ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 17, 2017

အမြင်အာရုံကြည်လင်ပြီး ရွှန်းလဲ့တဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်စေမယ့် နည်းလမ်း


ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ အရာတွေထဲမှာ မျက်လုံးလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အနုနယ်ဆုံး အစိတ်အပိုင်းဟာလည်း မျက်လုံးပါပဲ။ တဖက်လူရဲ့ အာရုံစိုက်မှုကို ရရှိစေနိုင်မယ့် အဓိကကျတဲ့ ပထမဆုံးအရာကလည်း မျက်လုံးရဲ့ အကြည့်ဖြစ်တာကြောင့် အမြင်အာရုံကြည်လင်ပြတ်သားနေဖို့လိုသလို ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းတစ်စုံ လိုအပ်ပါတယ်။ ဒီလို မျက်ဝန်းတစ်စုံပိုင်ဆိုင်စေဖို့ အကူအညီပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ လိုက်လုပ်ကြည့်ပေးနော်..


အမြင်အာရုံကြည်လင်စေဖို့ မျက်လုံးကို လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးလို့ ရပါတယ်။ ပထမဆုံး မျက်လုံးကို ပြူးကြည့်ခြင်း၊ မျက်လုံးအိမ်ကို ကျယ်နိုင်သမျှ ကျယ်အောင်ပြုလုပ်ပြီး ကြည့်ခြင်း၊ မျက်စိအတင်းမှတ်တဲ့ပုံစံ ပြုလုပ်ခြင်းနဲ့ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြုလုပ်ပေးပါ။ ဒါဟာ မျက်စိကို သဘာဝအတိုင်း ကြည်လင်စေပြီး အမြင်အာရုံကောင်းစေမယ့် နည်းလမ်းပါပဲ။

မျက်လုံးမှာ အစိုဓါတ် လျော့နည်းပြီး ခြောက်သွေ့ဓါတ်များလာတာဟာ မျက်လုံးရဲ့ အရောင်တောက်ပမှုကို အနှောင့်အယှက်ပေးပါတယ်။ မျက်လုံးရဲ့ အစိုဓါတ်ကို ထိန်းထားနိုင်လေ အရောင်တောက်ပလေဖြစ်တာမို့ TV အကြည့်များခြင်း၊ ကွန်ပျူတာအသုံးများခြင်းတို့ကို ရှောင်ရှားပေးပါ။ သခွားသီးကို အပြားအချပ်လေးလှီးကာ ရေဆေးပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ရေများများ သောက်ခြင်းနဲ့ အရည်ရွှမ်းတဲ့ အသီးအရွက်တွေ စားပေးမယ်ဆိုရင်လည်း မျက်လုံးကို ကောင်းမွန်စေပြီးသား ဖြစ်မှာပါ။

Owhzboy1q6gqp8wneai7
ဒီနည်းလမ်းလေး ပြုလုပ်မယ်ဆိုရင် အထူးသတိပြုရမှာကတော့ လက်ရဲ့သန့်ရှင်းမှုပါပဲ။ မျက်လုံးဟာ နုနယ်တာကြောင့် မျက်လုံးကို ထိမယ့်လက် မသန့်ရှင်းရင် မျက်စိနာတာနဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ၀င်ရောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ မျက်လုံးရဲ့ တ၀ိုက်ကို ဖြည်းဖြည်းလေး လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ မျက်ခုံးရိုးလေးကိုလည်း နှိပ်ပေးပါ။ တစ်နေ့ကို တစ်ကြိမ်နှိပ်ပေးမယ်ဆိုရင် အရောင်တောက်ပလာမှာ ဖြစ်သလို အမြင်အာရုံလည်း ကောင်းမွန်လာမှာပါ။

Ref: Top 10 Home Remedies

ဖြိုးပြည့်သူ(မိုမိုလေး) 

No comments:

Post a Comment