မျိုးကို ရှင်ဥဒါယီ မှတ်တမ်းတင်ခဲ့သည်။

ကမ္ဘာမြေကို အရေးတယူ ဥပမာမူ၍ ဟောကြားခဲ့သော သုတ္တန်များစွာရှိသည်။ တရားဟောတော်မူတိုင်း အလျင်းသင့်သလို ကမ္ဘာမြေ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်ပေးခဲ့သည်။ ကြီးမားခြင်း ကျယ်ပြန့်ခြင်း သည်းခံနိုင်ခြင်း အမှုန်များစွာရှိခြင်း ညိုမဲခြင်း ဖွေးဖြူခြင်း။

ဘုရားရှင်သည် ကမ္ဘာမြေ၏ ဂုဏ်ပုဒ်ကိုသာ ဖော်ထုတ်ခဲ့သည် မဟုတ်။ ကမ္ဘာမြေအား ချစ်မြတ်နိုးတတ်စေရန် တပည့်သားရဟန်းများအား သွန်သင်ခဲ့သည်။
“ န ဟရိတေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ သိက္ခာကရဏီယာ။”
“စိမ်းစိုသော မျက်သစ်ပင်ရှိရာ အရပ်၌ အပေါ့ အလေး မသွားရ။ တံတွေး မထွေးရ”
“ န ဥဒကေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ သိက္ခာကရဏီယာ။”
“သန့်ရှင်းသော ရေ၌ အပေါ့ အလေး မသွားရ။ တံတွေး မထွေးရ။”
ကမ္ဘာမြေ အလှပျက်မည် စိုး၍ အသေးအဖွဲကအစ စည်းကမ်း သတ်မှတ် ပညတ်တော် မူခဲ့သည်။

သစ်ပင် ပန်းမာလ်နှင့် ပတ်သက်၍လည်း ဘုရားရှင် သတိပေးခဲ့သော ပညတ်ချက်များစွာ ရှိသေးသည်။ အလဟတ်သတ် မျက်တစ်ပင်သော်မှ နှုတ်ပယ် မပစ်ကောင်း။ သူ့သဘာဝ သူ့အလှလေးနဲ့သူ ရှိစေချင်ခဲ့သည်။ ကမ္ဘာမြေ၏ နွေးထွေးမှုနှင့် သစ်ပင်တောတောင်၏ အေးချမ်းမှုကို ခံစားတတ်စေရန် တပည်းသားရဟန်းတိုင်းကို သစ်ပင်အောက်မှာသာ နေစေချင်ခဲ့သည်။

မြက်လေးတစ်ပင် သစ်ပင်လေး တစ်ခက်သော်မှ လူသားတို့၏ ကျေးဇူးရှင်ဟူ၍ ဘုရားရှင်သတ်မှတ်တော် မူခဲ့သည်။ သစ်ပင်သစ်ရွက်ကိုသော်မှ ကျေးဇူးရှင်စာရင်းမှာ ဘုရားသွင်းပေးခဲ့သေးလျှင် သစ်ပင်တို့၏ ဖခင် ကမ္ဘာမြေသည် မြင့်မိုရ်တောင်ဦး မကကျူးသားဟုသာ ဆိုရချိမ့်မည်။

“ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ၊
န တဿ ပတ္တံ ဟိံသေယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော”
“အကြင် သစ်ပင်၏ အရိပ်ကို ခိုဖူး၏။ သူ့အရိပ်မှာ မှေးမှိတ် နားခိုဖူး၏။
ထိုသစ်ပင်၏ အရွက်ကိုသော်မှ မချိုး မဆိတ်ရာ။ ချိုးဆိတ်ခဲ့သော် မိတ်ဆွေယုတ်သည်မည်၍ မိုက်မဲရာကျ၏”

ကမ္ဘာမြေ၏ သားသမီးရတနာ သစ်ပင်များစွာကို နားခိုးသည်။ အေးရိပ်ဆာယာ တောသာယာမှာ မှေးမှတ်ဖူးသည်။ သို့သော် ကမ္ဘာမြေကိုတော့ အားနာရကောင်းမှန်း မသိခဲ့။ ဖျက်စီးသည်။ မစောင့်ရှောက်ဘဲ စော်ကားမော်ကား ပြုခဲ့သည်။ ထိုအပြစ်များစွာ၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရပြီ။ နေဆယ်စင်း လမင်းတစ်ရာ မထွက်ပေါ်သေးသော်လည်း ကမ္ဘာမြေကတော့ သူ့အပူကို ရင်နှင့် မချိအောင် ခံစားနေရပြီ။

အို ချစ်သော ကမ္ဘာမြေ အေးပါစေ။
အေးပါစေ အို ချစ်သော ကမ္ဘာမြေ။

Ashin Vilasaggalankara

ကမ္ဘာမြေကို လွမ်းသလေ
*****************

ခြေရာကပျောက် ရေကနောက်
ပျောက်လို့လိုက်ရှာ
ဘလက်ဟိုးထဲ မှာ့့

ကြယ်တွေကိုပွေ့ဖက်
နဂါးငွေ့ယာဉ်ကြီးစီး
ကမ္ဘာကြီးဝေးရာ
ပြေးထွက့့့့်

မြောက်ကျွန်းကလူတွေ
ဂြိုဟ်သားအသစ်ကို
ဟားတိုက်ရီမော
တသောသော နဲ့့့

ငါ လေ ငါလေ
အခြားကလူပါလေ
သို့ပေမယ့်လေ
ကမ္ဘာ မြေကို လွမ်းသလေ့့့

( ကမ္ဘာ မြေနေ့ အမှတ်တရ )

#kazaw
မှ တ် စု ကြ မ်း မှ မျှဝေပါသည်။

No comments:

Post a Comment